အချိုကြိုက်သူ တို့အတွက် ကျန်းမာရေးနှင့်အညီ အစားထိုး စားသင့်သည်များ


အချိုကြိုက်သူ တို့အတွက် ကျန်းမာရေးနှင့်အညီ အစားထိုး စားသင့်သည်များလူအများစုဟာ ချောကလက်ချောင်း၊ ကွက်ကီး၊ ရေခဲ့မုန့်နဲ့ သကြားများတဲ့ အချိုရည် စတာတွေကို တစ်ချိန်မဟုတ် တစ်ချိန်မှာ စားချင်စိတ် ပြင်းပြတတ်ကြပါတယ်။ အဲဒီအချိန်မှာ လျှာက ရသာခံ အဖုတွေ စိတ်ကျေနပ်ပြီးရော သဘောမျိုးနဲ့ တွေ့ကရာ အစားအသောက်တွေအစား ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို စားသင့်ပါတယ်။

သကြားများသော အချိုရည်အစား သစ်သီးအချိုရည် သောက်ပါ

ချိုတဲ့ အရည်စွဲလမ်းမှုကို မဖြတ်နိုင် ဖြစ်နေသလား။ သဘာဝအပင်ထွက် ပစ္စည်းပါတဲ့ အချိုရည်ကို သောက်ပါ။ လိမ္မော်ရည်၊ ဂရိတ်ဖရုဖျော်ရည်နဲ့ ပန်း သီးဖျော်ရည်တွေမှာ ဗီတာမင်အေနဲ့ ဗီ တာမင်စီတို့ ပါဝင်နေပါတယ်။ ချိုမြိန်အေး မြတဲ့ အရသာရရှိစေဖို့ သကြားမထည့်ဘဲ ရေခဲတုံးထည့်သောက်ပါ။

Hint- အဆင်သင့် သစ်သီးဖျော်ရည် တွေမှာ သကြား သိသာတဲ့ ပမာဏ ပါ ဝင်နေတတ်ပါတယ်။ ဒါကြောင့် သဘာဝ သစ်သီးဖျော်ရည်ကို သကြားမထည့်ဘဲ အသင့်အတင့် သောက်သင့်ပါတယ်။

ချိုသော မုန့်များအစား သစ်သီးခြောက်စားပါ

မပျစ်သီးခြောက်နဲ့ ဆီးသီးခြောက် တွေအပြင် ကီဝီသီးခြောက်၊ နာနတ် သီး ခြောက်၊ မက်မွန်သီးခြောက်၊ သရက်သီး ခြောက် စတာတွေကိုလည်း စားပါ။ ဒီ သစ်သီးခြောက်တွေဟာ သကြားလုံးစား ချင်စိတ်ကို လျော့ပါးစေပြီး စွမ်းအင်ပေး နိုင်ပါတယ်။ Hint- ဟင်းရွက် သုပ်ထဲကို သစ်သီး ခြောက်တွေ ထည့်စားပါ။

ဒိန်ချဉ်သောက်ပါ

ရေခဲမုန့် အစား အဆီမပါတဲ့ ဒိန်ချဉ် က အရသာရှိသလို ကျန်းမာရေးနဲ့ ညီညွတ်မှု ရှိပါတယ်။ ဒိန်ချဉ်ကို ပျားရည် အနည်းငယ်၊ စတော်ဘယ်ရီသီး စတာ တွေနဲ့ စားပေးရင် အရသာကောင်းမွန် သလို ကျန်းမာစေပါတယ်။

Hint - အဆီမပါတဲ့ ဒိန်ချဉ်အေးမှာ အဆီနည်း ဒိန်ချဉ်အေးမှာထက် သကြား နဲ့ ကယ်လိုရီ ပိုမို ပါဝင်ပါတယ်။

အဆင်သင့် ရေခဲချောင်းအစား ကိုယ်တိုင်ပြုလုပ်ပြီး စားပါ

ပှုပြင်းတဲ့ နွေကာလတွေမှာ အေးခဲနေတဲ့ ရေခဲချောင်းကို စားလိုက်ရရင် လန်းဆန်း အေးမြသွားစေပါတယ်။ ရေခဲချောင်းကို မိမိဘာသာ ပြုလုပ်ပါ။ အေး ခဲနေတဲ့ သစ်သီးစိတ်နှစ်ခွက်ကို အရည် ဖျော်ပြီး ဒိန်ချဉ်နဲ့ ဆတူရောပါ။ ပြီးရင် ပျားရည် ထမင်းစားဇွန်းတစ်ဇွန်းခန့် ထည့်ပြီး ရေခဲချောင်းပုံစံခွက်ထဲ ထည့် ကာ အေးခဲအောင် ထားပါ။ံ

Hint - ပါဝင်ပစ္စည်းနည်းနည်းနဲ့ ရေခဲ ချောင်းပြုလုပ်လိုရင် ပုံစံခွက်ထဲမှာ သစ် သီးဖျော်ရည်ကို အေးအောင် လုပ်ပြီး စား သင့်ပါတယ်။

ချော်ကလက် မုန့်ချောင်းအစား Granola Bar စားပါ

ကယ်လိုရီပါဝင်မှု မြင့်မားတဲ့ ချော ကလက်မုန့်ချောင်းအစား စွမ်းအင်များ များ ပေးနိုင်တဲ့ သရေစာမုန့်ကို စားလို ရင် Granola Bar ကို ရွေးချယ်ပါ။ ချောကလက်မှာထက် ကယ်လိုရီပါဝင်မှု နည်းကာ အာဟာရတန်ဖိုး ပိုရှိပါတယ်။ ကျန်းမာရေးနဲ့ ညီတဲ့ ပါဝင် ပစ္စည်းတွေ ပါဝင်တဲ့ Granola Bar ကို ရွေးချယ်စားသုံးပါ။

ကြယ်စင်

By Good Health

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ