ဘိုအာ့စ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် PSG ဆန္ဒရှိ


စပါးအသင်းကို ပရီးမီးယားလိဂ် ပြိုင်ပွဲ သက်တမ်းတစ်လျှောက် အသင်းစံချိန်တင် ရမှတ်မျိုး ရရှိအောင် ဦးဆောင်ခဲ့သည့် ပေါ်တူဂီသား မန်နေဂျာကို ကာလို အန်ဆလော့တီ နေရာတွင် အစားထိုးရန် ပြင်သစ် ချန်ပီယံ အသင်းက ဆန္ဒရှိနေခြင်းဖြစ်

PSGအသင်းသည် တော့တင်ဟမ် ဟော့စပါးအသင်း မန်နေဂျာ အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် ချိန်ရွယ်နေကြောင်း သိရှိရသည်။ စပါးအသင်းကို ပရီးမီးယားလိဂ် ပြိုင်ပွဲ သက်တမ်းတစ်လျှောက် အသင်းစံချိန်တင် ရမှတ်မျိုး ရရှိအောင် ဦးဆောင်ခဲ့သည့် ပေါ်တူဂီသား မန်နေဂျာကို ကာလို အန်ဆလော့တီ နေရာတွင် အစားထိုးရန် ပြင်သစ် ချန်ပီယံ အသင်းက ဆန္ဒရှိနေခြင်း ဖြစ်သည်။ စပါးသည် ချန်ပီယံလိဂ် ဝင်ခွင့်နေရာကိုမူ အာဆင်နယ်နောက် တစ်မှတ်လျော့ဖြင့် အဆုံးရှုံး ခံခဲ့ရသည်။ အသက်(၃၅)နှစ်ရှိ ဘိုအာ့စ်သည် ဝှိုက်ဟတ်လိန်းတွင် တစ်နှစ်သာ ကြာမြင့်သေးသော်လည်း အသင်းတာဝန်ရှိသူများနှင့် ပရိသတ်၏ ယုံကြည် ကိုးစားမှုကို ခံလာရသူ ဖြစ်သည်။

အီတလီသား ဝါရင့်နည်းပြကြီး အန်ဆလော့တီသည် လက်ရှိ နည်းပြရာထူး လစ်လပ်နေသည့် စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်၏ ချိတ်ဆက်ခြင်းကို ခံနေရသည့်နောက် PSGက လူငယ် နည်းပြ ဘိုအာ့စ်ကို အစားထိုးရန် ကြိုးစားနေခြင်း ဖြစ်သည်။ PSGအသင်း ဥက္ကဋ္ဌ နက်ဆာအယ်လ် ခါလီဖာနှင့် ၎င်း၏ အကြံပေး အရာရှိများသည် ဘိုအာ့စ်ကို အသင်းနည်းပြ ရာထူးအတွက် ထိပ်ဆုံးလျာထား စာရင်းတွင် သတ်မှတ်ထားကြောင်း သတင်းများက ဖော်ပြလာခဲ့သည်။ PSGသည် ကာတာအခြေစိုက် ကုဋေကြွယ် သူဌေးများ၏ ဓနအင်အားဖြင့် အသင်းကို အင်အားတောင့်တင်းစွာ တည်ဆောက်လျှက် ရှိသည်။

ဘိုအာ့စ်သည် ယူရိုပါလိဂ် ဆုဖလားကို ပေါ်တိုအသင်းနှင့်အတူ ဆွတ်ခူး ရယူဖူးရာ ဥရောပအဆင့် ဖလားတစ်လုံးကို ရယူနိုင်သည့် အသက်အငယ်ဆုံး နည်းပြအဖြစ် ယနေ့တိုင် မှတ်တမ်း ဝင်နေဆဲ ဖြစ်သည်။ စပါးအနေဖြင့် ဘိုအာ့စ်ကို လက်လွှတ်ရပါက ၎င်းနှင့် ဆက်ဆံရေး ကောင်းမွန်သည့် ကြယ်ပွင့် ကစားသမား ဂါရတ်သ်ဘေးလ်ကို ဆက်လက် ထိန်းသိမ်းရေး အတွက်ပါ ရုန်းကန်လာရနိုင်ကြောင်း သတင်းများက ဖော်ပြသွားသည်။

planet.com.mm

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ