ဘီဘာ၏လုပ်ရပ်နှင့် သတင်းများအပေါ် မိခင်ဖြစ်သူ တုံ့ပြန်


ကနေဒါ ဆယ်ကျော်သက် Popဂီတစတား ဘီဘာသည် မကြာသေးမီက လူသွားလမ်းပေါ်ရှိ အမှိုက်တောင်း တစ်ခုတွင် ဆီးသွားနေသည့် ဓာတ်ပုံများ ထွက်ပေါ်ခဲ့သလို ပါတီပွဲ တစ်ခုတွင် အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်ကို F**kဆိုသော အသုံးအနှုန်းဖြင့် အော်ဟစ် ဆဲရေးခဲ့သေးသည်

မိမိသားဘက်မှ မှန်ကန်သည်ဆိုသော ယုံကြည်မှုဖြင့်သာ မိမိ ရပ်တည်မည်ဟု ဂျက်စတင်ဘီဘာ၏ မိခင်က ပြောကြားလိုက်သည်။ ကနေဒါ ဆယ်ကျော်သက် Popဂီတစတား ဘီဘာသည် မကြာသေးမီက လူသွားလမ်းပေါ်ရှိ အမှိုက်တောင်း တစ်ခုတွင် ဆီးသွားနေသည့် ဓာတ်ပုံများ ထွက်ပေါ်ခဲ့သလို ပါတီပွဲ တစ်ခုတွင် အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်ကို F**kဆိုသော အသုံးအနှုန်းဖြင့် အော်ဟစ် ဆဲရေးခဲ့သေးသည်။ နောက်ပိုင်းတွင်မူ ယင်းဆဲဆိုမှုအတွက် ဘီဘာက လူသိရှင်ကြား ပြန်လည် တောင်းပန်ခဲ့သည်။

အသက်(၁၉)နှစ်ရှိ ဂီတကြယ်ပွင့်၏ မိခင်ဖြစ်သူ ပက်တီ မယ်လက်တီကမူ မိမိသည် သားဖြစ်သူဘက်မှသာ ထာဝရ ရပ်တည်မည် ဖြစ်ကြောင်း ဆိုသည်။ E! Newsနှင့် အင်တာဗျူးတွင် မယ်လက်တီက "ကျွန်မအတွက်တော့ ကျွန်မရဲ့သားက အများဆိုင် ပြယုဂ်တစ်ခု မဟုတ်ဘူး။ ကျွန်မသားက ကျွန်မသားပဲလေ။ သတင်းစာ ခေါင်းကြီးပိုင်းတွေမှာ ဘာတွေ ရေးနေတယ် ဆိုတာကို ကျွန်မက လိုက်ပြီး မှန်းဆကြည့်မနေနိုင်ဘူး။ ဘီဘာဟာ သူ့စိတ်အတိုင်း သူလုပ်တတ်တဲ့ ကလေးတစ်ယောက်ပါ။ ကျွန်မကတော့ သူဟာ မှန်ကန်တဲ့ လုပ်ရပ်တွေကို လုပ်နိုင်မယ်လို့ ယုံကြည်တယ်။ ဘာပဲဖြစ်ဖြစ် သူ့ရွေးချယ်မှုမှာ သူဟာ ထိပ်ဆုံးနေရာကို ရောက်လာမှာပဲ"ဟု ပြောဆိုသွားသည်။

အခြားသော သတင်းများအရ ဘီဘာ၏ သူငယ်ချင်း တစ်ဦးဖြစ်သူ Rapအဆိုတော် လီတွစ်သည် ကယ်လီဖိုးနီးယားရှိ ကာလာဘာဆက်တွင် ဘီဘာ၏ကားကို ယူမောင်းရင်း သတ်မှတ်မြန်နှုန်းထက် ပိုမိုကျော်လွန် မောင်းနှင်မိသောကြောင့် ရဲဖမ်းခံခဲ့ရကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ