မန်ယူအသင်း၏ မှတ်ချက်ကြောင့် တိုက်စစ်မှူးရွန်နီ ဒေါသထွက်နေပြီး အပြောင်းအရွှေ့သတင်း ပိုမိုလှုပ်ခတ်လာ


အသင်းတွင် အနာဂတ်မရေမရာဖြစ်နေသော မန်ယူအသင်းတိုက်စစ်မှူး ရွန်နီသည် ပြီးခဲ့သည့်အပတ်က အသင်းနည်းပြသစ် ဒေးဗစ်မိုယက်စ်နှင့် အမှုဆောင်အရာရှိချုပ် အက်ဒ်ဝု၀ါ့ဒ်တို့၏ မှတ်ချက်စကားများ ကြောင့် ဒေါသထွက်နေပြီး အသင်းမှထွက်ခွာရန် အပြောင်းအရွှေ့သတင်းများ ပိုမိုလှုပ်ခတ်လာခဲ့ ကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။

အာရှဒေသသို့ ရာသီကြိုခြေစမ်းပွဲခရီးစဉ် ရောက်ရှိနေစဉ်အတွင်း၌ နည်းပြမိုယက်စ်က အသင်းတိုက် စစ်မှူး ရွန်နီအား လုံးဝရောင်းချမည်မဟုတ်ကြောင်း ပြောဆိုခဲ့ပြီး ရွန်နီမှာအသင်း၏ အဓိကတိုက်စစ်မှူး ဗန်ပါစီမကစားနိုင်ပါက အသင့်အစားထိုးရန် မရှိမဖြစ်လိုအပ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကာ ရွန်နီအား ဒုတိယဦးစားပေးအဖြစ်သာ သတ်မှတ်ထားကြောင်း ၀န်ခံခဲ့သည်။ ထို့အပြင် အသင်း၏ အမှုဆောင် အရာရှိချုပ် အက်ဒ်ဝု၀ါ့ဒ်ကလည်း ရွန်နီအားအသင်း၌ ဆက်လက်ရှိနေစေရန် အလိုရှိသော်လည်း စာချုပ် သစ် ချုပ်ဆိုရန် ဆွေးနွေးမှုများပြုလုပ်မည်မဟုတ်ကြောင်းနှင့် စာချုပ်သစ် ချုပ်ဆိုရန် မည်သည့် ကစား သမားကိုမှ ကြိုးပမ်းမည်မဟုတ်ကြောင်း ပြောဆိုခဲ့မှုများကို ရွန်နီက ဒေါသထွက်နေခြင်းဖြစ်သည်။

မန်ယူအသင်းတွင် ကိုးနှစ်တိုင်ကြာခဲ့ပြီ ဖြစ်သော အသက် ၂၇ နှစ်အရွယ်ရှိရွန်နီမှာ လက်ရှိစာချုပ် သက်တမ်း နှစ်နှစ်သာ ကျန်ရှိတော့ပြီး ပြီးခဲ့သည့်ရာသီကတည်းက အသင်းမှထွက်ခွာရန် နည်းပြဟောင်း ဖာဂူဆန်ထံတောင်းဆိုခဲ့ဖူးသည်။ နည်းပြသစ်ဖြစ်လာသော မိုယက်စ်အနေဖြင့် ရွန်နီအားရောင်းချမည် မဟုတ်ဟု ဆိုခဲ့သော်လည်း ၎င်းပြောဆိုခဲ့သည့် ယခုကဲ့သို့မှတ်ချက်မျိုးမှာ အသင်း၏ ၀ါရင့်တိုက်စစ်မှူး တစ်ဦးအတွက် ဒေါသထွက်စရာပင်ဖြစ်သည်။

အောင်သုတ - Mizzima - News in Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ