မျက်လုံးတစ်ဖက် ကွယ်လုနီးပါးဖြစ်နေကြောင်း ဂျွန်နီဒက်ပ် ပြောကြား

Pirates of Caribbean စတား ဇာတ်ဆောင် မင်းသားက မိမိ၏ မျက်လုံး တစ်ဖက်မှာ အတော်လေး အခြေအနေ ဆိုးနေသဖြင့် အရောင်ပါဝင်သည့် အကာအကွယ် မျက်မှန်မျိုး မတပ်ဘဲ ဓာတ်ပုံရိုက်လေ့ မရှိအောင် ရှောင်ရှားရကြောင်း ဆိုသည် 

ဂျွန်နီဒက်ပ်က မိမိ၏ မျက်လုံးတစ်ဖက်သည် လုံးဝ ကွယ်လုနီးပါး အခြေအနေ ဆိုးနေကြောင်း ထုတ်ဖော် ပြောကြားလိုက်သည်။ Pirates of Caribbean စတား ဇာတ်ဆောင် မင်းသားက မိမိ၏ မျက်လုံး တစ်ဖက်မှာ အတော်လေး အခြေအနေ ဆိုးနေသဖြင့် အရောင်ပါဝင်သည့် အကာအကွယ် မျက်မှန်မျိုး မတပ်ဘဲ ဓာတ်ပုံရိုက်လေ့ မရှိအောင် ရှောင်ရှားရကြောင်း ဆိုသည်။ မိမိ မွေးဖွားစဉ်ကတည်းက ဘယ်ဘက် မျက်လုံးမှာ ပြဿနာများ ရှိနေခဲ့ပြီး ယင်းကို ကောင်းမွန်အောင် ပြင်ဆင်ရေးမှာ မဖြစ်နိုင်ခဲ့ဟု အသက်(၅၀)အရွယ် မင်းသားက ဖွင့်ဟခဲ့သည်။ Long Rangerစတား မင်းသားသည် အမြင်အာရုံပြဿနာများ ရှိနေရာ ညာဘက် မျက်လုံးမှာလည်း အဝေးမှုန်နေကြောင်း သိရသည်။

"ဘယ်ဘက် မျက်လုံးက အရမ်းအရမ်း ဝေဝါးနေတယ်။ ဘာကိုမှ ရှင်းရှင်းလင်းလင်း မမြင်ရဘူး"ဟု ၎င်းက ရှင်းပြခဲ့သည်။ ဒက်ပ်က မျက်မှန်မပါသည့် ဇာတ်ဝင်ခန်းမျိုး သရုပ်ဆောင်ရချိန်တွင် မိမိသည် မျက်နှာရှေ့ဘက် လက်မ အနည်းငယ်မျှ အကွာထက်ပို၍ မည်သည့် အရာကိုမျှ မမြင်ရတော့ဟုလည်း ဆိုသည်။ လတ်တလောတွင် မင်းသမီး အမ်ဘာဟာ့ဒ်နှင့် တွဲနေသော ဒက်ပ်က မိမိသည် ဟောလီးဝုဒ်ကို စွန့်ခွာ အနားယူရန် မကြာခဏ တွေးမိဖူးသော်လည်း အဆိုပါ ဘဝကို အမှန်တကယ် သက်တောင့်သက်သာ ခံစားမိမည်ဟု မကျိန်းသေကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။

"ကျွန်တော် တွေးမိတယ်။ သာမန် ဘဝတစ်ခုကို ရွေးမယ်။ အေးအေးလူလူ နေမယ်ပေါ့လေ။ ဒါပေမဲ့ ကျွန်တော် မသေချာဘူး။ ဒီဘဝမှာ ကျွန်တော် အဆင်ပြေ သက်တောင့်သက်သာ ရှိမလား ဆိုတာကိုပေါ့။ ကျွန်တော့် ဦးနှောက် ကျွန်တော့် ထိုင်းမှိုင်းမှုတွေနဲ့ အံကိုက်ပါ့မလား ဆိုတာကိုလေ။ ကျွန်တော် ဘယ်လိုကြီးမှန်းမသိ ဖြစ်နေနိုင်တယ်"ဟုလည်း ၎င်းက ရယ်ရယ်မောမော ပြောဆိုသွားသည်။

Source: FemaleFirst

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ