ဆယ်တန်းစာမေးပွဲ ဝင်ဖြေဦးမယ့် ဝါဆိုမိုးဦး


ဝါဆိုမိုးဦးဝါဆိုရတဲ့ အနုပညာကြေးနဲ့ ဇာတ်ကားတွေမှာ သရုပ်ဆောင်တဲ့ အခါဝတ်ရတဲ့ အဝတ်အစားဖိုးတွေ နဲ့က ကာမိရဲ့လားဆိုတော့ မကာမိဘူး။ ကားစရိုက်ကတည်းက အခုထိပဲ။ ဝါဆိုက ဝတ်တယ်။ ဝါဆိုက အဝတ်အစားကို အရမ်းဦးစားပေးတယ်။ ပိုက်ဆံနဲ့ အနုပညာကိုချိန်ကိုက်ပြီး လုပ်တဲ့ အထဲမှာမပါဘူး ။အနုပညာလောကထဲ ဝင်ရောက်နိုင်ဖို့ အတွက် စွန့် လွှတ်ရတဲ့ အရာတွေရှိလားဆိုတော့ အဲဒါကတော့ ဝါဆိုရဲ့ပညာရေးပေါ့။ ဝါဆို ဆယ်တန်းမဖြေခဲ့ဘူး။  အခုပြန်ဖြေဖို့ တော့အစီအစဉ်ရှိတယ်။ ဟိုတစ်နေ့ က ဒဂုံ(၁) ရှေ့ ကဖြတ်တော့ ကားတွေကျပ်တယ်။ ဘာလုပ်တာလဲလို့ ကြည့်လိုက်တော့ ဆယ်တန်းအောင်စာရင်းထွက်တာ ။

အဲဒီအချိန်ကျမှ ကိုယ့်ရဲကျောင်းသူဘဝကို ပြန်သတိရသွားတယ်။ ကိုယ်လည်းလူငယ်တစ်ယောက်ဆိုတော့လေ ။ ဘဝမှာ ဆယ်တန်းအောင်စာရင်းထွက်တဲ့ ဖီလင်ကို တစ်ခါမှမခံစားရသေးဘူး ။ ခံစားကြည့်ချင်တာကြောင့် အိမ်က လူကြီးတွေကို ဆယ်တန်းပြန်ဖြေမယ် လို့ပြောတယ်။ ဒါပေမယ့်ပြောသာ ပြောတယ်။ တစ်နေကုန် ရှူတင်မှာ ဆိုတော့စာကျတ်ချိန်က မရှိဘူး။ ဖြေရင်လည်း အောင်မှကောင်းမှာလေ။ ဖြေဖြစ်မှာပါ ။ တစ်နေ့ နေ့ တစ်ချိန်ချိန်မှာ ဝါဆိုနေရာလေး တစ်နေရာ ခိုင်ခိုင်မာမာလေးဖြစ်ပြီဆို ဝါဆိုဆယ်တန်းစာမေးပွဲပြန်ဖြေဖြစ်မှာပါ။

K.M.N

8 DAYS A WEEK ENTERTAINMENT

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ