အခက်အခဲတွေကို သည်းခံပြီး အနုပညာကို ဆက်လုပ်သွားမယ့် သင်ဇာဝင့်ကျော်


သင်ဇာဝင့်ကျော်က 'မော်ဒယ် ဂဲသရဲ' ဆိုတဲ့ဇာတ်ကားကို ဒါရိုက် တာဇော်မျိုးနဲ့ ရိုက်ကူးနေပါတယ်။ သရဲဇာတ်လမ်းဖြစ်ပြီး သရုပ်ဆောင် မင်းသားသစ်နဲ့ ရိုက်ကူးနေတာလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားနဲ့ပတ်သက် ပြီး သင်ဇာဝင့်ကျော်က..

"ဇာတ်လမ်းလေးလည်းဆန်း တယ်။ ကိုဇော်မျိုးရိုက်တာဆိုတော့ လည်း ရိုက်ဖြစ်သွားတာ။ သင်ဇာက သရဲဖြစ်သွားတယ်။ သရဲဆိုတော့ အသားကပ် အသားရောင်ကို တစ် ကားလုံးနီးပါး ဝတ်ရမယ်ထင် တယ်။ ကြောက်စရာ ပုံစံကြီးမျိုးတော့ မဟုတ်ဘူး။ ဒါရိုက်တာကိုယုံကြည်ပြီး ရိုက်လိုက်တာ။ ဒီအတွက် ဆုံးဖြတ် ချက်မှန်ပါစေလို့ပဲ ဆုတောင်းပါ တယ်။ ဇာတ်ကဆန်းပြီး မင်းသား သစ်ကလည်း ဖြစ်နိုင်တယ်လို့ပြော ကြတဲ့အတွက် ယုံကြည်တာပါ။ အသစ်တွေကို ကိုယ်သင်ပေးတာ ထက် ဘေးကနေ အချိန်ပေးတာပဲ ဖြစ်ဖြစ်၊ စိတ်ရှည်ပေးရင်ဖြစ်ဖြစ် သူတို့ကို တွဲခေါ်ရာရောက် တယ်။ ဒါက လုပ်ဖော်ကိုင်ဖက်အချင်းချင်း အလုပ်ပဲလေ" လို့ပြောပြပါတယ်။ အနု ပညာအလုပ်ကိုဝါသနာပါတဲ့ အတွက် စိတ်ပင်ပန်းမှုတွေရှိပေမယ့် လည်း ဖြေ ဖျောက်ပြီး ကြိုးစားသွား မှာဖြစ်သလို အနုပညာမျိုး ဆက်သစ်တွေကိုလည်း သင်ဇာဝင့်ကျော်က..

"သင်ဇာ ဒီလောကထဲကို စဝင် ခါစကလည်းရှိန်ခြင်း၊ကြောက်ခြင်း၊ စိတ်အားငယ်ခြင်းမရှိ ဘူး။ ကိုယ့်အဖေ၊အမေတွေက ငွေအားရော၊ အချိန်အားဖြင့် ရော၊လူအင်အားနဲ့ရော လိုက်ပံ့ပိုးပေးတာဆိုတော့ ဒီလောက ကိုစဝင်လာကတည်းကတအားလွယ်ကူခဲ့တယ်လို့ ပြောလို့ ရတယ်။ဒီေ လာကထဲကို ဝင်လာတဲ့ အသစ်တွေအနေနဲ့ကိုယ့်ဘာသာ ကိုယ်လိပ်ပြာ သန့်ဖို့အရေးကြီးတယ်။ ဖြတ်လမ်းနည်းမသုံးဘဲ ရိုးသားဖြူစင်စွာ ဝင်ဖို့လိုအပ်တယ်။ တကယ်အရည် အချင်းရှိတဲ့သူဆိုတာ သူတို့ရဲ့ကံ၊ စန်းတွေကိုဘယ်သူမှတားလို့ မရဘူးလေ။အလုပ်လုပ် နေရင်းနဲ့ တချို့ကျတော့ ကောင်းမွန်စွာ မယှဉ် ပြိုင်ဘဲဖြတ်လမ်း နည်း ကနေ တိုက်ခိုက်တာရှိ တယ်။ ဒီလိုမျိုးတွေ စိတ် အနှောင့်အယှက်တွေ ဖြစ်လာ ပြီဆို ကိုယ့်မိသားစုနဲ့ဖြစ်ဖြစ်၊ သူ ငယ်ချင်းတွေနဲ့ဖြစ်ဖြစ် အပြင်သွား၊ အိမ်မှာစာဖတ်၊သီချင်း နားထောင်တယ်။ ဒီလောက်ဆိုရင်ပဲရပါတယ်။သင်ဇာ ကရှေ့ ဆက်ပြီးလည်း အခက်အခဲတွေကို သည်းခံ သွားပြီးဝါသနာပါ တဲ့ဒီအလုပ်ကို ဆက်လုပ် သွားမှာပါ။တစ်ခါတလေ စိတ်မွန်းကျပ်တာ တွေ ရှိပေမယ့်လည်း အကောင်းဆုံးကြိုးစား သွားမှာပါ" လို့ပြောပြခဲ့ပါတယ်။

မေမွန်မောင် - Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ