မြန်မာနိုင်ငံ အနေနဲ့ တင်းနစ်အားကစား ရော၊ Davis Cup ပြိုင်ပွဲပါ မကျင်းပနိုင်တဲ့ အတွက် စိတ်မကောင်း ဖြစ်ရကြောင်း ပြေတီဦး ပြော

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမယ့် ၂ဝ၁၃ ဆီးဂိမ်း အားကစား ပြိုင်ပွဲမှာ တင်းနစ်အား ကစား မပါဝင်လို့ စိတ်မကောင်း ဖြစ်ရသလို၊ ဒီဧပြီလမှာပဲ ယှဉ်ပြိုင်ရမယ့် Davis Cup  ပြိုင်ပွဲကို ကျင်းပဖို့ စီစဉ် ထားရာ ကနေ ပျက်သွားတဲ့ အတွက် တအား စိတ် မကောင်း ဖြစ်ရတယ်လို့ အနုပညာရှင် တစ်ဦး လည်းဖြစ်၊ တင်းနစ် အားကစားသမား လည်းဖြစ်တဲ့ ပြေတီဦးက အခုလို ပြောပြခဲ့ပါတယ်။
“ကျွန်တော် ပထမဦးဆုံး စသိတာက ဆီးဂိမ်း အရင် လာတာပေါ့ Davis Cup ကို မသိသေးဘူး။ ဆီးဂိမ်းမှာ တင်းနစ် အားကစားကို မထည့်ဘူးဆိုတဲ့ သတင်း ကြားရတယ်။ တအား စိတ်မကောင်းဖြစ်တယ်။ တအား ဝမ်းနည်းတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်း တင်းနစ်ကို တအား ဝါသနာပါပါတယ်။ တင်းနစ်မှ မဟုတ်ဘူး။ အားကစားတော်တော် များများကို ဝါသနာပါတယ်။ ဒါပေမဲ့ ဒီအချိန်မှာတော့ တင်းနစ်ကို ကစားဖြစ်နေ တာပေါ့။ ကျွန်တော်တို့ နိုင်ငံက အိမ်ရှင် အဖြစ်နဲ့ လက်ခံမယ်လို့ ကျွန်တော်တို့ စဉ်းစား ထားကြပြီး ဆုံးဖြတ်ပြီး သွားကြပြီ။ ဘယ်လိုပဲ ဖြစ်နေဖြစ်နေ ကျွန်တော် တို့ ဘက်ကနေ တာဝန်ယူနိုင် အောင် ကြိုးစား ရမှာပဲလေ။ အားလုံး ပြည့်စုံအောင် မလုပ် နိုင်ဘူး ဆိုရင်တော့ အစောကြီး ကတည်းက မလုပ်တာ အကောင်းဆုံးပဲလေ။ တင်းနစ် အားကစားဆို တာ ကမ္ဘာကျော် အားကစားတစ်ခု၊ ကမ္ဘာပေါ်မှာ သိပ် နာမည်ကြီးတဲ့ အားကစား တစ်ခု၊ ဥပမာ တင်းနစ် အားကစားသမား တစ် ယောက်ရဲ့ ဝင်ငွေဆို ရင် အားကစား သမားတွေထဲမှာ အမြင့်ဆုံး ဆိုတဲ့ စံချိန် တွေ ထဲမှာပါတယ်။ ကမ္ဘာပေါ်မှာ လည်း ဒီပရိသတ်က သန်း နဲ့ ချီပြီးရှိတယ်။ ကမ္ဘာကျော် အားကစား တစ်ခုကို ဘာဖြစ်လို့ မထည့်တာလဲပေါ့။ ပထမ ထင်လိုက်တာက လုံလောက်တဲ့ ကွင်း၊ အဆင့် အတန်းမီတဲ့ ကွင်းမရှိလို့ လားပေါ့။ အဆင့်အတန်းမီတဲ့ ကွင်းမရှိလည်း ထည့်ကို ထည့်ရမှာပဲ။ တခြားနိုင်ငံတွေ ကလည်း ဝိုင်းပြီးတော့ Complain တက်ကြတယ်။ တင်းနစ်ကို မထည့်ဘူးဆိုတာ ဘယ်လိုမှ မဖြစ်သင့်ဘူး။ ဒီလို မထည့်နိုင်ဘူး ဆိုတာက ကျွန်တော် တို့နိုင်ငံရဲ့ သိက္ခာကျတာပေါ့။ ကွင်းတွေ အဆင် မပြေဘူးဆိုလည်း ထားလိုက်ပါတော့လေ မတတ်နိုင် ဘူးပေါ့။ သိပ်မကြာခင်မှာပဲ သတင်းတစ်ခု ထပ်ကြားတယ်။ Davis Cup ကို မြန်မာပြည်ကနေ တာဝန်ယူပြီး လုပ်မယ်ပေါ့။ တကယ် ရိုက်ရမှာက ဧပြီလ၂၂ရက်နေ့ ရိုက်မှာ။ ကျွန်တော် တို့ ကြားတာက ဧပြီလ ၁၃၊၁၄ လောက်မှ ဒီပြိုင်ပွဲကို လုပ်ခွင့်မပြု ဘူးဆိုပြီး စာထွက်လာတယ်။ ထွက်လာတဲ့ စာကလည်း ရုံးပိတ်ရက်ကြီးမှာ ထွက်လာ တယ်။ ကျွန်တော်တို့ စဉ်းစားတာကတော့ ကျွန်တော်တို့ နိုင်ငံမှာ ပဋိပက္ခတွေ ဖြစ်သွားတယ် ဆိုတာ မှန်တယ်။ ဒါပေမဲ့ အခုလာတဲ့ အားကစားသမားတွေ ကျတော့ လာတဲ့ လူတွေကို လုံခြုံရေးက သေချာ စစ်ဆေးလို့ရတယ်။ ကျွန်တော်တို့နိုင်ငံ မှာ တင်းနစ် အားကစား ဆိုတာက ပရိသတ်တွေ ထောင်နဲ့ သောင်းနဲ့ချီပြီး လာကြည့်တဲ့ အားကစား မဟုတ်ဘူး။ ကိုယ့်ဘာသာကိုယ်ပဲ ကွင်းထဲမှာ ဟိုဘက်၊ ဒီဘက် ကစားကြတာ ဆိုတော့ ဘာပြဿနာ မှမရှိဘူး။ လုံခြုံရေးသာ တင်းတင်းကျပ်ကျပ်ပေး မယ် ဆိုရင် ဘာမှမဖြစ်နိုင်ဘူး။ ဒီပွဲနှစ်ပွဲလုံး မကျင်းပဖြစ်လို့ တအား စိတ်မကောင်း ဖြစ်ပါတယ်။ နောက်ဆိုရင် ကျွန်တော်တို့  မြန်မာနိုင်ငံ အနေနဲ့ နိုင်ငံတကာကို အိမ်ရှင် အဖြစ်နဲ့လက်ခံပြီး ကျင်းပ နိုင်မယ့် အခွင့်အရေး က နည်းသွားတာပေါ့။ နောက် ဆိုရင် ကျွန်တော်တို့ နိုင်ငံကို ယုံကြည်မှု ဆိုတဲ့ အခွင့်အရေးက အများကြီး နည်းသွားတာ ပေါ့” လို့ပြောပါတယ်။ ပြေတီဦး နဲ့ အိန္ဒြာကျော်ဇင် တို့က ဒုတိယမြောက် ရင်သွေးကို ထပ် ယူဖြစ် တဲ့ အကြောင်း အရင်း ကိုလည်း ပြေတီဦး က “သမီးလေး အတွက်ပါပဲ။ သမီးလေးက တစ်ယောက်တည်း အထီးကျန် ဖြစ်မှာ စိုးလို့ သူ့အတွက် အဖော်လေး တစ်ယောက်တော့ အနည်းဆုံး ရှိသင့်တာပေါ့။ ကလေး တစ်ယောက် အတွက် ပူရတဲ့ အပူက သိပ်ကြီး လွန်းတယ်။ သမီးလေး အတွက် အဖော်တစ်ယောက် လိုတယ် ဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့် နောက်ထပ် တစ်ယောက် ယူဖို့ ဆုံးဖြတ်လိုက်တာပါ” လို့ ပြောပါ တယ်။

ခိုင်ဝေလွင်
By Popular Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ