လူးရတနာသိုက် ရုပ်ရှင်ရိုက်ကူးရေးတွင် ဒဏ်ရာရခဲ့ဟု ကောင်းပြည့်ဆို


ရန်ကုန်၊ ဇူလိုင် ၁၄

ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) သရုပ်ဆောင် အင်အားများများနဲ့ ရိုက်ကူးတဲ့ လူးရတနာသိုက် ရုပ်ရှင်ဇာတ်ကားမှာ ဆင်ထိန်းအဖြစ် သရုပ်ဆောင်ရင်း ခြေထောက်မှာ ဒဏ်ရာရခဲ့တယ်လို့ ကောင်းပြည့်က The Vocie ကိုပြောပါတယ်။

“ဒီဇာတ်ကားမှာ ဆင်ထိန်းအဖြစ် သရုပ်ဆောင်ရမယ်ဆိုပေမယ့် ကျွန်တော်က ဆင်မစီးတတ်ဘူး။ ရိုက်ကွင်းကို ရောက်တော့မှ အစိမ်းသက်သက်နဲ့ တက်စီးခဲ့ရတာ။ ကလေးတစ်ဖက်နဲ့ ဆင်စီးရတာဆိုတော့ ခြေထောက်ကို ထိခိုက်မိသွားပြီး ဒဏ်ရာရခဲ့တာ အခုထိ မပျောက်သေးဘူး။ တောထဲ၊ တောင်ထဲ၊ ချောင်းတွေထဲမှာ ဆင်းပြီး ရိုက်ခဲ့ရတာဆိုတော့ အရမ်းလည်း ပင်ပန်းခဲ့တယ်။ ဒါပေမဲ့ ပရိသတ်တွေအတွက်ကတော့ ကြည့်ရကျိုးနပ်မယ့်ကားတစ်ကား ဖြစ်မှာပါ” လို့ လူးရတနာသိုက်ရုပ်ရှင် ရိုက်ကူးရင်း ဒဏ်ရာရရှိခဲ့တဲ့အကြောင်း ကောင်းပြည့်က ပြောပြပါတယ်။

ကောင်းပြည့်က စိန်ဌေးဗီဒီယို ထုတ်လုပ်ရေးနဲ့ စာချုပ်ချုပ်ဆိုပြီး ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးနေသလို မဟာထွန်း ဗီဒီယိုထုတ်လုပ်ရေးအတွက်လည်း ဒီနှစ်ထဲမှာ ဒါရိုက်တာကြည်ဖြူသျှင်နဲ့ ဗီဒီယိုဇာတ်ကား လေးကားရိုက်ကူးသွားဖို့ ရှိတယ်လို့ ကောင်းပြည့်က ဆိုပါတယ်။

လတ်တလော အနုပညာလှုပ်ရှားမှု အနေနဲ့ကတော့ ဒါရိုက်တာယွန်းရိုက်ကူးတဲ့ မှော်နတ်သမီးဇာတ်ကားမှာ ခွန်းဆင့်နေခြည်၊ ဝါဆိုမိုးဦးတို့နဲ့ သရုပ်ဆောင်ထားပြီး ပြက္ခဒိန်တွေ၊ သီချင်းဗီစီဒီတွေ ရိုက်ဖြစ်နေပါတယ်လို့ သူကပြောပါတယ်။

The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ