သူတို့ပြောတဲ့ “D” သံသာဝင်း

Yati Magazine

‘Drugs’

‘Drugs’ ဆိုတာကို သံသာ တစ်ယောက်တည်းရဲ့ အဓိပ္ပာယ် အနေနဲ့ဆိုရင် လူသားတွေကို ဆိုးကျိုးပေးတဲ့အရာပါပဲ။ သာမန်လူတွေမှာတော့ ‘Drugs’ ဆိုတာနဲ့ နံပါတ်ဖိုးထိုးတာလို့ပဲ ထင်တတ် ကြတယ်။ သံသာဆိုလည်း အရင်တုန်းက ‘Drugs’ ဆိုတာ ဘိန်းဖြူထိုးတာပဲလို ထင်ခဲ့မိတယ်။ အမှန်တော့ ‘Drugs’ က အများကြီးပါပဲ။ စိတ်ကြွဆေးတွေ စိတ်ကျစေတဲ့ဆေးတွေ အမျိုးမျိုးရှိတယ်။ ဆေးလုံး တွေဆေးပြားတွေ ဆေးရည်တွေ၊ ဆေးမှုန့်တွေ အများကြီးရှိတယ်။ လူငယ်ဆိုတာမျိုးက လည်းလက်တည့်စမ်းချင်ကြ တဲ့ စိတ်ရှိကြတယ်။ လက်တွေ့မှယုံချင်ကြတာ လူငယ်သဘာဝပဲလေ။ ဘယ်အရာကိုမဆို စမ်းချင်ကြတယ်။ အဲဒီလို စမ်းရင်းနဲ့ ဒီ ‘Drugs’ တွေနဲ့ ထိတွေ့ကြတာပဲ။ စမ်းရင်းနဲ့မှ Over Drugs ဘဝကိုရောက်ပြီး ဘဝဆုံးသွားကြတဲ့ လူငယ်တွေ သံသာတို့ လူ့ပတ်ဝန်းကျင်မှာ အများကြီးပဲ တွေ့ဖူး၊ မြင်ဖူး၊ ကြားဖူးကြ မှာပါ။ အဓိကကတော့ အပေါင်းအသင်းမှားတာ ကနေ စကြတာပါပဲ။ ‘Drugs’ ဆိုတာက သုံးစွဲတဲ့သူ ကိုတင် ဆိုးကျိုးပေးတာမဟုတ်ဘူး။ သူ့ရဲ့ပတ်ဝန်း ကျင်ကလူတွေကိုပါ ဆိုးကျိုးပေးတာပါ။ ငယ်တဲ့ အရွယ်မှာ စမ်းသပ်ရင်းနဲ့ စွဲလမ်းသွားပြီး အသက် ကြီးတဲ့အထိ ‘Drugs’ ရဲ့သားကောင်တွေ ဖြစ်သွား ကြရတယ်။ ဒီတောီ့မကျါ ဆိုတာ မကောင်း ဆိုးဝါးတစ်ကောင်ဆိုရင် မမှားဘူးပေါ့။ တချို့ လူငယ်တွေကျတော့လည်း လက်တည့်စမ်းကြည့် ပြီး ဒီအကြောင်းကို သိသွား လို့ ရှောင်လိုက်နိုင်ကြ တာမျိုးတွေလည်း ရှိကြပါတယ်။

ဒါကတော့ ကိုယ့်ရဲ့ ပါးနပ်မှုနဲ့လည်း ဆိုင်ပါတယ်။ ဒီကိစ္စက အထူးသဖြင့်လူတစ်ယောက်ရဲ့ခံစားချက်နဲ့ ဆိုင်တယ်။ တချို့က ‘Drugs’ သုံးတာက ကိုယ့်ဘဝမှာ ရှိတဲ့ စိတ်ဆင်းရဲစရာ အားလုံးကို ဒါနဲ့ ဖြေဖျောက် လို့ ရနိုင်တယ်လို့ထင်ပြီး သုံးစွဲကြတယ်။ နောက်ပြီး အပျော်လွန်ပြီး သုံးကြတာလည်း ရှိတယ်။ အခုဆို ရင် Club တွေ သွားကြတယ်။ သူငယ်ချင်းတွေနဲ့ ပျော်ပါးကခုန်ကြတယ်။ ပျော်ပါးကခုန်ကြတဲ့အထိက ပြဿနာမရှိသေးပေမယ့် အဲဒီလိုနေရာမှာက အပေါင်းအသင်းနဲ့တွေ့ပြီး အပေါင်း အသင်းမှား ပြီး ‘Drugs’ နဲ့ ထိတွေ့သွားနိုင်တယ်။ များသောအားဖြင့် လူငယ်တွေအတွက်က ‘Drugs’ ဆိုတာ ထိတွေ့ပြီးသွားရင် ပြန်ပြီးရုန်းထွက်ဖို့ခက်ပါတယ်။ ကိုယ့်စိတ်ကိုကိုယ်ပြန်ပြီး Control လုပ်နိုင်ဖို့ကကျ တော့ ပြောသလောက်တော့ မလွယ်ဘူး။ ပါးနပ်ဖို့ လိုတယ်လေ။ Drugs ကိုစွဲလမ်းသွားတဲ့ သူဆိုတာ အရက်စွဲတာမျိုး ဆေးလိပ်စွဲတာမျိုးနဲ့ မတူဘူး။ ဘဝပါပျက်သွားလောက်တဲ့ အထိဖြစ်တာပါ။ တချို့ဆို ဆေးရုံတောင်တက်ပြီး ဖြတ်ရတယ်ဆိုတာ မျိုးအထိ ဖြစ်သွားတယ်။ လနဲ့ချီ Care လုပ်ပြီး ရေရှည် Treatment လုပ်ကြရတယ်။

‘Drugs’ က ကောင်းသလားဆိုတော့ ဒါကတော့ သုံးတဲ့သူတွေ ပဲသိလိမ့်မယ်။ ဒါပေမဲ့ ကိုယ့်ဘဝနဲ့ရင်းရလောက် အောင်တန်လားဆိုတာတော့ ပြန်ပြီး မေးခွန်း ထုတ်ရလိမ့်မယ်။ ပြီးတော့ ‘Drugs’ ဆိုတာ ဝယ်ရတာ မလွယ်သလိုဈေးတွေကလည်း မပေါဘူး။ ဒီတော့ ဒီဆေးရဖို့အတွက် ကိုယ့် Character ပါ ပျက်စီး သွားကြတာတွေရှိတယ်။ ဆေးဝယ်ဖို့ ခိုးတယ်ဝှက်တယ်။ လုယက်တယ်ပေါ့။ နောက်ပြီး ဆေးသုံးတဲ့သူက Personality ပါ ကျသွားတာပါ။ လန်းဆန်းတဲ့ အသွင်အပြင်မရှိတော့ဘူး။ မျက်လုံး တွေကလည်း သာမန်နဲ့မတူဘဲ ဂနာမငြိမ်ဖြစ်တတ် တယ်။ အပြောအဆိုတွေကလည်း သာမန်မဟုတ် တော့ဘူး။ ဒါကြောင့် ဒီလိုကိစ္စတွေ အထိရင်းပြီး ဆေးသုံးရတာ တန်ရဲ့လားပေါ့။ လူငယ် တစ်ယောက် အတွက်ကတော့ အပေါင်းအသင်းက အဓိကပါပဲ။

သံသာကြားဖူးတာကတော့ အပေါင်းအသင်း ကဆွယ်လို့ ကိုယ်က ဆေးသုံးဖြစ်သွားတယ်ပဲ ကြားဖူးတယ်။ အဲဒီလိုလာပြီးဆွယ်တဲ့ သူငယ်ချင်း ကို ‘Drugs’ ရဲ့ မကောင်းကြောင်းတွေပြောပြီး သူပါမသုံးဖြစ်တော့အောင် လုပ်ပေးပါတယ်ဆိုတဲ့ အကြောင်းမျိုးမကြားဖူးဘူး။ ဒီတော့ သံသာ အမြင်ကတော့ ‘Drugs’ နဲ့ ပတ်သက်ပြီး လူငယ် တွေကို ပညာပေးတွေ များများလိုလိမ့်မယ်။ နောက်ပြီး ပတ်ဝန်းကျင်ကလည်းလိုတယ်။လူ တစ်ယောက်ကဆေးသုံးမိလို့ စွဲသွားပြီ။ ဒါပေမဲ့ ဒီဆေးက မကောင်း ဘူးဆိုတာသိပြီး သူက ဖြတ် ချင်စိတ်ရှိပြီ။ ဒီလိုအချိန်မှာ သူနဲ့တွေ့ရမယ့် ပတ်ဝန်းကျင်က တအားအရေးကြီးပါတယ်။ သူ့ မိဘ၊ သူ့ရဲ့ဆရာသမား၊ သူငယ်ချင်းဒါတွေက သူ့ကို ကောင်းကောင်းပံ့ပိုးပေးပြီး သူဆေးဖြတ် သွားနိုင်အောင်ကူညီပေးရမယ်။ လမ်းမှန်ကိုပြပေးနိုင်တဲ့သူတွေ ဖြစ်ဖို့လိုတယ်။ သူ့ကို နားလည်ပြီး ဖေးမပေးရတယ်။ ဆေးသုံးတဲ့သူတွေရဲ့ Emotion တွေ Feeling တွေက အတက်အကျ တအားမြန်တယ်။ သူတို့ရဲ့ အတွေးတွေက ပုံမှန်ရှိမနေတတ်ဘူး။ ဒါကိုနားလည်ပေးပြီး ဖေးမပေးနိုင်ရမယ်။ နောက်အရေးကြီးတာက သူကဆေးပြတ်ပြီပေါ့။

ဆေးပြတ်ပြီးသွားတဲ့ သူတစ်ယောက်က Society ထဲ ပြန်ရောက်လာတဲ့အချိန်မှာ သူ့ကိုပိုပြီး Care လုပ်ပေးရမယ်။ လူတွေကဘယ်လိုသဘောမျိုး ရှိတတ်လဲဆိုတော့ ”ဟာ ဒီကောင်က ဆေးသမား ဖြစ်ဖူးတယ်ဆိုပြီး Discriminate လုပ်တတ်ကြ တယ်။ လူ့အဖွဲ့ အစည်းထဲက ဖယ်ချင်ကြတယ်။ ဒီတော့ ဒီလူက ဒီနေရာမှာ သူ့ကို နေရာ မပေးတော့ သူ့ရဲ့ နဂိုနေရာပြန်ရောက်သွားပြီး နောက်ထပ် Drugs User အဖြစ်ပြန်ရောက်သွားတယ်။ ဒါကြောင့် အဲဒီလိုခွဲခြားတာ နှိမ်ချဆက်ဆံတာမျိုး တွေ မလုပ်ဘဲ တန်းတူလေးထားပြီး နေရာပေးစေ ချင်ပါတယ်။ လူဆိုတာ ဘဝမှာမှားသွားနိုင်ပါ တယ်။ အဲဒီအမှားကို မှားမှန်းသိပြီး အမှန်ပြန်ပြင် တာကို သံသာတို့က ဝိုင်းပြီးပံ့ပိုးပေးရမယ်လေ။သံသာအမြင်ပြောရရင်တော့ စီးပွားရေး ဒုက္ခ၊ ကျန်းမာရေးဒုက္ခ၊ လူမှုရေးဒုက္ခတွေ မျိုးစုံနဲ့ တွေ့ရတဲ့ Drugs ဆိုတာကို လုံးဝမထိတွေ့မိပါ စေနဲ့လို့ ပြောချင်ပါတယ်။

Depression

Depression ဆိုတာက စိတ်ကျတာပေါ့။ အခုခေတ်မှာ Depression ခံစားရတဲ့ သူတော် တော်များတယ်။ အရင်တုန်းကတော့ သူများ Depression ဖြစ်တာကို နားမလည်ခဲ့ဘူး။ ဒါပေမဲ့ ကိုယ်ကအသက်လည်းရလာပြီး ကိုယ်တိုင်လည်း Depression ခံစားရပြီးတော့မှ ဒါကို နားလည်နိုင်သွားတယ်။ Depression ဆိုတာလည်းထူးဆန်းတယ်ပြောရမယ်။ ဖြစ်နေတဲ့သူက ကိုယ်တိုင်မသိနိုင်ဘူး။ ဘေးကလူကပဲ ကြည့်ပြီးသိရတယ်။ အခုဆိုရင် Depression ဆိုတာကို လူငယ်တွေက ခေတ်စကားနဲ့ D ဝင်နေတယ်လို့ ပြောကြတယ်။ စိတ်ကျတာက လူကြီးမှ မဟုတ်ဘူး။ လူငယ်တွေမှာလည်း ဖြစ်ပါတယ်။ အင်မတန် တက်ကြွနေတဲ့အရွယ် လူငယ်တွေမှာဝင်တဲ့ Depression က ပိုတောင် ဆိုးတတ်သေးတယ်။ အခုခေတ်ကာလမှာ Depression သမားတွေ ပိုများတယ်ဆိုတာ ခေတ်ရဲ့အခြေအနေကြောင့် လည်း အများကြီးပါပါတယ်။

ဒီခေတ်ရဲ့စီးပွားရေး အခြေအနေ၊ ပညာရေး၊ လူမှုရေးဒါတွေက Depression အများကြီးဖြစ်စေတာပေါ့။ အားငယ်စိတ်တွေ ပူပန်မှုတွေတအားများတဲ့သူက Depression ဖြစ်နိုင်ခြေပိုများတယ်။ ကိုယ့်ကိုယ် ကိုယ် မကျေနပ်ဖြစ်နေတဲ့သူတွေပေါ့။ နောက်ပြီး စီးပွားရေးမှာပဲဖြစ်ဖြစ်၊ လူမှုရေးမှာပဲဖြစ်ဖြစ် ကိုယ်လုပ်တာတွေက မအောင်မမြင်ဖြစ်တာမျိုး၊ မှားယွင်းသွားတာမျိုးတွေ ဖြစ်နိုင်တယ်။ ဒီလိုအချိန်မှာ ကိုယ့်ကိုဘေးကနေ Support လုပ်ပေးမယ့်သူလိုတယ်။ Support ဆိုတာ နှစ်သိမ့်ပေးတာမျိုး၊ အားပေးစကားပြောပေးရုံပါပဲ။ ဒီလိုလေးတောင်မရှိခဲ့ရင် အဲဒီလူကDepression ဝင်သွားတာပဲ။ လူအများစုက ကိုယ်လိုချင်တာမရတော့ ဘူးဆိုတဲ့အချိန်မှာ Depression ဖြစ်သွားတယ်။ ဒီလိုအခြေအနေနဲ့ တွေ့နေတဲ့သူကို မိသားစုတွေအသိုင်းအဝိုင်းတွေက နားလည်ပေးနိုင်ရမယ်။ သူက တစ်ယောက်တည်းနေချင်တယ်တို့၊ ဘယ်သူ့ ကိုမှ စကားမပြောချင်တော့ဘူးတို့တွေ ဖြစ်တတ်တယ်။ ဒါကိုနားလည်ပေးပြီး သူ့ကိုဖေးမပြီး စောင့်ရှောက်ပေးလိုက်ရင် ခဏနဲ့ပျောက်သွားမှာပါ။ အဲဒီလို ဖေးမတာမလုပ်ပေးခဲ့ရင် သူက Depression ရဲ့ နောက်ဆက်တွဲတွေ ဖြစ်ကုန်ရော။

စိတ်ထွက်ပေါက်တစ်ခုအနေနဲ့ လျှောက်လုပ်တာပေါ့။ ဥပမာ-ဆေးစွဲသွားတာတို့၊ ကိုယ့်ကိုယ် ကိုယ်သတ်သေသွားတာတို့အထိ လုပ်သွားနိုင်တယ်။ ကိုယ်က Depression မဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာတော့ သံသာကသိပ်ပြီး မသိဘူး။ ဒါပေမဲ့ သံသာ့အမြင်အရဆိုရင်တော့ ကိုယ်ကကိုယ့်ဘဝကို Prepare လုပ် ထားရမယ်။ ဘဝဆိုတာ အချိုးအကွေ့ အင်မတန်များပါတယ်။ တစ်သမတ်တည်းရှိမနေဘူး။ အောင်မြင်တာတွေ ရှိသလို ဆုံးရှုံးတာတွေလည်း ရှိမှာပဲ။ ဒါတွေကို ခံနိုင်ရည် ရှိအောင် ကိုယ်က ပြင်ဆင်ထားရမယ်။

ဘယ်လိုပြင်ဆင်ရမလဲဆိုတော့ ဘာသာရေးလုပ် တာပေါ့။ သံသာဆိုရင် ခရစ်ယာန်ဆိုတော့ ဘုရား ဆုတောင်းတာလုပ်တယ်။ ကိုယ်နဲ့ဆိုင်ရာ ဘာသာ ရေးကိုလုပ်ရင် စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထား လို့ ရတယ်။ တရားသဘောကို နားလည်ထားတော့ ကောင်းတာပေါ့။ Depression ဆိုတာက လူတိုင်းဖြစ်နိုင်တယ်။ အလွယ်တကူ ဖြစ်နိုင်တဲ့ ကိစ္စပါ။ Depression ရလို့ လုပ်မိလုပ်ရာလုပ်လိုက်တဲ့ ထွက်ပေါက်တွေကနေ နောက်ဆက်တွဲဆိုးကျိုးတွေက အန္တရာယ်ဖြစ်တာ။ ဒါကြောင့်လူတိုင်းဟာ ကိုယ့်ဘဝအတွက်ကြိုပြီး Prepare လုပ်ထားဖို့ လိုပါတယ်။

Daddy

Dadd ဆိုတာကတော့ အဖေပေါ့။ သံသာဆိုရင် ငယ်ငယ်တုန်းက ဖေဖေနဲ့ တစ်ရုပ်တည်းတူတာတဲ့။ မေမေဆိုရင် ခဏခဏ ပြောတယ်။ လမ်းဘေးမှာသာ သွားပစ်ထားခဲ့လည်း အိမ်ပြန်ရောက်လာမှာပဲတဲ့ ဘာလို့လဲဆိုတော့ ဖေဖေနဲ့တစ်ရုပ်တည်းတူတော့ အိမ်ကိုပြန်လာပို့ကြမှာတဲ့။ သံသာက အသားညိုတာ ဆံပင်ကောက်တာတွေ ကအစ ဖေဖေနဲ့ တထေရာတည်းတူတာ။ အခု ကျမှသာမိတ်ကပ်တွေ ဘာတွေပြင်လိုက်ရင် မသိကြတဲ့လူတွေက မေမေနဲ့တူတယ်လို့ ပြောကြတာ။ အမှန်က သံသာက ဖေဖေနဲ့တူတာပါ။ နောက်ပြီးသမီးတွေအတွက် Daddy ဆိုတာက ပိုပြီးနက်ရှိုင်းတယ်။ ဘာလို့လဲဆိုတော့ အဖေတွေက သမီးတွေကို ပိုပြီးချစ်တတ်ကြတယ်လေ။ သံသာတို့မှာ မောင်နှမ ၄ ယောက်ရှိတယ်။ ၄ ယောက်လုံးကို ပြုစုပျိုးထောင်တဲ့ပုံရော၊ ဆုံးမတဲ့ပုံစံရောကတော့ ဖေဖေရော မေမေရောက ညီတူညီမျှပဲလုပ်ပေးခဲ့တာပါ။ တချို့မိသားစုဆိုရင် ရှိတတ်တယ်လေ အကြီးဆုံးမို့လို့တို့ အငယ်ဆုံးမို့လို့တို့နဲ့ ပိုချစ်တာ မျိုးတွေရှိတတ်တယ်။ သံသာတို့မိသားစုက အဲဒီလိုမရှိခဲ့ဘူး။ အားလုံးအတူတူပဲ။ သားသမီးကို သွန်သင်တာမှာ အမေတစ်ယောက်တည်းထက် အဖေရောအမေရောပါရင် ဒီသား၊ သမီးတွေ အတွက် ပိုကောင်းတာပေါ့။ များသောအားဖြင့် အဖေတွေက သား၊ သမီးကို ဆုံးမစရာရှိရင်တောင် အမေကတစ်ဆင့် ပြောခိုင်းတတ်တာမျိုးလေ။ ဒီတော့ လူတွေက အဖေကို မေ့နေတတ်ကြတယ်။ အဖေတွေရဲ့ မေတ္တာကိုလျစ်လျူရှုထားတာတွေ ရှိကြတယ်။ အမှန်ကတော့ အဖေက အမေတွေနဲ့ အတူတူပါပဲ။ အဖေဆိုတာမျိုးက သူတို့စိတ်ထဲမှာ ရှိတာကို မဖော်ပြတတ်ကြဘူး။ အမေကတော့ ပြောစရာရှိပြော၊ ဆူစရာရှိဆူ၊ ရိုက်စရာရှိ ရိုက် တာပဲ။ ဒီတော့ သား၊ သမီးတွေက အမေနဲ့ပိုပြီး ရင်းနှီးသွားတယ်။ အမှန်ကတော့ အဖေ့မေတ္တာက အမေ့မေတ္တာ အတိုင်းပါပဲ။ သား၊ သမီးကို စိတ်ပူ တတ်တယ်။ ချစ်တတ်တယ်။ စိုးရိမ်တတ်ကြပါ တယ်။ သံသာ့အဖေက သား၊ သမီးတွေနဲ့ အရမ်း ရင်းနှီးအောင်နေတယ်။

ဖေဖေ့အလုပ်က နိုင်ငံ ခြားအမြဲသွားနေရပြီး သံသာတို့နဲ့ အမြဲမနေရပေ မယ့် သား၊ သမီးတွေနဲ့ ရင်းနှီးအောင်နေတယ်။ သံသာတို့မောင်နှမတွေကို နိုင်ငံခြားခေါ်သွားပြီး ပြင်ပဗဟုသုတတွေရအောင် လုပ်ပေးတယ်။ ပြီးတော့ မေမေကဆိုရင် ကိုယ်ပူဆာတာတွေကို အကုန်ဝယ်ပေးချင်မှ ဝယ်ပေးတာ။ ဝယ်ပေးဖို့ မလိုဘူးထင်ရင် မေမေက လုံးဝမဝယ်ပေးဘူး။ ဖေဖေက အဲဒီလို မဟုတ်ဘူး။ လုံးဝမငြိုငြင်ဘူး။ သားသမီးပူဆာရင် အကုန်မဖြစ်ဖြစ်အောင် ဝယ်ပေးတယ်။ သံသာအတွက်တော့ Daddy ဆိုတာ ပြီးပြည့်စုံမှုပါပဲ။

ဖြိုးစုပိုပို

Yati Magazine

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ