ဟီဂူရင်းကို ဂျူဗင်းတပ်စ်က ကမ်းလှမ်းရန် စီစဉ်

အသက်(၂၅)နှစ်ရှိ ဟီဂူရင်းသည် ယခုနွေရာသီတွင် ဘာနေဗျူးကို စွန့်ခွာပြီး အသင်းပြောင်းမည်ဟု အတည်ပြု ပြောကြားထားသလို အာဆင်နယ် အသင်း၏ စိတ်ဝင်စားမှုကို ကြိုဆိုကြောင်းလည်း ဖွင့်ဟထားသည်။ 

အာဆင်နယ် အသင်းက စိတ်ဝင်တစား ချိတ်ဆက်နေသော ဂွန်ဇာလို ဟီဂူရင်းကို ဂျူဗင်းတပ်စ် အသင်းက ကြားဝင် ကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရှိရသည်။ ရီးယဲလ်မက်ဒရစ် အသင်းမှ ထွက်ခွာရန် စိတ်ပိုင်းဖြတ်ထားသော အာဂျင်တီးနား လက်ရွေးစင်ကို ကမ္ဘာ့အဆင့် ထိပ်တန်းတိုက်စစ်မှူးတစ်ဦး ရှာဖွေနေသည့် အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးက စိတ်ဝင်စားလျှက် ရှိသည်။ အသက်(၂၅)နှစ်ရှိ ဟီဂူရင်းသည် ယခုနွေရာသီတွင် ဘာနေဗျူးကို စွန့်ခွာပြီး အသင်းပြောင်းမည်ဟု အတည်ပြု ပြောကြားထားသလို အာဆင်နယ် အသင်း၏ စိတ်ဝင်စားမှုကို ကြိုဆိုကြောင်းလည်း ဖွင့်ဟထားသည်။ ဝင်းဂါးသည် ဟီဂူရင်းကို ပြောင်းရွှေ့ကြေး ပေါင်စတာလင် (၁၉)သန်း ပေးချေကာ တစ်ပတ် ပေါင်စတာလင် (၁၅၀၀၀၀)ဖြင့် စာချုပ်ရန် ကမ်းလှမ်းမည်ဟု သတင်းများ ထွက်ပေါ်နေသည်။

ဂျူဗင်းတပ်စ်ကလည်း ဟီဂူရင်းကို ခေါ်ယူနိုင်ခြင်းဖြင့် အသင်း၏ ပြည်တွင်း ချန်ပီယံဘွဲ့ကို ကာကွယ်ရန်အပြင် ဥရောပ အောင်မြင်မှုများအတွက်ပါ မျှော်လင့်လာနိုင်မည်ဟု ယုံကြည်နေသည်။ ရီးယဲလ်ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ်သည်လည်း အဆိုပါ ကိစ္စနှင့် ပတ်သက်၍ စီးရီးအေ ထိပ်တန်း အသင်းကြီးနှင့် ဆွေးနွေးမှုများ ပြုလုပ်ပြီးဖြစ်ကြောင်း ယုံကြည်ရဖွယ် ရှိသည်။ ရီးယဲလ်သည် ဟီဂူရင်းကို ရောင်းချရန် ရာခိုင်နှုန်း များနေသော်လည်း နည်းပြသစ် ခန့်အပ်မှု မပြီးမီ လက်လွှတ်ဖွယ် မရှိသေးချေ။ ထို့အပြင် ဈေးကွက်ထဲတွင် တိုက်စစ်မှူးကောင်း ရှားပါးနေခြင်းကလည်း ရီးယဲလ်အတွက် ဟီဂူရင်းနေရာ အစားထိုးရေး အကျပ်တွေ့စေမည့် အနေအထားတစ်ခုသဖွယ် ဖြစ်နေကြောင်း သိရှိရသည်။

Source: TheSun
Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ