ခွဲစိတ် ဆရာဝန် တစ်ဦးနှင့် ချစ်ကြိုက်နေသည် ဟူသော သတင်းကို မင်းသမီး ဟန်ဂိုအန်း ငြင်းဆို


ဆိုးလ်   ဇွန်   ၂၆

တောင်ကိုရီးယား မင်းသမီးချော ဟန်ဂိုအန်းသည် သူမထက် ခုနစ်နှစ် နီးပါးငယ်သော ခွဲစိတ် ဆရာဝန်တစ်ဦးနှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလ သတင်းကို ငြင်းဆို လိုက်ကြောင်း သိရသည်။

ဟန်ဂိုအန်းနှင့် Mr.Yang ဆိုသော ခွဲစိတ် ဆရာဝန်တို့ နှစ်ဦး၏ အချစ်ရေးကို သူငယ်ချင်း မိတ်ဆွေအချို့သာ သိရှိပြီး ဖြစ်ကြောင်း သတင်းဌာနများက ဖော်ပြခဲ့သည်။ ၎င်းခွဲစိတ် ဆရာဝန်သည် ဂျင်ဆေးရုံမှ အကြီးအကဲ၏ ညီအငယ် ရန်ဂျေးဂျင် ဖြစ်ကြောင်း သိရသည်။

ဟန်ဂိုအန်း၏ အနုပညာ အေဂျင်စီ ကမူ အဆိုပါ သတင်းမှာ မဟုတ်မှန်ကြောင်း၊ ၎င်းတို့နှစ်ဦးသည် ရင်းနှီးသော သူငယ်ချင်းများသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဟန်ဂိုအန်း ၏ လတ်တလော အနုပညာ လှုပ်ရှားမှု အနေဖြင့် လာမည့် သီတင်းပတ်တွင် သူမ ပါဝင် သရုပ်ဆောင်ထားသော Book of the House of Gu ဇာတ်ကားကို ပွဲဦးထွက် ရုံတင် ပြသသွားမည် ဖြစ်ပြီး Goddess of Fire, Jeongi ဟူသော ဇာတ်ကား ရိုက်ကူးရေးကိုလည်း စတင်သွားမည် ဖြစ်ကြောင်း သိရသည်။

Written by  စကားဝါ  (မြ၀တီ)

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ