Oral Sex ကြောင့် လည်ချောင်း ကင်ဆာဖြစ်ခြင်း မဟုတ်ဟု ဟောလီးဝုဒ် စတား ဒေါက်ကလပ် ငြင်းဆို

ဟောလိဝုဒ် ရုပ်ရှင်မင်းသား မိုက်ကယ် ဒေါက်ကလပ်
(နယူးယောက်၊ ဇွန် ၄)

ဟောလီးဝုဒ် ရုပ်ရှင် သရုပ်ဆောင် မိုက်ကယ် ဒေါက်ကလပ်က သူ၏ လည်ချောင်းကင်ဆာမှာ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း (Oral Sex) ကြောင့် မဟုတ် ကြောင်း ငြင်း ဆိုခဲ့သည်။

ဗြိတိန် သတင်းစာ The Guardian က မိုက်ကယ် ဒေါက်ကလပ်က ၄င်း၏ ကင်ဆာမှာ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း ကြောင့်ဟု ပြောကြားခဲ့ကြောင်း ရေး သားဖော်ပြ ခဲ့ရာ မိုက်ကယ် ဒေါက်ကလပ်က ယင်းကို ငြင်းဆိုခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် The Guardian  သတင်းစာက အွန်လိုင်းတွင် ဒေါက်က လပ်၏ အသံဖိုင်ကိုပါ လွှင့်တင်ခဲ့ရာ ယင်း အသံဖိုင်တွင် ဒေါက်ကလပ်က သတင်း စာတွင် ရေး သား ဖော်ပြသကဲ့သို့ပင် ရည်ညွှန်း ပြောဆိုခဲ့ကြောင်း တွေ့ရသည်။

ဒေါက်ကလပ်၏ ပြောရေး ဆိုခွင့် ရှိသူ အယ်လင်ဘယ်ရီက ဒေါက်ကလပ် သည် လည်ချောင်း ကင်ဆာနှင့်ပါးစပ်  ဖြင့် လိင်ဆက်ဆံခြင်းတို့ကို ဆက်စပ်ပြ ရုံသာဖြစ်ပြီး ၄င်း၏ ရောဂါမှာ ဤအတိုင်း အတိအကျ ဖြစ်သည်ဟု မပြောဆို ခဲ့ကြောင်း ဖြေရှင်းထားသည်။

”မိုက်ကယ်က ဒီပါးစပ်နဲ့ လိင် ဆက်ဆံတာဟာ ကင်ဆာဖြစ်စေတယ် လို့ မပြောခဲ့ပါဘူး”ဟု ၄င်းကပြောသည်။

သို့ရာတွင် the Guardian  သတင်းစာအား အမှား ပြင်ဆင်ချက်ထည့် ပေးရန် တောင်းဆို သွားမည် မဟုတ်ဟု ၄င်းကဆိုသည်။ အော်စကာဆု ၂ ဆု ဆွတ်ခူး ထားသော ဟောလီးဝုဒ် စတား ဒေါက်ကလပ်သည် ၂ဝ၁ဝ ခုနှစ်က တည်းက ကင်ဆာ ရောဂါ ခံစားနေရပြီး ဆေးကုသမှု ခံယူနေရသူ ဖြစ်သည်။

KYL
Ref:AFP

by Popular Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ