ပရိသတ်ပေးတဲ့ ဆုတွေနဲ့ ဝိုင်းစုခိုင်သိန်း


ဝိုင်းစုခိုင်သိန်းက City FM က ပေးတဲ့ ‘မက်လောက် စရာ’တေးစီးရီး၊ ‘မျက်လှည့်’တေးစီးရီးများဖြင့် ရောင်းအား အကောင်းဆုံး တေးစီးရီးဆု၊ ပရိသတ်အတောင်းဆိုဆုံး အမျိုး သမီး တေးသံရှင်ဆု၊ ပတ္တမြား FM က ပေးတဲ့ Artist of the Year ဆုနဲ့ ရွှေFMကပေးတဲ့ R ဇာနည်နဲ့တွဲဖက် သီဆိုထားတဲ့ ‘လိုက်ဖက်တဲ့ ဘဝ’တေး သီချင်းဖြင့် လည်း ပရိ သတ် အတောင်း ဆို ဆုံးဆု များကို ရရှိပိုင် ဆိုင်ခဲ့ပါတယ်။

ပရိသတ်တွေပေးတဲ့ဆုတွေကို ရရှိခဲ့တဲ့အပေါ် ဝိုင်းစုခိုင်သိန်း က “ဒါကတော့ ပရိသတ်တွေပေးလို့ရတဲ့ဆုတွေပါ။ ပရိသတ်တွေ မရွေးဘူးဆိုရင် ဘယ်လိုမှ မရနိုင်ဘူးလေ။ အဲဒီအတွက် ပရိသတ်တွေကို တအားကျေးဇူး တင်ပါတယ်။ ကိုယ်ထွက်လာ ပြီးသား သီချင်းကို သူတို့ ပြန်ပြီး ရွေးချယ် တဲ့ အပေါ် မှာ မူတည် ပြီး ရတာ ပါ။ ဘယ် ဟာပဲ ဖြစ် ဖြစ် ပရိသတ်အားပေးမှပဲရမှာပါ။ ပရိသတ်အားမပေးရင် ဒီဆုတွေ ဘယ်လိုမှ မရနိုင်ပါဘူး။ ရောင်း အားအကောင်းဆုံးဆုကလည်း ပရိသတ်တွေဒီအခွေကို ဝယ်လို့ ရတာပါ။ အားလုံးက ပရိ သတ်တွေကြောင့်ရတာပါပဲ” လို့ ပြောပါတယ်။

အခုလိုမျိုး ပရိသတ်တွေတောင်းဆိုကြ တဲ့ကဏ္ဍမျိုးတွေရှိတဲ့အတွက် ပရိသတ်တွေ ဘယ်သီချင်းကိုကြိုက်ပြီး ဘယ်လိုပုံစံမျိုးကို အားပေးတယ်ဆို တာကိုသိနိုင် တယ်လို့ ဝိုင်းစုခိုင်သိန်းက ပြောပါတယ်။ ဝိုင်းစုခိုင်သိန်းက ဇူ လိုင်လ ၂၂ ရက်နေ့မှာ အမေရိကကို ဖျော် ဖြေရေးသွားရောက်မှာဖြစ်ပြီး ၁လခွဲကြာ မှာဖြစ်ပါတယ်။ အမေရိက က ပြန်လာရင်တော့ တတိယစီးရီးဖြစ်တဲ့ ‘အာဘွား’ အခွေထွက်ရှိမှာဖြစ်ပြီး အမျိုး သားတေးသံရှင် ၁၄ဦးနဲ့ စုံတွဲတေး စီးရီး အခွေကို ဖေဖော်ဝါရီ ၁၄ရက်နေ့မှာ ထွက် ရှိသွားမှာဖြစ်တယ်လို့လည်း ဝိုင်းစုခိုင်သိန်း က ပြောပါတယ်။

ခိုင်ဝေလွင်
Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ