မီးဖွားကာလ ပိုမိုတိုတောင်းစေမည့် လွယ်ကူစိတ်ချရသော နည်းလမ်းတစ်ခု


ကလေးမွေးဖွားစဉ် မီးဖွားချိန် ကြာမြင့်ခြင်းက မိခင်ရော၊ ကလေး ကျန်းမာရေးပါ ထိခိုက်စေနိုင်ပါ တယ်။ မီးဖွားသည့်ကာလကို လျော့ချ ပေးနိုင်တဲ့ ဆေးဝါးကုထုံးတွေက အတော့်ကို နည်းပါးပါတယ်။ ဒါကြောင့် ကနေဒါရှိ University de Sherbrooke မှ သုတေသီတွေ က ကလေးစတင်မွေးဖွားသည့် မိခင် များ၌ သွေးကြောမှတဆင့် ဂလူးကိုစ် ဖျော်ရည်(Dextrose Solution) သွင်းခြင်းအား မီးဖွားကာလကို တိုတောင်းစေခြင်းဟူသော ခေါင်း စဉ်နဲ့ သုတေသနတစ်ခု လုပ်ခဲ့ပါ တယ်။ ကနဦးရလဒ်အဖြစ် မီးဖွား စဉ်ကာလကို တိုင်းတာခဲ့ကြပါတယ်။ သုတေသနမှာ ကိုယ်ဝန်ဆောင် အမျိုးသမီး ၂၀၀ ခန့်ပါဝင်ခဲ့ပြီး ၎င်းင်း တို့ကို ကျပန်းနှစ်ဖွဲ့ခွဲ၍ တစ်ဖွဲ့ကို ပုံမှန်ဆားပျော်ရည် (Normal Saline)ပေး၍ ကျန်တစ်ဖွဲ့ကို Dextrose Solution ပေးခဲ့ပါတယ်။

ရလဒ်များအရ Dextrose Solution ပေးသော အုပ်စုတွင် မီးဖွားသည့်ကာလ ပျမ်းမျှ ၇၅ မိနစ် ခန့် ပိုနည်းတာ တွေ့ရပါတယ်။ ဒါ့အပြင် အခြားဘေးထွက်ဆိုးကျိုး များနဲ့ ကလေးအပေါ် ရလဒ်များ လည်း ခြားနားခြင်းမရှိတာကို တွေ့ရ ပါတယ်။ သုတေသီတွေကတော့ ဂလူးကိုစ်ဖြည့်စွက်ဖျော်ရည်က ဘေး ထွက်ဆိုးကျိုး တစ်စုံတရာမရှိပဲ မီးဖွားသည့်ကာလကို သိသာစွာ တိုတောင်းစေတဲ့အတွက် အမျိုးသမီး တွေအတွက်တော့ သတင်းထူးတစ်ခု ပါပဲလို့ ဆိုပါတယ်။ ယင်းကဲ့သို့ ဖြစ် စေသည့် အဓိကအချက်မှာ ဂလူး ကိုစ်က <ကက်သားများရဲ့ စွမ်းဆောင် ရည်ကို ပိုတိုးစေတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/pg/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ