Terminator 5 ဇာတ်ကားတွင် အာနိုးပြန်လည်ပါဝင်မည်


ဟောလိဝုဒ်၊ ဇွန် ၁၅

Terminator 5 ဇာတ်ကားမှာ ပြန်လည်ပါဝင် သရုပ်ဆောင်မယ်လို့ မင်းသားကြီးအာနိုးက အတည်ပြု ပြောကြားခဲ့ကြောင်း nme.com မှာ ဖော်ပြထား ပါတယ်။

Terminator 5 ဇာတ်ကားကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှာ စတင်ရိုက်ကူးမှာ ဖြစ်ပြီး အာနိုးဟာ သူ့ရဲ့ ယခင်ဇာတ်ရုပ် ဖြစ်တဲ့ စက်ရုပ်လူသတ်သမား နေရာကနေပဲ ပြန်လည်ပါဝင် သရုပ်ဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

မင်းသားကြီးအာနိုးက သူ့အနေနဲ့ နောက်ထပ်ရိုက်ကူးမယ့် Terminator 5 ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖွယ် ရှိတယ်လို့ ယခုနှစ်အစောပိုင်း ကတည်းက ပြောကြားခဲ့ဖူးပါတယ်။
"Terminator 5 အတွက် စတူဒီယိုက ကျွန်တော့်ကို အလိုရှိသေးတယ် ဆိုတာနဲ့ အရင်ဇာတ်ကောင် နေရာမှာပဲ ပြန်သရုပ်ဆောင်ရမယ် ဆိုတာကို သိလိုက်ရတော့ ကျွန်တော် အရမ်းပျော်သွားပါတယ်” လို့ အာနိုးကပြောပါတယ်။

မင်းသားကြီး အာနိုးဟာ Terminator ဇာတ်ကားသုံးကားမှာ သံမဏိစက်ရုပ်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး နောက်ဆုံး ထွက်ရှိထားတဲ့ လေးကားမြောက် ဇာတ်ကားဖြစ်တဲ့ Terminator Salvation မှာတော့ ပါဝင် သရုပ်ဆောင်ထားခြင်း မရှိပါဘူး။

မင်းသားကြီးအာနိုးက Terminator အပြင် သူသရုပ်ဆောင်ခဲ့တဲ့ နာမည်ကျော် ဇာတ်ကောင်တစ်ယောက် ဖြစ်တဲ့ Conan the Barbarian ဇာတ်ကားထဲမှာ ပြန်လည်သရုပ်ဆောင် ဦးမယ် လို့လည်း သူ့ပရိသတ်တွေရဲ့ အင်တာနက်စာမျက်နှာမှာ ထုတ်ဖော် ပြောကြားထားပါတယ်။

The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ