သမီးငယ်ဆုရတီအတွက် မွေးနေ့လက်ဆောင်အဖြစ် ဟောင်ကောင်ကို အလည်ပို့ပေးမယ့် စမိုင်း


ရုပ်ရှင် သရုပ်ဆောင် အဆိုတော် စမိုင်းက သမီးငယ်လေး ဆုရတီမောင် အတွက် မွေးနေ့ကို ရိုးလ်ဟေးတာဝါမှာ ကျင်းပခဲ့ပါတယ် ။ မွေးနေ့ပွဲ မှာသမီးလေးNetwrok school ကျောင်းက သူငယ်ချင်းများ လာရောက်ချီးမြှင့်ပေးခဲ့ပါ တယ်။ သမီးလေး မွေးနေ့ပွဲနဲ့ ပတ်သက်ပြီး စမိုင်းက “သမီးလေး ဆုရတီမောင်မွေးနေ့ အမှန်က ဇွန်လ ၁၇ရက်နေ့မှာကျတာ။သူ့ကို အင်္ဂလန်မှာပဲမွေးတာ။ အခုက မွေးနေ့ ကို ကြိုလုပ်ပေးတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ၁၄ ရက်နေ့မှာ ဟောင်ကောင်ကို သွားဖို့ရှိ တယ်။ သူ့မွေးနေ့ မှာဟောင်ကောင်ပို့ပေးချင် တဲ့ဆန္ဒလည်းရှိတယ်လေ။

သူတို့ နှစ်ယောက်စလုံးအတွက် မွေး နေ့ကို နှစ်တိုင်း ကျင်းပပေး ဖြစ် တယ်။ကြီးကြီးကျယ်ကျယ် ပုံစံ မျိုးမဟုတ်ဘဲနဲ့ သူတို့အတွက် အထိမ်းအ မှတ် နေ့လေးဖြစ် အောင်လုပ်ပေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီသမီးနှစ်ယောက်မမွေးခင်က အစ်မတို့ အဆင် မပြေဘဲခက်ခက်ခဲ ခဲရုန်းကန်ခဲ့ ရတာ။ အခု သူတို့ ကို မွေးပြီးမှအဆင်ပြေလာတယ်” လို့ ပြောပြ ခဲ့ပါတယ်။ သမီးမွေးနေ့မှာ ဟောင်ကောင်ခရီးစဉ် အပြင် ဘာတွေထွေထွေ ထူးထူးလုပ်ဖြစ်ဦးမှာ လဲလို့ မေးကြည့်တော့

“သီချင်းသုံးပုဒ်သွားရိုက်ဖို့လည်းရှိတယ်။ ဒါရိုက်တာကိုသုံးပေါင်လည်း ပါ မယ်။ အထူးသဖြင့် သမီး နှစ်ယောက်ကို ဒစ်စနေ လန်းပို့ပြီးရင် သမီးလေး နဲ့ ပတ်သက်တဲ့သီချင်း တစ်ပုဒ်ကို သရုပ်ဆောင်ရိုက်ကူးမယ်။ အစ်မက သမီးနှစ် ယောက် အတွက်တေးရေးကို Vနိုထွန်းကို ပြောပြပြီး သူရေးဖွဲ့ထားတဲ့ သီချင်းပါ။ မိသားစုပုံစံမျိုးပါ” လို့ပြောပြခဲ့ပါတယ်။ အစ်မအနုပညာ အပြင် အခုလုပ်ေ နတဲ့ Y-talk ကလည်း တအား အောင်မြင်တယ်။

ဒီစီးပွားရေး အပြင် တခြားစီးပွားရေး ရောခြေ လှမ်းလှမ်းနေ ပြီးလားလို့မေးကြည့် တော့ “ဟုတ် တယ် Ytalk ကထင်ထားတာ ထက် အောင်မြင်လို့ ပျော် တယ်။ အခု့Ytalk အပြင် မိတ်ကပ်အလှကုန် ကုမ္ပဏီတစ်ခုနဲ့ ချိတ်ဆက်ထားတယ်။ အစ်မမိတ်ကပ် အလှကုန် တင်သွင်းဖို့ အပြင် စားသောက် ကုန်တစ်ခုလည်း ချဲ့ဖို့ လုပ်နေပါတယ်။ တိကျ သေချာသွားပြီဆိုမှပြောပြမှာ ပါ” လို့ပြော ပါတယ်။ စမိုင်းက သမီးကြီးကတော့ သီချင်း ဆိုတဲ့ ဘက်မှာအားသာပြီး သမီးငယ်ကတော့ သရုပ်ဆောင် အိုက် တင်ဘက် ပိုအားသန် ကြောင်ြးေ ပာပြခဲ့ ပါတယ်။

ထူးထူး - Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ