တောင်ကိုရီးယား နာမည်ကျော်မင်းသား လီဗြောင်ဟွမ်း လက်ထပ်တော့မည်

တောင်ကိုရီးယားအပြင် ဟောလီးဝုဒ်ထိ ထိုးဖောက်နိုင်ခဲ့သော အသက်(၄၂)နှစ်ရှိ ရုပ်ရှင်မင်းသားသည် မင်းသမီး လီမင်ဂျန်ကို ဩဂုတ်လတွင် လက်ထပ်သွားမည်ဟု ၎င်း၏ အေးဂျင့်က ပြောကြားခဲ့သည်။
တောင်ကိုရီးယား နာမည်ကျော် ရုပ်ရှင်စတား လီဗြောင်ဟွမ်းသည် ယခုအခါ လက်ထပ်ပွဲအတွက် ပြင်ဆင်နေပြီဟု သိရှိရသည်။ တောင်ကိုရီးယားအပြင် ဟောလီးဝုဒ်ထိ ထိုးဖောက်နိုင်ခဲ့သော အသက်(၄၂)နှစ်ရှိ ရုပ်ရှင်မင်းသားသည် မင်းသမီး လီမင်ဂျန်ကို ဩဂုတ်လတွင် လက်ထပ်သွားမည်ဟု ၎င်း၏ အေးဂျင့်က ပြောကြားခဲ့သည်။ ဗြောင်ဟွမ်းသည် Masquerade ဇာတ်ကားတွင် နောက်ဆုံး ပါဝင် သရုပ်ဆောင်ထားသည်။ ၎င်းသည် ယခင်က ရုပ်ရှင်ကြယ်ပွင့် မင်းသမီး အချို့နှင့် ဇာတ်လမ်း ရှိခဲ့ဖူးသော်လည်း မင်ဂျန်နှင့်မူ နှစ်ပေါင်းအတန်ကြာ တွဲဖြစ်ခဲ့သည်။ အသက်(၃၁)နှစ်ရှိ မင်ဂျန်၏ အေးဂျင့်ကလည်း ယခုသတင်းကို အတည်ပြုခဲ့သည်။

တောင်ကိုရီးယား ရုပ်ရှင်ရပ်ဝန်း၏ ကြယ်နှစ်ပွင့်သည် ဩဂုတ်လ (၁၀)ရက်နေ့တွင် ထိမ်းမြားမည်ဟု သိရှိရသည်။ ဗြောင်ဟွမ်းသည် Irisကဲ့သို့ ရုပ်ရှင် ဇာတ်လမ်းတွဲများတွင် အောင်မြင်ခဲ့သလို ဟောလီးဝုဒ်၌ နာမည်ကျော်ခဲ့သော G.I Joe ဇာတ်ကားနှစ်ခုတွင်လည်း ပါဝင် သရုပ်ဆောင်ထားသည်။ အာရှတိုက်တစ်ခွင် ထိုးဖောက်နိုင်ခဲ့သော All In ဇာတ်လမ်းတွဲများမှာလည်း ဗြောင်ဟွမ်း၏ အောင်မြင်မှုကို ပိုမို ခန့်ထည်စေခဲ့သည်။ ၎င်းသည် ဟောလီးဝုဒ် အက်ရှင်ဇာတ်မြူးဖြစ်သည့် Red 2တွင်လည်း ဟောလီးဝုဒ်ကြယ်ပွင့် ဘရုစ်ဝီလီနှင့်အတူ တွဲဖက် သရုပ်ဆောင်ခဲ့သည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ