လေးစားဂုဏ်ယူဖွယ်ပြည်သူ့ ဂီတပညာရှင် ကိုရဲလွင်


မြန်မာပြည်တွင် တေးဂီတတီးဝိုင်းတွေ အများအပြားပေါ်ထွန်းခဲ့တဲ့ အထဲပြည်သူအများ လေးစားချစ်ခင်မူ အရရှိဆုံး တေးဂီတတီးဝိုင်းမှာ မဇ္ဈိမလှိုင်းလို့ တစ်ညီတည်းဆိုကြသလို ခေတ်ပေါ်ဂီတသမားတွေ ကိုယ်တိုင်ကလည်း လေးစားချစ်ခင်ဆုံး ဂီတသမားတွေကို ပြောပါဆိုရင်မဇ္ဈိမလှိုင်းက ဂီတပညာရှင်တွေကိုသာ လက်ညှိုးညွှန်ပြ တက်ကြပါတယ်။

လေးစားထိုက်တဲ့ အကြောင်းရင်းခံတွေရှိတဲ့ မဇ္ဈိမလှိုင်းတေးဂီတရဲ့ ဂုဏ်ယူဖွယ်ပြည်သူ့ ဂီတပညာရှင် တစ်ဦးကတော့ ကိုရဲလွင်ပါပဲ။ သူဟာပန်းရဲ့ လမ်းလို့ အမည်ရတဲ့ဂီတလှူတ်ရှားမူကို ဦးဆောင်နေသူတစ်ဦးဖြစ်သလို နာရေးကူညီမူအသင်း (ရန်ကုန်)ရဲ့ ဂုဏ်ထူးဆောင် အသင်းသားလည်း ဖြစ်ပါတယ်။ သူဟာ ဇွန်လ ၁၀ ရက်နေ့ (တနင်္လာနေ့ )ကရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပ ပြုလုပ် တဲ့ပြည်ပရောက်မြန်မာ မိသားစုများရဲ့ ပြည်သူ့ဂုဏ်ရည်အသင်းမှ ချီးမြှင့်တဲ့ စတုတ္ထအကြိမ် ပြည်သူ့ဂုဏ်ရည်အထူး ဆုရှင်များအဖြစ် မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုး တိုးတက်ရေးကွန်ရက်မှ ဦးနေမျိုးဇင်၊ သောက်ရေသန့်နည်းပညာ ဖြန့်ဝေသူ ဦးသန်းနိုင် တို့ နဲ့ အတူရရှိခဲ့ပါတယ်။ ယခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် “အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေးကွန်ရက်” ကရရှိခဲ့သလို ပြည်သူ့ဂုဏ်ရည်အထူး ဆုရှင်အဖြစ် လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်းလူမှုကွန်ရက် လှုပ်ရှားမှုများမှ ဦးရဲလွင်(မဇ္ဈိမလှိုင်း)ရရှိခြင်း အပေါ် POPULARဂျာနယ်က အထူးဝမ်းမြောက် ဂုဏ်ယူမိပါတယ်။

Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ