Superman ဇာတ်ကားသစ်များ ဆက်တိုက်ကြည့်ရှုရဖွယ်ရှိ

Superman: Man of Steelကို ရိုက်ကူးထားပြီးနောက် ၎င်း၏ နောက်ဆက်တွဲ ဇာတ်လမ်းများအတွက်ပါ ထုတ်ဝေသူများက စီစဉ်ထားပြီး ဖြစ်ကြောင်း သိရှိရသည် 

Superman ဇာတ်ကားများကို ရုပ်ရှင်ရုံများတွင် ဆက်တိုက်လိုလို တွေ့မြင်ရဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ Superman: Man of Steelကို ရိုက်ကူးထားပြီးနောက် ၎င်း၏ နောက်ဆက်တွဲ ဇာတ်လမ်းများအတွက်ပါ ထုတ်ဝေသူများက စီစဉ်ထားပြီး ဖြစ်ကြောင်း သိရှိရသည်။ Man of Steel ဇာတ်လမ်းကို ယခုသောကြာနေ့တွင် စတင် ရုံတင်မည် ဖြစ်သော်လည်း ပရိုဂျူဆာများက နောက်ထပ် ဇာတ်လမ်းတွဲများအတွက်ပါ အစီအစဉ်များ ချမှတ်ထားခြင်း ဖြစ်သည်။ အဆိုပါ ဇာတ်လမ်းတွဲများအတွက် ဇက်ဆင်းဒါးက ဒါရိုက်တာ ရာထူးဆက်ယူရန် ကတိပြုထားသလို ဇာတ်ညွှန်းအတွက် ဒေးဗစ် ဂိုယာကပင် တာဝန်ဆက်ယူသွားမည်ဟု သိရှိရသည်။

Man of Steelတွင် အဓိက ဇာတ်ဆောင် မင်းသားအဖြစ် ဟင်နရီ ကာဗီးလ်က သရုပ်ဆောင်ထားသည်။ ဂိုယာသည် Warner Brosနှင့် ဇာတ်ကား(၃)ခုကို ဇာတ်ညွှန်းရေးသားပေးရန် သဘောတူ စာချုပ်ထားကြောင်းလည်း သိရှိရသည်။ ပရိုဂျူဆာ ခရစ္စတိုဖာ နိုလန်၏ နေရာမှာမူ အပြောင်းအလဲ ရှိကောင်း ရှိလာနိုင်ကြောင်း သတင်းများက ဆိုသည်။ ယခုဇာတ်ကားတွင် Supermanသည် ဂျာနယ်သတင်းထောက်မလေး လွိုက်စ်လိန်းအတွက် ကမ္ဘာမြေပေါ် ပြန်ရောက်လာသည့် လူစွမ်းကောင်းအဖြစ် ပါဝင်ထားသည်။ လွိုက်စ်အဖြစ် အေမီအဒမ်စ်က သရုပ်ဆောင်ထားသည်။

Source: TheSun
Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ