နန်းဆုရတီစိုး ရဲ့ ၉ဂဏန်းအမှတ်တရ


နန်းဆုရတီစိုးက 'ထင်ယောင်ထင်မှား' နဲ့ 'လူမိုက်ထက် မိုက်တဲ့လူ' ဇာတ်ကားတွေကို နေမျိုးအောင်နဲ့ ပုပ္ပားမှာသွားရောက် ရိုက်ကူးခဲ့ ပါတယ်။နန်းဆုရတီစိုးကို ပရိသတ်တွေ့ဖူးနေကျဖန်စီ၊အနုအလှ ဇာတ် လမ်းမျိုးမဟုတ်ဘဲ ပရိသတ်တွေ့နေကျပုံစံမဟုတ်တဲ့ ခပ်ကြမ်းကြမ်း ဇာတ်လမ်းတွေဖြစ်ကြောင်း ပြောပါတယ်။ ရှုတင်အားတဲ့တစ်ရက်မှာ ပုဂံကိုသွားလည်ခဲ့ ပြီး ဘုရား ၉ဆူ သွားဖူးခဲ့ကြောင်း ပြောပါတယ်။

၁၈ရက်နေ့ ၉လပိုင်းမွေးတာကြောင့် ၉ဂဏန်းသမားဖြစ်တဲ့ နန်းဆု ရတီစိုးက ဘာလုပ်လုပ် ၉ ဂဏန်းပြည့်အောင် လုပ်လေ့ရှိကြောင်းကို "နန်းဆုက ၉ဂဏန်းပြည့်အောင် လုပ်လေ့ရှိတယ်။ အဲဒီနေ့ကိုလည်း ဘုရားတွေက အများကြီးပဲ တစ်ရက်တည်းနဲ့ အကုန်ဖူးလို့ မလွယ်ဘူး။ ဂဏန်းတစ်ခုတော့ ရွေးချယ်ရမှာလေ။ အဲဒီတော့ ၉ဂဏန်းလေး ကို ရွေးချယ်ပြီး ၉ဆူ ပြည့်အောင်ဖူးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တစ်ရက် တည်းကို ၉ဆူရအောင် ဖူးခဲ့တယ်။ နံပါတ်တစ်ခုကို ရွေးဆိုရင် ၉ကိုပဲ အရင်ဆုံးရွေးတယ်။ ဘယ်အလုပ်လုပ်လုပ် ၉ဂဏန်း နဲ့ ပတ်သက်တယ်။

အခုစီးတဲ့ ကားနံပါတ် ဆိုရင်ပေါင်းလိုက်ရင် ၉ပဲ။ ဖုန်းနံပါတ် လည်း ပေါင်းလိုက်ရင် ၉ဖြစ်တယ်။ ဂဏန်းလေးတွေကို လည်း ပေါင်း လိုက်ရင် ၉ဖြစ်တဲ့ဟာကို အမှတ်တရအဖြစ် သိမ်းသိမ်းထားတတ်တယ်" လို့ ပြောပါတယ်။ ပုပ္ပားမှာဇာတ်ကားရိုက်နေတဲ့အတွက် မြန်မာအမျိုးသမီး များနေ့က ရှိုးပွဲကိုမလျှောက်ဖြစ်ခဲ့ပါဘူး။ အခွင့်အရေးနှစ်ခု တိုက်ဆိုင်သွားရင် တစ်ခုကတော့ အမြဲတမ်းဆုံးရှုံးရမှာဖြစ်ပြီး ဒီလိုကိစ္စမျိုးတွေလည်း ကြိမ်ဖန် များစွာ ကြုံတွေ့နေရကြောင်းကိုလည်း နန်းဆုရတီစိုးက "တအား တိုက်ဆိုင်သွား တဲ့အခါမျိုး၊ အခွင့်အရေးနှစ်ခုတိုက်ဆိုင်သွားပြီဆိုရင် တစ်ခုကတော့ အမြဲဆုံးရှုံး မှာပဲ။ ဒီလိုကိစ္စမျိုးတွေလည်း အကြိမ်ကြိမ်ဖြစ်ခဲ့ဖူးတယ်။ တအား ပင်ပန်းတယ်။ management လုပ်ရတာထင်သလောက် မလွယ် ဘူး။ တစ်ခါတလေ ရွေးချယ်မှု မှန်တာရှိတယ်။ တစ်ခါတလေ ကျရင်ရွေးချယ်မှု မှားသွားတာရှိတယ်။ လောကကြီးမှာ အချိန်တိုင်း ရွေးချယ်နေရတယ်။ နှစ် ခုထဲက တစ်ခုကအမြဲရွေးနေရတယ်။ နန်းဆုရဲ့ ဘဝရွေးချယ်မှု အမြဲရှိနေတယ်။ ရွေးချယ်တာရယ်၊ ဆုံးဖြတ် ချက်ချတာ ရယ်က နန်းဆုဘဝမှာ အမြဲတမ်းလိုလို ဖြစ်နေတယ်။ အရင်လာကမ်းလှမ်းလို့ မ ဖြစ်မနေလုပ်ခဲ့ရတာမျိုးလည်းရှိတယ်။

နောက်တစ်ခုကို လုပ်ချင်ပေမယ့်လည်း ကိုယ့် ရဲ့athic အရမလုပ် ရတာတွေလည်း ကြုံခဲ့ဖူး တယ်။ နှစ်ခုစလုံးတော့ လက်မခံရသေးဘူး။ တစ် ပြိုင်တည်း လာခေါ်တဲ့အချိန်မှာ တစ်ချိန်တည်း တိုက်နေတဲ့အတွက်ကြောင့် တစ်ခုကိုပဲ ရွေးချယ်ရ တော့ မယ် အဲဒီလိုစိန်ခေါ်မှုတွေလည်း အများကြီးကြုံ ခဲ့ရတယ်။ နန်းဆုရတီ စိုးဘဝတစ်ခုလုံးက ရွေးချယ်မှု နဲ့ဆုံး ဖြတ်ချက်ချတာ နဲ့ပဲ ပြည့်နှက်နေ တာပါ။ ရွေးချယ်လိုက်ရင် တချို့ဟာတွေ က ရွေးချယ်မှုမှား သွားတာတွေလည်း ရှိတယ်။ တချို့ဟာတွေက မှန်သွား တာရှိတယ်။ မှားသွာတာတွေကို သင်ခန်းစာယူပြီး နောက် ပိုင်း ရွေးချယ်တဲ့အခါ ပိုပြီးအဆင်ပြေလာတယ်။ ဘဝက သင်သွားတာပေါ့" လို့ ပြောပါတယ်။

ခိုင်ဝေလွင် - Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ