သွေးလွန်တုပ်ကွေးရောဂါ ( Dengue fever )


( သွေးလွန်တုပ်ကွေးနှင့်ပတ်သက်ပြီး အထူးသတိပေးခြင်းနှင့် ကျန်းမာရေး အသိများသိရှိစေရန် မကြာခဏတင်ပြပေးခဲ့ပါတယ် ယခု ထပ်မံပြီး ဂရုစိုက်စေချင်လို့ သိသင့်တာကို ဆက်လျက် တင်ပြပေးပါသည် .... mg mandalay )

သွေးလွန်တုပ်ကွေးရောဂါကို အားလုံးသိထားသည့် ခြင်ကြောင့်ဖြစ်သည့်ရောဂါတစ်မျိုးဘဲဖြစ်ပါတယ် အေးဒီစ် အမျိုးအစားသည်သာ သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုးကို သယ်ဆောင်နိုင်သည်ခြင်ဖြစ်ပါတယ် သွေးလွန်တုပ်ကွေးဖြစ်နေသည့်လူတစ်ယောက်ကို ကိုက်လိုက်ပြီး ဌင်းခြင်သည့်နောက်တစ်ယောက်ကို ကိုက်လိုက်ပါက ကူးစပ်ခြင်းဖြင့် သွေးလွန်ုတုပ်ကွေးရောဂါ ထပ်မံကူးစက်ပြန့် ပွားပါတော့သည် ။

သွေးလွန်တုပ်ကွေးစဖြင်သည့်အနေအထားတစ်ခုကိုပြောပြရရင် ရိုးရိုးပုံမှန်ဖျားသည့်အတိုင်းစဖြစ်လာပါတယ် အဲလိုချိန်မှာ ဝေဒနာခံစားရသူသည် တစ်ကိုယ်လုံးကိုက်လာပါတယ် အဲလိုဖြစ်နေသည့် ကလေးတွေက ခံစားမှု့ ကို မပြောတက်တော့ ဖျားနေသည့်ကလေးကို မိဘများက ပုံမှန်ဖျားနေသည့်အတိုင်းထင်ပြီး ရက်အနည်းငယ်ကြာလာလို့ မပျောက်နိုင်ဖြစ်လာတော့မှာ ဆေးရုံးကိုရောက်လာကြတာများပါတယ် ဒါကြောင့်လဲ မဖြစ်သင့်တာတွေလွန်တာတွေဖြစ်လာတော့ နောက်ဆက်တွဲ စိတ်မကောင်းဝမ်းနည်းစရာများစွာဖြစ်ပေါ်ခဲ့ကြပါတယ် အခုတင်ပြသည့် အပိုင်းကို ကလေးမိဘများတိုင်း အထူးသိထားသင့်သည့်အချက်တစ်ခုပါ ။

သွေးလွန်တုပ်ကွေးအမျိုးအစား (၃)မျိုးဖြင့် တုပ်ကွေးကွေးကြပါတယ်။
(၁) Dengue Fever ကတော့ ပုံမှန်ဖျားနာ တုပ်ကွေးပါ
(၂) Dengue Hemorrhagic Fever (DHF) ဒီအမှတ်စဉ်ကတော့ ပြင်းထန်းစွာဖြစ်ပေါ် နိုင်သည့်တုပ်ကွေးဖြစ်ပါတယ် ဘာဖြစ်လို့ လဲဆိုတော့ သွေးယိုစိမ့်မှု့ အပိုင်းတွေဖြစ်ပေါ်လာလို့ ပါ ။
(၃) Dengue Shock Symdrome အဆင့်ရောက်နေရင်တော့ နောက်ကျနေတယ်လို့ တောင် ပြောလို့ ရသည် ဖျားနာတုပ်ကွေးအမျိုးအစားများထဲ့က ဝေဒနာရှင်တစ်ယောက်ကို ပြောင်းလဲသွားစေနိုင်လို့  အထူးသတိထား ကြပ်မတ်ကုသရတော့သည့် အပိုင်းဖြစ်ပါတယ် အလွန်ပင်အရေးသည်လို့ တောင် ဆိုလိုရပါတယ် ။

ကလေးငယ်တစ်ယောက်သည့် ပုံမှန်ဖျားနာခြင်းစဖြစ်ပြီး အပြင်းဖျားလိုက် သက်သလာလိုက်ဖြစ်နေတယ်ဆိုပြီးတော့ မပေါ့ဆသင့်ပါဘူး ကလေးတွေမှာ အဖျားကျတယ်ဆိုရင် ဆော့ကစားချင်သည့်စိတ်တွေဖြစ်လို့ ဆော့ပါတယ် ဒီရောဂါကြတော့ သွေးလန့် လို့ သာ အဖျားကျပြီး ကလေးမှာ မှေးနေပါတယ် အဲလို့ ဖြစ်နေပြီးဆိုရင် ရက်အနေအားဖြင့် ၃ ရက်ကျော်လာရင်တော့ မိဘများ ၊ အုပ်ထိန်းသူများအနေဖြင့် ဆေးရုံးဆေးခန်းသို့ ချက်ခြင်းသွားရောက်ကုသမှု့ ခံယူပါလို့  ပြောကြားလိုပါတယ် ။

မလွန်ခင်က ကုသခြင်းဖြင့် အသက်ကို ကယ်တင်နိုင်မှာဖြစ်လို့ ပါဘဲ တစ်ချို့ မိဘတွေ မိတ်ဆွေတွေမှာ ဒါလေးတွေကောင်းတယ် သူတို့ တွေလဲ ဒါနဲ့ ပျောက်ကြတယ်ဆိုပြီး နားယောင်လိုက်တက်ကြပါတယ် အဲလိုမျိုးတွေ လျှောက်နေကြလို့ လဲ မဖြစ်သင့်သည့်ခံစားရသည့်လူတွေ မနည်းတော့ပါဘူး ။ အကောင်းဆုံးကတော့ ဆေးရုံးကိုသာ ကုသပါလို့ တိုက်တွန်းပြောကြားလိုက်ပါသည် ။

Mg Mandalay
https://www.facebook.com/mg.mandalay

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ