ဧရာဝတီဖောင်ဒေးရှင်းမှ လူမှုရေးအဖွဲ့အစည်း ၃ရပ်ထံ ဒေါ်လာ၃၀၀၀၀လှူဒါန်း


မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်းများ ပါဝင် ကစားခဲ့သည့် မြန်မာ့ လက်ရွေးစင် အသင်းနှင့် MNL All Star အသင်းတို့၏ ရန်ပုံငွေ ခြေစမ်းပွဲ အထိမ်းအမှတ် ညစာစားပွဲတွင် ဧရာဝတီ ဖောင်ဒေးရှင်းက လူမှုရေး အဖွဲ့အစည်း ၃ရပ်အတွက် လှူဒါန်းငွေ အမေရိကန် ဒေါ်လာ တစ်သောင်းစီ ပေးအပ်ခဲ့သည်။ ဧရာဝတီ ဖောင်ဒေးရှင်း၊ CEA နှင့် Park Royal Hotel တို့မှ ပူးပေါင်း စီစဉ်သည့် အဆိုပါ ရန်ပုံငွေ ခြေစမ်းပွဲအား ဇွန်လ ၉ရက်နေ့ ညနေပိုင်းက သုဝဏ္ဏ ဘောလုံးကွင်း၌ ပြုလုပ် ကျင်းပခဲ့သည်။ ထိုပွဲစဉ်တွင် မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်းများ ဖြစ်ကြသည့် အင်ဒီကိုးလ်၊ ဒင်းနစ် အာဝင်၊ လီရှပ်၊ ကလေတန် ဘလက်မိုး တို့သည် ပထမပိုင်း၌ MNL All Star အသင်းဘက်တွင် လည်းကောင်း၊ ဒုတိယပိုင်း၌ မြန်မာ့ လက်ရွေးစင် အသင်းဘက်တွင် လည်းကောင်း ပါဝင် ကစားခဲ့ကြသည်။ ထိုပွဲစဉ်တွင် MNL All Star အသင်းက ၂-၁ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် တိုက်စစ် အကျော်အမော်ဟောင်း အန်ဒီကိုးလ်မှာ ပွဲပြီးခါနီးတွင် မြန်မာ့ လက်ရွေးစင် အသင်းအတွက် ချေပဂိုး တစ်ဂိုး သွင်းယူပေးနိုင်ခဲ့သည်။ ရန်ပုံငွေ ခြေစမ်းပွဲစဉ် အထိမ်းအမှတ် ညစာ စားပွဲအား ယင်းနေ့ ည၇နာရီ အချိန်တွင် Park Royal Hotel ၌ ဆက်လက် ပြုလုပ်ကျင်းပခဲ့သည်။ အခမ်းအနားတွင် ဧရာဝတီ ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက မဟာဂန္တာရုံ ဘုန်းတော်ကြီးပညာသင်ကျောင်း၊ သီတဂူမျက်စိဆေးရုံနှင့် သုခရိပ်မြုံ လူမှုထောက်ပံ့ရေးစီမံချက် (Happy Haven Humanitarian Project) အစရှိသည့် လူမှုရေး အဖွဲ့အစည်းများထံ လှူဒါန်းငွေ အမေရိကန် ဒေါ်လာ တစ်သောင်းစီအား ပေးအပ်ခဲ့သည်။;

Ayeyarwady Foundation

by Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ