ချောကလက်က အခုဆိုရင် ဂျာနယ်၊မဂ္ဂဇင်းတွေအတွက် အလှဓာတ်ပုံတွေ ရိုက်ဖြစ်သလို၊ ဗီစီဒီ သီချင်း အခွေတွေမှာလည်း ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံထားရသူလည်းဖြစ်ပါတယ်။ သန္တာလှိုင်နဲ့ဇင်အောင်(MRTV-4))မှ ပူးပေါင်း တင်ဆက်တဲ့ မော် ဒယ်အကယ်ဒမီမှာပရိုမိုအဖြစ်ပါဝင်ရိုက် ကူးထားပါတယ်။Who is Photogenic Season 3 လည်း ဝင်ပြိုင်မှာပါ။ ဒါရိုက်တာကိုဗခ၊ မင်းသားစည်သူဝင်းနဲ့ မြဝတီက ဇာတ်လမ်းတွဲ မှာလည်း ပါဝင်ရိုက် ကူးထားသူလည်းဖြစ်ပါတယ်။ခေတ်ရေစီးကြောင်းပြောင်း လဲလာတာနဲ့အမျှ မြန်မာမိန်းကလေးတစ်ယောက်ဖြစ်တဲ့ချောကလက် ကမြန်မာ့ယဉ်ကျေးမှုနဲ့မသင့်တော်တဲ့ဝတ်စားဆင်ယင် မှုတွေ ရှောင်ကြဉ်ရမယ်ဆိုတာ နားလည်ထားသူ ဖြစ်ပါတယ်။လူမင်း ရိုက်ထားတဲ့ ‘ဘောင်’ ဆိုတဲ့ဗီဒီယိုဇာတ်ကားမှာ ဇာတ်ကောင်စရိုက် ပေါ် လိုက်ပြီးလိုက်လျောညီစွာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ လက်ရှိမှာ ဖခင်ဖြစ်သူရဲ့Thiri Sandi Co;Ltd မှာ ချောကလက်ကမန်နေဂျင်း ဒါရိုက်တာလုပ်နေပါတယ်။ဖခင်ရဲ့ပံ့ပိုးမှုကြောင့် ရုပ် ရှင်ရိုက်ကူးဖြစ် ခဲ့ပြီးကာရိုက်တာမျိုးစုံသရုပ်ဆောင် ချင်သူဖြစ် ပါတယ်။အနယ်နယ် အရပ်ရပ်မှာရှိတဲ့ ပရိသတ်ကြီးကလိုအပ် တာရှိရင်ဖြည့်စွက် နားလည်ပြီး ဝေဖန်အကြံပြုပေးကြပါလို့ အမြဲတမ်းကြိုး စားနေသူဖြစ်တဲ့ ချောကလက်ကဆိုပါတယ်။ ချောကလက် ကိုအမှတ်၁၂၂၊ ၄၁လမ်း၊ ဗိုလ်တထောင်မြို့ နယ်၊ဖုန်း-၃၈ဝ ၁၅၄သို့ ပရိသတ်ကြီး ဆက်သွယ်နိုင်ပါတယ်။
Popular Journal
အနုပညာတစ်ခေတ်ထုဆစ်ပြဦးမယ့် ချောကလက်
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
Entertainment
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin