မိသားစုစုံညီ ဗိုလ်ချုပ်ပြတိုက်ဆီ


မမေ့နိုင်စရာ ဇူလိုင်၁၉ အာဇာနည်နေ့ သို့ ရောက်တိုင်း မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူပြည်သားများအားလုံး မိသားစုကိုယ်စီဖြင့် ဗိုလ်ချုပ်ကြေးရုပ်ရှေ့ သို့ သွားရောက်ကာ ဂါရ၀ပြုကြ၍သော်လည်းကောင်း၊ရန်ကုန်မြို့ ရှိ ဗိုလ်ချုပ်ပြတိုက်(ဗိုလ်ချုပ်အောင်ဆန်းနေအိမ်) သို့ သွားရောက်ကြည့်ရှုကာ ဂုဏ်ပြု၍သော်လည်းကောင်း ရှိခဲ့သည်မှာ အထင်ကရပုံရိပ် ဟုဆိုရပေမည်။

ထို့ အတူ သရုပ်ဆောင်အကယ်ဒမီ ထွန်းအိန္ဒြာဗို မိသားစုဧ။်သားဖြစ်သူ အောင်ဗိုကောင်းသန့် အား အာဇာနည်နေ့ ရောက်တိုင်း ဗိုလ်ချုပ်ကြေးရုပ်နှင့်ဗိုလ်ချုပ်ပြတိုက်သို့ သွားရောက်ကြည့်ရှုစေခဲ့ကြသည့် မိခင်ဖခင်တို့ ဧ။် ရင်တွင်းခံစားမှု မည်သို့ မည်ပုံရှိမည် ကို ပေါ်ပြူလာစာဖတ် ပရိသတ်ကြီး သိရှိစေရန် သွားရောက်တွေ့ ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။ဗိုလ်ချုပ်ပြတိုက်က အပြန်မှာတော့ ထွန်းအိန္ဒြာဗိုကဇူလိုင် ၁၉ အာဇာနည်နေ့ပတ်သက်ပြီး အခုလိုပြောပြပါ တယ်။ “သားသားကို ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေါင်းဆောင် ကြီးများအကြောင်းသိအောင် အကြမ်းဖျင်း လေးတော့ပြောပြဖြစ်ပါတယ်။

ညညဆို ပုံပြင် ပြောရင်းနဲ့ ဗိုလ်ချုပ်ဇာတ် လမ်း အကြောင်း ပြောတာရှိတယ်။တခြားပုံပြင် ပြောတာတွေရှိ သလို၊ ဗိုလ်ချုပ်အကျိုးအကြောင်းပြောပြ တာလေးတွေရှိပါတယ်။ သိပ်အသေးစိတ် တော့နားလည်နိုင်စွမ်း မရှိသေးဘူးပေါ့လေ။ ဒါပေမဲ့ ကျွန်မတို့ မြန်မာနိုင်ငံရဲ့ကျေးဇူးရှင် ကြီးအဖြစ်တော့ သူသိသွားပြီ။ ကျွန်မတို့ငယ်ငယ်ကတော့ ဗိုလ်ချုပ် အကြောင်းကို စာထဲမှာ သင်ရ တယ်။ နောက် ပိုင်းတော့ ဗိုလ်ချုပ်အကြောင်းတွေ လုံးဝ ပျောက်ကွယ်သွားတယ်။ စာထဲမှာ သင်တဲ့ အချိန်ကနေ တကယ်နားလည်နိုင်စွမ်းရှိတဲ့ အရွယ်ရောက် လာတော့ ဗိုလ်ချုပ်အကြောင်း တွေက ပျောက်ကွယ်ခံနေရပြီ။ သားတို့ကို အဲဒီလိုမဖြစ်ရလေအောင် ငယ်ငယ်ကတည်း ကပြောပြတယ်။ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ ပြတိုက်ကို လာပြ တယ်။ ဗိုလ်ချုပ်ရဲ့အတု ယူ ဖွယ်လေးတွေကို အကျယ်ချဲ့ပြီး ဝေဝေဆာ ဆာပြောပြတယ်။ကိုယ့်တိုင်းပြည်ကိုယ်ပြန်ပိုင်ဆိုင်ဖို့အတွက် ဗိုလ်ချုပ်နဲ့တကွ အာဇာ နည်ခေါင်းဆောင်ကြီး တွေ အသက်ပေးသွားကြရတယ်ဆိုတာကို တော့ တိုင်းသူပြည်သားတိုင်းသိသင့်တာ ပေါ့။

အဲဒါကို ပြန်ပြီးဖော်ထုတ်သင့်ပါတယ်။ အခု လည်း စပြီးပြန်လုပ်နေကြပါပြီ။အာဇာနည်နေ့က တအားဝမ်းနည်းစ ရာကောင်းတဲ့နေ့ဖြစ်သလို၊ မမေ့အပ်တဲ့နေ့ လည်းဖြစ်တယ်။ တိုင်းပြည်အတွက် အသက် စွန့်သွား ကြ တဲ့ ခေါင်းဆောင်ကြီးများကို အား ကျဖွယ်ရာလူငယ်များလည်း ပေါ်ထွန်းလာဖို့ကောင်းတဲ့နေ့ အဖြစ်နဲ့ သားလေးကိုအဲဒီအကျိုး အကြောင်းတွေကို နားလည်အောင်၊ သား လေးတိုင်းပြည်ကို ချစ်တတ်အောင်၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာကို တန်ဖိုးထားတတ်အောင်အစပျိုး ပြောပြဖို့ကောင်းတဲ့ နေ့လေး ပေါ့။ သူတို့စိတ်ထဲမှာ အစပျိုး သင်ကြားပေးဖို့အတွက် ဒီလိုနေ့ လေးက ရှိသင့်တယ်။ ရှိလည်းရှိရမယ်။ အာဇာနည် ခေါင်း ဆောင်ကြီးတွေက အသက်ပေးသွား တဲ့နေ့ဆိုတော့ သတ် သတ်မှတ်မှတ် နဲ့လည်းရှိရတယ်။

သူတို့နဲ့ ပတ်သက်တဲ့ အကျိုး အကြောင်းတွေ အားလုံးကိုလည်းကလေးတိုင်း သေချာနား လည်အောင်ပြောပြသင့်တယ်။ကျွန်မ တို့ငယ်ငယ်တုန်းက ကျတော့ဗိုလ်ချုပ်တို့ကျ ဆုံးတဲ့ အချိန်မှာ ဥသြဆွဲလို့ရှိရင် ရောက်ရာအရပ်ကရပ်ပြီး အလေးပြုရတယ်။ ကားတွေ လည်းရပ်ရတယ်။ လူတွေ လည်း ရပ်ရတယ်။ လုပ် လက်စ အလုပ်ပါရပ်ပြီးတော့ အလေးပြုကြရတယ်။ ရေဒီယို ကနေတစ်ပြည်လုံးကို လွှင့်ပေးတယ်။အဲဒါမျိုးကဖြစ်သင့်တယ်။ အခုအချိန် မှာ ပျောက် ကွယ်သွားတာ ဝမ်းနည်းစရာကောင်းတယ်။ ပျောက်ကွယ်နေတာကိုပြန်လည်ဖော်ထုတ်သင့်ပါတယ်။ အရင်တုန်းက ထက်ကြီးကျယ်ခမ်းနားတဲ့ အာဇာနည်နေ့ ရဲ့ နှစ် ပတ်လည်နေ့ အဖြစ် ကျင်းပသင့်တယ်။ ကျွန်မတို့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ အသွေးအသားထဲမှာကိုက မျိုးချစ်စိတ်ဓာတ်နိုးကြွလာအောင် ကြီးကျယ်ခမ်းနား တဲ့ အပြင် အဆင် များ၊ ကြီးကျယ်ခမ်းနားတဲ့တင်ဆက်မှုများနဲ့ပြန်ပြီး ဖော် ထုတ်သင့်ပါတယ်”

ခိုင်ဝေလွင် - Popular Journal

ဓာတ်ပုံ-အောင်ဇော်မင်း

( ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် အနုပညာရှင်များ၏ အာဇာနည်နေ့ အမှတ်တရများကို အာဇာနည်နေ့အထိမ်းအမှတ်ဖြစ် ပရိသတ်များအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါသည် ။ )


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ