ထိုင်းပရော်ဖက်ရှင်နယ် ဆံပင်ညှပ်ဆရာတွေကြောင့် ဝိုင်းစုခိုင်သိန်း ဆံပင်ပုံစံပြောင်း


ဝိုင်းစုခိုင်သိန်းကို မြန်မာအမျိုး သမီးများနေ့ ရှိုးပွဲမှာ ဆံပင်အတို ပုံစံအသစ်၊ စတိုင်အသစ်နဲ့ တွေ့မြင် ရပါ တယ်။ လတ်တလောမှာ သူ့ရဲ့ ဆံပင်ပုံ စံပြောင်းလဲသွား မှုကြောင့် အနုပညာမိတ်ဆွေ၊ သူငယ်ချင်းတွေ၊ ပရိသတ် တွေ က အံ့အားသင့်ခဲ့ရပြီး ဆံပင်အတုစွပ်ထားတာလားလို့ မေး တဲ့လူေ တွလည်း ရှိခဲ့ကြပါတယ်။ ဘာကြောင့် ဆံပင်အတိုညှပ်ပြီး ပုံစံပြောင်းလဲဖြစ်သွားတာလဲလို့ မေး တော့ဝိုင်းစုခိုင်သိန်းက

“ပုံစံပြောင်းဖို့အစောကြီးကတည်း က အစီအစဉ်ရှိတယ်။ထိုင်းနိုင်ငံက ပရော်ဖက်ရှင်နယ် တွေ ရောက်တယ်ဆိုတာနဲ့ သူတို့စင်ပေါ်မှာညှပ်ပြတယ်။ အဲဒါနဲ့ ညှပ်ဖြစ်သွားတာပါ။ လွန်ခဲ့တဲ့ ၂ နှစ်၊ ၃ နှစ် ကတည်းက ဝိုင်းစု ဒီလိုဆံပင်ပုံစံညှပ်ချင်တာ။ ဝိုင်းစုနဲ့ မလိုက်မှာစိုးလို့ မညှပ်တာ။ဇာတ်ကား ရိုက်ရင်မလိုက်မှာကိုတွေးလည်း တွေးတယ်။ တွေးလို့လည်း အရင်က မညှပ်ဖြစ် တာ။ အခု ဝိုင်းစုက ဇာတ်ကားရိုက်ကို တစ်လနား ထားတယ်။ အသံသွင်းဖို့အတွက် နားထားတာပါ။ ပြီးရင် အမေရိကသွားမှာ။ တစ်လခွဲ၊ နှစ်လလောက်ကြာမယ်။ ပြန်ရောက်ရင်တော့ ဇာတ်ကားရိုက်တော့ ရှိတယ်။ ဒါပေမဲ့ မလိုက်ဖက်တာတော့ မဖြစ်လောက်ဘူး ထင်တယ်။ နောက် ၃လ လောက်ဆိုရင် တော့ ဆံပင်နည်းနည်းပြန်ရှည်လောက်ပါပြီ” လို့ပြော ပါတယ်။ လတ်တလောမှာ ‘အာဘွား’ အခွေ အတွက် သီချင်းသွင်းနေပြီး ၁ဝလပိုင်း လောက်ထွက်ဖို့မှန်းထားကြောင်း ပြောပါ တယ်။ ဝိုင်းစုခိုင်သိန်းက ဇူလိုင် လ ၂ဝ ရက်နေ့မှာ ဘန်ကောက်မှာ သွားဖျော် ဖြေမှာဖြစ်ပြီး ဇူလိုင် ၂၅ ရက်နေ့မှာ တော့ အမေရိကကိုသွား ရောက်ဖျော်ြေ ဖ မှာဖြစ်တယ်လို့သိရပါတယ်။

ခိုင်ဝေလွင်
Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ