ကိက်တီပယ်ရီ အယ်လ်ဘမ်သစ်အတွက် စိတ်ဖိစီးမှု ခံစားနေရ


နာမည်ကျော် ပေါ့ပ်အဆိုတော် ကိက်တီပယ်ရီ ဟာ သူ့ရဲ့နောက်ထွက်မယ့် အယ်လ်ဘမ်သစ်အတွက် စိတ်ဖိစီး နေတယ်လို့ ဝန်ခံ ပြောကြားခဲ့ကြောင်း Rtc Entertainment အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အခုထွက်မယ့် အယ်လ်ဘမ်အသစ်ကို ယခင် ထွက်ထားတဲ့ Teenage Dream အယ်လ်ဘမ်လောက် အောင်မြင်အောင် လုပ်ဆောင် နိုင်ပါ့မလားလို့ စိုးရိမ်နေမိတယ်လို့ ကိက်တီပယ်ရီက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ကျွန်မဟာ အရင်အယ်လ်ဘမ်တုန်းက ကံကောင်းခဲ့လို့များလား၊ ဒါမှမဟုတ် ပရိသတ်တွေကို ကျွန်မသီချင်းတွေက နံပါတ်တစ် နေရာအတွက် ထိုက်တန်တယ်လို့ ထင်သွားအောင် လှည့်စားနိုင်ခဲ့တာ များလားလို့ အယ်လ်ဘမ် အသစ်အတွက် အသံသွင်းရင်းနဲ့ တွေးမိတယ်” လို့ ကိက်တီပယ်ရီက Vogue မဂ္ဂဇင်းကို ပြောကြားခဲ့ပါတယ်။

ကိက်တီပယ်ရီဟာ သူ့ရဲ့အယ်လ်ဘမ်သစ် အတွက် သီချင်းဘယ်နှပုဒ် ရေးပြီးပြီဆိုတာ မပြောခဲ့ပေမယ့် အယ်လ်ဘမ် နာမည်ကိုတော့ Bad Photographs လို့ ပေးထားကြောင်း ပြောကြားခဲ့ပါတယ်။

“အယ်လ်ဘမ်နာမည်ကို Bad Photographs လို့ပေးဖို့ ကျွန်မစဉ်းစားထားပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ချစ်သူတွေက သူတို့ အဆင်ပြေ ပျော်ရွှင်နေတဲ့ အချိန်မှာပဲ ဓာတ်ပုံတွေ ရိုက်လေ့ရှိပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ဆက်ဆံရေး ပြတ်တောက်သွားတဲ့ အချိန်မှာတော့ အဆင်မပြေ၊ စိတ်ညစ်နေရတဲ့ အချိန်တွေမှာ ရိုက်ထားတဲ့ ဓာတ်ပုံတွေလည်း ရှိသင့်တာပဲလို့ တွေးမိကောင်း တွေးမိနိုင်ပါတယ်” လို့ ကိက်တီပယ်ရီက
ပြောကြားခဲ့ပါတယ်။

The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ