မန်နျူရယ် ပယ်လီ ဂရီနီအား မန်စီးတီး နည်းပြသစ် အဖြစ် ခန့်အပ်
နည်းပြ မန်နျူရယ် ပယ်လီဂရီနီအား မန်စီးတီး အသင်း၏ မန်နေဂျာသစ် အဖြစ် သုံးနှစ် စာချုပ်ဖြင့် ခန့်အပ်လိုက်ပြီး ဖြစ်ကြောင်း ၎င်းနည်းပြက အတည်ပြု ပြောကြားထားသည်။
အသက် ၅၉ နှစ်ရှိ အဆိုပါ ချီလီ နည်းပြသည် မာလာဂါ အသင်းမှ ဖြစ်ပြီး မေလ အတွင်းက မန်စီးတီးမှ အထုတ်ခံခဲ့ ရသော ရောဘတ်တို မန်စီနီ၏ နေရာတွင် ဖြည့်စွက် တာဝန်ယူ သွားမည်ဖြစ်သည်။
မိမိသည် မန်စီးတီး နည်းပြအဖြစ် စိတ်လှုပ်ရှားဖွယ် အခွင့် အရေးကို ရရှိခြင်း အတွက် များစွာ ပျော်ရွှင် မိသည်ဟု ပယ်လီ ဂရီနီက ပြောကြားထားသည်။ ပယ်လီ ဂရီနီသည် လာမည့် ဇွန် ၂၄ ရက်တွင် မန်စီးတီး နည်းပြ တာဝန်ကို စတင်ဆောင်ရွက် သွားမည်ဖြစ်သည်။
ဘရိန်းကစ်သည် မန်စီးတီးမှ လက်ထောက် နည်းပြအဖြစ် ဆက်လက်တည်ရှိ သွားမည်ဖြစ်ပြီး ဂိုးသမား နည်းပြ မာတီယာမန်စီ ဆင်ဒါနှင့် လေ့ကျင့်ရေး နည်းပြဟိုဆေး ကာဘယ်လို တို့သည်လည်း သက်ဆိုင်ရာ တာဝန်များကို ဆက်လက် ယူသွားမည် ဖြစ်သည်။
အဆိုပါနည်းပြ သုံးဦးလုံးသည် မာလာဂါ နည်းပြဟောင်း ပယ်လီဂရီနီ၏ လက်အောက် တွင်သာ ညွှန်ကြားချက် အတိုင်း လုပ်ဆောင်ရမည် ဖြစ်ကြောင်း သိရသည်။
မြ၀တီ
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
Sports
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin