နေ့စဉ်ကော်ဖီသောက်ခြင်းက ဆီးချိုရောဂါကို ကာကွယ်ရာရောက်


ကော်ဖီ ကြိုက်သူများအတွက် သတင်းကောင်းလေးပါ။
''ကော်ဖီကို ရံဖန်ရံခါမှ သောက်သူ တွေထက်စာရင် ကော်ဖီကို နေ့စဉ်ပုံမှန် သောက်သူများဟာ ဆီးချိုရောဂါ အမှတ် (၂)ဖြစ်နိုင်ခြေအလားအလာ နည်းပါး နိုင်တယ်''လို့  ပြင်သစ်နိုင်ငံအခြေစိုက်AFP သတင်းဌာနမှ သတင်းထုတ်ပြန် သွားခဲ့ပါတယ်။
ဆီးချိုရောဂါ အမှတ်(၂) ဆိုတာ ခန္ဓာကိုယ်ထဲမှာ အင်ဆူလင်ကို တုံ့ပြန် နိုင်အား ကျဆင်းလာတဲ့အတွက် အင်ဆူ လင် မလိုအပ်ဘဲ အင်ဆူလင်ကို တုံ့ပြန် ပေးနိုင်စွမ်းသော ဆေးဝါးများ လိုအပ် ခြင်းကြောင့် ဖြစ်တဲ့ရောဂါတစ်မျိုးပါ။ ပျမ်းမျှအသက် ၃၅ အထက်မှာ စဖြစ် လေ့ရှိပြီး သွေးတိုး၊ နှလုံးရောဂါတို့နဲ့ ဆက်စပ်နေပါတယ်။ သက်ကြီးပိုင်း ဖြစ် လေ့ရှိတဲ့ ဆီးချိုရောဂါ၏ ရာခိုင်နှုန်း ၉ဝ ခန့်က ထိုဆီးချိုရောဂါအမှတ်(၂)ပဲ ဖြစ် ပါတယ်။
ယခုလို ကော်ဖီနှင့် ဆီးချိုရောဂါ ဆက်စပ်မှုသုတေသနကို Diabetologia အသင်းအဖွဲ့မှ စေတနာရှင် ကျန်းမာရေး ဝန်ထမ်းဦးရေ ၁၂ဝဝဝဝ ကျော်နှင့် လေ့ လာဆန်းစစ်ခဲ့ပါတယ်တဲ့။ လေးနှစ်ကြာမျှ ကော်ဖီစွဲသောက်လာခဲ့ကြသူများဖြစ်ကြ သော ထိုကျန်းမာရေး ဝန်ထမ်းများကို အုပ်စုနှစ်စုခွဲ၍ လေ့လာကြည့်တဲ့အခါမှာ (က)တစ်နေ့ကို ကော်ဖီပျမ်းမျှ တစ်ခွက် သို့မဟုတ် တစ်ခွက်ခွဲသောက်လေ့ရှိသူ ဟာ ဆီးချိုရောဂါ အမှတ်(၂) ဖြစ်နိုင်ခြေ အလားအလာ ၁၁ ရာခိုင်နှုန်း နည်းပါး ကြောင်း၊ (ခ) တချို့နေ့တွေမှာ ပုံမှန် သောက်နေကျတစ်ခွက်ထက်ပို၍နှစ်ခွက် တိတိ သောက်တတ်သူများဟာ ဆီးချို ရောဂါအမှတ်(၂)ဖြစ်နိုင်ခြေအလားအလာ ၁၈ ရာခိုင်နှုန်းထိ နည်းပါးသွားကြောင်း၊ (ဂ)ဘော့စတွန်နိုင်ငံရှိThe Harvard School of Public Health မှShilpa Bhupathiraju ဆိုသူက ထို သုတေသန ကို ဦးဆောင်သူဖြစ်ကြောင်းThe European Association for the Study of Diabetes (ခေါ်) ဆီးချိုရောဂါ လေ့လာ စောင့်ရှောက်ရေး ကျန်းမာရေး ဂျာနယ် တစ်စောင်မှာ ယခုလို အကျယ်တဝင့် ဖော်ပြထားပါတယ်။
၎င်းရဲ့အဆိုကိုThe Science Media Centre မှ ကျွမ်းကျင်သူများကလည်း အတည်ပြုထောက်ခံထားကြပြီး ကော်ဖီ တစ်ခွက် နေ့စဉ်သောက်သင့်ပြီး တချို့နေ့ တွေမှာ နှစ်ခွက်သောက်ခြင်းဖြင့် ဆီးချို ရောဂါဖြစ်မလာအောင်ထိန်းထားနိုင်တယ် လို့ ထပ်လောင်းအကြံပြုထားပါတယ်။
သို့သော် အထက်ပါသုတေသနပြု ချက်ထဲမှာတော့ လက်ဖက်ရည်နှင့် decaffeinated coffee (ခေါ်)ကဖိန်း ဓာတ်မပါတဲ့ ကော်ဖီအမျိုးအစားတွေကို မဆိုလိုပါဘူးတဲ့။ အကယ်၍ လက်ဖက် ရည်နှင့် decaffeinated coffee တို့ကို စွဲသောက်တဲ့အခါမှာတော့ သွေးထဲမှာ သကြားဓာတ်တွေများလာ၍ ဆီးချို အမှတ်(၂) ဖြစ်စေတဲ့အပြင် အဝလွန် ရောဂါပါဖြစ်လာစေနိုင်တယ်လို့ ဆိုပါ တယ်။

ပေါက်ပေါက်
The Union Daily
https://www.facebook.com/pg/uniondaily.net

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ