ဂါရတ်သ်ဘေးလ်ကို ပေါင် သန်း ၆၀ ဖြင့် မန်ယူ ကမ်းလှမ်းဖွယ်ရှိဟုဆို


ဘာစီလိုနာ အသင်း၏ ကွင်းလယ် ကစားသမား သီယာဂို အယ်လ်ကန်ထရာကို လက်လွှတ်ခဲ့ရသည့်နောက် အင်္ဂလန် ချန်ပီယံ အသင်းသည် ၎င်းတို့၏ နွေရာသီ ဈေးကွက်အတွင်း အထင်ကရ အားဖြည့် ဝယ်ယူမှုအတွက် ဝေလ လက်ရွေးစင်ထံ အာရုံကျလာကြောင်း Daily Mirrorက ဖော်ပြခဲ့

မန်ချက်စတာ ယူနိုက်တက် အသင်းသည် တော့တင်ဟမ် ဟော့စပါး တောင်ပံလူ ဂါရတ်သ်ဘေးလ်ကို ပေါင်စတာလင် သန်း(၆၀)ဖြင့် ကမ်းလှမ်းဖွယ် ရှိနေကြောင်း သတင်းများ ထွက်ပေါ်လာသည်။ ဘာစီလိုနာ အသင်း၏ ကွင်းလယ် ကစားသမား သီယာဂို အယ်လ်ကန်ထရာကို လက်လွှတ်ခဲ့ရသည့်နောက် အင်္ဂလန် ချန်ပီယံ အသင်းသည် ၎င်းတို့၏ နွေရာသီ ဈေးကွက်အတွင်း အထင်ကရ အားဖြည့် ဝယ်ယူမှုအတွက် ဝေလ လက်ရွေးစင်ထံ အာရုံကျလာကြောင်း Daily Mirrorက ဖော်ပြခဲ့သည်။ ယူနိုက်တက် မန်နေဂျာ ဒေးဗစ်မိုယက်စ်သည် အသင်းကို ပထမဆုံး စတင်ကိုင်တွယ်သော ရာသီတွင် အင်အားကောင်းကောင်း တည်ဆောက်နိုင်ရန် မျှော်လင့်နေပြီး ပြီးခဲ့သည့်ရာသီ ပရီးမီးယားလိဂ်သွင်းဂိုး (၂၁)ဂိုး ရရှိခဲ့သည့် ဘေးလ်အား ပစ်မှတ်ထားနေကြောင်း သိရသည်။

အသက်(၂၄)နှစ်ရှိ ဘေးလ်ကို စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ် အသင်းကလည်း စောင့်ကြည့်လျှက် ရှိသည်။ စပါးအသင်း မန်နေဂျာ အန်ဒရီဗီးလက်စ် ဘိုအာ့စ်ကမူ မိမိတို့သည် ဘေးလ်ကို ဝှိုက်ဟတ်လိန်းတွင် ဆက်ထိန်းထားနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားထားသည်။ ယူနိုက်တက်သည် ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးအဖြစ် ပေါင်စတာလင် (၃၀.၇၅)သန်း အသုံးပြုကာ စပါးအသင်း တိုက်စစ်မှူး ဒီမီတာ ဘာဘာတော့ဗ်ကို ဝယ်ယူခဲ့ဖူးသည်။ အဆိုပါ နှစ်သင်းသည် ပြီးခဲ့သည့် ရာသီက ယူနိုက်တက် လူငယ် ဘယ်တောင်ပံ ခံစစ်မှူးလေး ဇာကီဖရိုင်ရာကို စပါးအသင်းက စတန်းဒက်လီဂီထံမှ တစ်ဆင့်ခံ ဝယ်ယူမှု ပြုလုပ်ခဲ့သည်ဟု ယူဆရသော အနေအထားကြောင့် ဆက်ဆံရေး အတန်ငယ် အက်ကြောင်းထင်လျှက် ရှိသည်။

Planet.com.mm

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ