မြန်မာလူငယ် အသင်းနှင့် မလေးရှား (ခ) အသင်းတို့ သရေကျ

အာဆီယံလူငယ် ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ ပွဲစဉ်(၅) အဖြစ် မြန်မာ လူငယ် အသင်းနှင့် မလေးရှား (ခ)အသင်းတို့ ယနေ့ ညနေ ၄ နာရီက အောင်ဆန်းကွင်းတွင် ယှဉ်ပြိုင် ကစားကြရာ တစ်ဖက်တစ်ဂိုး စီဖြင့် သရေကျခဲ့သည်။

အိမ်ရှင် မြန်မာအသင်းမှာ ပွဲချိန်မိနစ် ၉ဝ အထိ ရှုံးနိမ့်နေသော်လည်း နာကျင် အချိန်ပိုတွင် သွင်းယူခဲ့သော နောက်ကျ ချေပဂိုးဖြင့် သရေတစ်မှတ် ရရှိခဲ့ခြင်း ဖြစ်သည်။ ပွဲအစ နှစ်မိနစ်မှာပင် ဇူစလီက မလေးရှား အတွက် ဂိုးစတင်သွင်း ယူခဲ့ပြီး မြန်မာအသင်း အတွက် ချေပဂိုးကို ကျော်ဇင်ဦးက သွင်းယူခဲ့သည်။ မြန်မာအသင်းမှာ ခြေအသာဖြင့် ကစား နိုင်သော်လည်း အဆုံးသတ်ဂိုးသွင်း မသေချာ၍ သရေ တစ်မှတ်သာ ရရှိခဲ့ခြင်း ဖြစ်သည်။

မြန်မာအသင်းသည် ယင်းပြိုင်ပွဲတွင် အုပ်စု(ခ)၌ ပါဝင်နေပြီး ငါးပွဲကစား အပြီးတွင် တစ်ပွဲနိုင်၊ သုံးပွဲသရေ၊ တစ်ပွဲရှုံး ခြောက်မှတ် ရရှိထားသည်။ အဖွင့်ပွဲစဉ်တွင် အင်ဒိုနီးရှားကို ၃ ဂိုး- ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ဖိလစ်ပိုင်ကို ၄ ဂိုး- ၁ ဂိုးဖြင့် ပြန်လည် အနိုင်ရရှိ ခဲ့သည်။ ဘရူ နိုင်းနှင့် ၂ ဂိုးစီ သရေ၊ လာအိုနှင့် ၁ ဂိုး စီသရေ၊ ယခု မလေးရှားကို ၁ ဂိုးစီ သရေကျ ထားခြင်း ဖြစ်သည်။ မြန်မာအသင်းသည် ဇွန် ၂၉ ရက်တွင် မလေးရှား (ခ)အသင်းနှင့် အဝေးကွင်း ပွဲစဉ် ယှဉ်ပြိုင် ရမည် ဖြစ်သည်။

မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ