အလေးမအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ပြိုင်ပွဲ ကျင်းပမည်


မြန်မာနိုင်ငံ အလေးမအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား အလေးမ ပြိုင်ပွဲကို ဇူလိုင်လ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့ အထိ ရန်ကုန်မြို့တော်ရှိ အောင်ဆန်း အားကစားကွင်း တွင် ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အလေးမ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးမြင့်ဆွေက ပြောကြားသည်။

အလေးမ အသင်းလိုက် ပြိုင်ပွဲ ပထမဆုကို တံခွန်စိုက် ဆုဖလားနှင့် ကျပ်တစ်သိန်း ချီးမြှင့်သွားမည် ဖြစ်ကာ တစ်ဦးချင်း ပြိုင်ပွဲ၌ ပထမဆု ကျပ် သုံးသောင်း၊ ဒုတိယဆု ကျပ် နှစ်သောင်း၊ တတိယဆု ကျပ် တစ်သောင်း ငါးထောင် ချီးမြှင့်မည် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

အမျိုးသား၊ အမျိုးသမီး အလွတ်တန်း ပြိုင်ပွဲနှင့် ၁၇နှစ်အောက် ပြိုင်ပွဲကို ထည့်သွင်းထားပြီး အသက် ၁၇နှစ်အောက် ပြိုင်ပွဲမှ အရည်အသွေးရှိသော မျိုးဆက်သစ် ကစားသမားများကို အလေးမ အဖွဲ့ချုပ်က လက်ရွေးစင် အသင်းအတွက် ပြုစု ပျိုးထောင်ပေးမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

အလေးမအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ပြိုင်ပွဲ၌ အသင်းပေါင်း ၁၄ သင်း ပါဝင် ယှဉ်ပြိုင်မည်ဖြစ်ပြီး အသင်းများက ကစားသမား စုစုပေါင်း ၁၃၇ ဦး ပါဝင် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အလေးမ အဖွဲ့ချုပ်က သတင်း ထုတ်ပြန်ထားသည်။

The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ