အသည်းရောဂါပိုး ကူးစက်ခံရသည်ဟုဆိုကာ နိုင်ငံခြားသား ကစားသမား လျော်ကြေးတောင်း


ရန်ကုန်၊ ဇူလိုင် ၁၅

မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲဝင် မကွေးယူနိုက်တက် အသင်း၏ ကစားသမား များ နေထိုင်သော အဆောင်၌ အစားအသောက် သန့်ရှင်းမှု မရှိ၍ အသည်းရောင်ရောဂါ ရသည်ဟုဆိုကာ အသင်းထံမှ လျော်ကြေး နှစ်လ စာ တောင်းဆိုထားကြောင်း ဆာဘီးယား နိုင်ငံသား ကစားသမား အိုင်ဗင် က ပြောကြားသည်။

မကွေးအသင်း၏ ကွင်းလယ် ကစားသမားဖြစ်သူ အရှေ့ဥရောပရှိ ဆာဘီးယားနိုင်ငံသား အိုင်ဗင်သည် အသည်းရောင်ရောဂါ (A) ပိုး ကူးစက် ခံစားနေရ၍ ဘောလုံးကစားခြင်းမှ ငါးလခန့် အနားယူရမည် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

မကွေးအသင်း၏ ကစားသမား နေထိုင်သည့် အဆောင်မှာ တောင်ဥက္ကလာပ မြို့နယ်ရှိ ယခင်မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းရုံး အဆောက်အအုံတွင် ထားရှိကြောင်း၊ ယင်းအဆောက်အအုံသည် နိုင်ငံခြား သား ကစားသမားများ သာမက ပြည်တွင်း ကစားသမားများပါ နေထိုင်ရန် မသင့်တော်ကြောင်း အောင်ရတနာ ဆေးခန်းတွင် ဆေးကုသမှု ခံယူနေသည့် ၎င်း၏ ဆေးမှတ်တမ်းတွင် ဖော်ပြထားသည်။

“အသင်းက တစ်လစာ လျော်ကြေးပေးမယ် ပြောတယ်” ဟု ၎င်းက ပြောဆို သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အသင်းအနေနှင့် သတင်း ထုတ်ပြန်လိုခြင်း မရှိကြောင်းနှင့် ယင်းအဆောင် တွင် နေထိုင်သည့် အခြား ကစားသမား များ ရောဂါပိုး ကူစက်ခံရခြင်း မရှိကြောင်း မကွေး ယူနိုက်တက် အသင်း၏ အမှုဆောင် အရာရှိချုပ် ဦးစိန်သောင်းက ပြောကြားသည်။

မြန်မာနေရှင်နယ်လိဂ်အသင်း အများစုရှိ နိုင်ငံခြားသား ကစားသမားများကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ ဂိုးလ်ပရောဂျက်အရ တည်ဆောက်ထား သည့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရုံး ဂိုးလ် ဟိုတယ်တွင် ထားရှိပြီး အသင်းကြီး အချို့မှ ကစားသမားများကိုလည်း ဟိုတယ်အချို့တွင် ထားရှိကြောင်း မြန်မာနေရှင်နယ်လိဂ်တွင် ကစားနေသည့် နိုင်ငံခြားသား ကစားသမား အချို့ထံမှ စုံစမ်း သိရှိရသည်။

The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ