လူခန္ဓာကိုယ်စွမ်းအင်အတွက်စားပါ ရှောင်ပါ
လူခန္ဓာကိုယ်တစ်နေ့တာ စွမ်းအင်တွေအတွက် မနက်စာသည် အဓိကအစားအစာဖြစ်သလို မနက်စာကြောင့် စွမ်းအင်လည်းရရှိစေပါသည် ။ မနက်စာ မစားမိခြင်း မစားခြင်း အကြောင်းအမျိုးမျိုးကြောင်းမနက်စာ မစားလိုက်ဘူး ဆိုရင် ခန္ဓာကိုယ်အတွင်း သကြားဓာတ်ပမာဏ နည်းသွားပါသည် အဲဒီအခါ ခန္ဓာကိုယ်မှာ အင်အားစွမ်းအင် ရရှိမှု့
လူခန္ဓာကိုယ်တစ်နေ့တာ စွမ်းအင်တွေအတွက် မနက်စာသည် အဓိကအစားအစာဖြစ်သလို မနက်စာကြောင့် စွမ်းအင်လည်းရရှိစေပါသည် ။ မနက်စာ မစားမိခြင်း မစားခြင်း အကြောင်းအမျိုးမျိုးကြောင်းမနက်စာ မစားလိုက်ဘူး ဆိုရင် ခန္ဓာကိုယ်အတွင်း သကြားဓာတ်ပမာဏ နည်းသွားပါသည် အဲဒီအခါ ခန္ဓာကိုယ်မှာ အင်အားစွမ်းအင် ရရှိမှု့လျော့နည်းသွားပြီး ဦးနှောက် အလုပ် လုပ်ပုံကိုပါ ထိခိုက် လာစေသလို မောဟိုက်လွယ်ခြင်း ၊ ရင်တုန်ခြင်း ကိုယ်လက်မအိမသာဖြစ်ပြီး စိတ်မကြည်ခြင်းပါ ဖြစ်ပေါ်လာနိုင်သည့်အတွက် မနက်စာမစားမိခြင်းဖြစ်ရပ်ကိုရှောင်ခါ စားသုံးရပါမည် ။
ဆီများများအသုံးပြု့ခါ ချက်ပြုတ်ခြင်း၊ကြော်လှော်မုန့်သရေစာများကြောင့် မိမိခန္ဓာကိုယ်အလေးချိန်ဝိတ်တက်လာနိုင်ပြီး စိတ်ဖိအားကိုပါဖြစ်ပေါ်နိုင်သည် ။ ဒါကြောင့် ဆီကြော်အစားအစာများ ဆီပါဝင်နှုန်းများ
သောအစားအစာများကိုလျှော့ခါ စားသုံးသင့်ပါသည် ။
ရေနှင့်ဖျော်စပ်ထားသော အချိုရည်များ ၊ သစ်သီးများကိုရေဖြင့်စိမ်ထားသောရေများကို များများသောက်ပြီး ရေသီးသန့် ရေသန့်ရေသောက်သုံးခြင်းနည်းပါက ဦးနောက်အတွင်လိုအပ်သော အောက်စီဂျင်နည်းပါးသဖြင့်
ဦးနောက်ကြည်လင်လန်းဆန်းမှု့ နည်းခြင်း ၊ ကိုယ်အပူချိန်ညီမျှထိန်းသိမ်းစွမ်းအင်နည်းပါးခြင်း နှင့်အတူ အသားအရေစိုပြေမှု့အတွက်ပါ လျှော့နည်းကျဆင်းပြီး ခြောက်စေပါသည် ။ ရေသီးသန့်ကို များများသောက်သုံးခြင်းသည့်လည်း စိတ်ကြည်လန်းဆန်းစေမှု့ဖြစ်ပေါစေပါသည် ။
ဟင်းချိုမုန့် ၊ သကြားနှင့် ဆားပါဝင်များသော အစားအစာများ ၊ ဟင်းလျာများ စားသုံးတက်ခြင်း အလေ့အထကို ရှောင်ရှားစားသောက်သင့်ပါသည် ။ အစားများခြင်းက သွေးဖိအားကို တိုးစေပါတယ်။
ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်ကတစ်ဆင့် မိမိ၏ စိတ်ညစ်ညူးမှု ဖြစ်လာစေသလို ကိုယ်စိတ်မအီမသာဖြစ်ခြင်း ၊ နှလုံးခုန်မမှန်ခြင်း ၊ ခေါင့်းမကြည်ခြင်းဖြစ်ပေါ်စေပါသည် ။ မိမိကျန်းမာရေးရေရှည်အတွက်ပါ ဆိုးကျိုးများစွာသာ ဖြစ်ပေါစေသောကြောင့် သတိချပ်ခါ ရှောင်ရှားစားသုံးသင့်ပါတော့သည် ။
Mg Mandalay
https://www.facebook.com/mg.mandalay
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin