သရဲကားအကြောင်း ပြောပြတဲ့ သင်ဇာဝင့်ကျော်

(ရန်ကုန်၊ ဇွန် ၃)

သရုပ်ဆောင် သင်ဇာဝင့်ကျော်က သရဲဇာတ်ကား နှစ်မျိုးရှိသည့် အနက် ဟာသသရဲကား အရိုက် များကြောင်း ပြောသည်။

”သရဲကား ဆိုပေမယ့် သေသွားတဲ့ ပုံစံအတိုင်းပဲ ဝိညာဉ် ဖြစ်နေတဲ့ ပုံစံပေါ့။ သင်ဇာ သရဲကားတွေတော့ ရိုက်ဖြစ်ပါတယ်။ သရဲကား ဆိုတာတောင်မှ နှစ်မျိုး ရှိတယ်လေ။ တအား ကြောက်ဖို့ကောင်းတဲ့ သရဲကားနဲ့ ဟာသ သရဲကား ဆိုပြီး ရှိတာလေ။ ပရိသတ်တွေက ဘာကို ကြိုက်ကြမလဲ ဆိုတာတော့ မခန့်မှန်းတတ်ဘူး။ အမျိုးမျိုးပဲလေ။ သင်ဇာအခု ရိုက်ထားတာတွေက ဟာသ သရဲကားတွေ များတယ်” ဟု သင်ဇာဝင့်ကျော်က ဆိုသည်။

”ဟီးရိုးလား၊ ဇီးရိုးလား” ဆိုတဲ့ ဇာတ်ကားကိုလည်း ခန့်စည်သူ နဲ့ပဲ ရိုက်ကူးနေပါတယ်” ဟုဆိုသည်။
”မယုံကြည်ချင်နေ မစော်ကားမိဖို့ အရေးကြီးတယ်။ ဒါပေမဲ့ သင်ဇာ ယုံကြည်တာက ဘုရားတရား၊ သံဃာ၊ မိဘ ဆရာတွေပေါ့။ နတ်လည်း မယုံဘူး။ မဟုတ်ပါဘူး။ အထိုက်အလျောက်ပေါ့။ ဒါတွေက မယုံကြည်လို့မှ မရ တာ။ တကယ် လက်ခံရမယ့် အရာတွေ၊ ယုံကြည်သင့် သလောက် ယုံကြည်ပါတယ်။ အရင်တုန်း ကတော့ ယတြာတို့ ဆိုတာတွေက လုပ်လေ့လုပ်ထ မရှိဘူး။ ဒါပေမဲ့ မင်းသမီးလည်း ဖြစ်လာတယ်။ အတိုက်အခိုက် ဆိုတာ ရှိလည်း ရှိလာနိုင်တယ် ဆိုတော့ ဘုန်းကြီးပေးတဲ့ ယတြာလေးတွေ ချေဖြစ်တယ်။ ကိုယ်မလုပ်နိုင်လည်း မိဘတွေက လုပ်ပေးတာမျိုးတွေ ရှိတယ်။ အောင်မြင်မှု တစ်ခုရဖို့ အတွက် အနန္တော အနန္တငါးပါးကို မမေ့ ဘဲနဲ့ အလုပ်လည်း ကြိုးစား၊ စေတနာထားရင် မပစ်မှားရင် ဘယ်လို အခက်အခဲ ပဲရှိပေမယ့် အဆင်ပြေပါတယ်” ဟု ပြောပြပါသည်။ သင်ဇာဝင့်ကျော်က ပြင်ဦးလွင်မှာ ဇာတ်ကား သွားရိုက်ဖို့ ရှိပြီး ရာသီဥတု အခြေအနေ အရ သေချာပေါက် ပြောမရသေးကြောင်း ဆိုပါသည်။

အဆိုပါ ဇာတ်ကားတွင် သင်ဇာဝင့်ကျော်က အကြွေစေ့ပစ်ပြီး ဆုတောင်း သူတို့ အလေ့အထကို အယုံအကြည် မရှိသူ အဖြစ် သရုပ်ဆောင် ထားကြောင်း သိရသည်။

မေမွန်မောင်

by Popular Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ