ရင်သားကင်ဆာ ဓာတ်ရောင်ခြည်ကုသမှုနှင့် ချွေးနံ့ပျောက်ဆေး


ရင်သားကင်ဆာ ရောဂါ အတွက် ဓာတ်ရောင်ခြည်ကုသမှုခံယူ နေရတဲ့ အမျိုးသမီးတွေမှာ ချွေးနံ့ ပျောက်ဆေးတွေ မသုံးသင့်ဘူး၊ သုံးရင် အရေပြားမှာ ဓာတ်ရောင် ခြည်ကြောင့် ပျက်ဆီးမှုပိုများစေတယ် ဆိုပြီး သတိပေးလေ့ရှိကြပါတယ်။ ဒါပေမဲ့ University of Pennsylvania မှ သုတေသနအသစ် တစ်ခုကတော့ ယင်းသတိပေးချက်က တိကျတဲ့သုတေသနအပေါ်မှာ မူ တည်ပြီး ဖြစ်ပေါ်လာတာမဟုတ်ဘူး လို့ ဆိုထားပါတယ်။

ရင်သားကင်ဆာ ဝေဒနာရှင်တွေမှာ ၃ ပတ်ကနေ ၆ ပတ်လောက် ချွေးနံ့ပျောက်ဆေးမသုံး ပဲ ဓာတ်ရောင်ခြည်ကုသမှုခံယူရတဲ့ အခါ ဘ၀အရည်အသွေးကို အနည်း နဲ့ အများထိခိုက်စေတာပါပဲ။ သုတေသနမှာ အဓိကအချက် ၂ ချက်ကို ဦးတည်ပြီး စီစစ်ခဲ့ပါတယ်။ ပထမတစ်ချက်က သမားတော်အများ စုက ရင်သားကင်ဆာအတွက် ဓာတ် ရောင်ခြည်ကုသမှုခံယူစဉ် ချွေးနံ့ ပျောက်ဆေးသုံးခြင်းက အရေပြားမှာ ပျက်စီးမှုပိုများစေတယ်လို့ ဆိုတဲ့ အချက်တို့ပဲဖြစ်ပါတယ်။ ပထမ အချက်အတွက် သုတေသီတွေက Penn's Radiation Oncology unit မှ လုပ်ဆောင်တဲ့လူနာနဲ့ ထောက်ပံ့သူတွေကို ပညာပေးအစီ အစဉ်က အချက်အလက်တွေကို အသုံးပြုခဲ့ပါတယ်။ ယင်းအချက် အလက်တွေကို အသုံးပြုပြီး ကျန်းမာရေး အထောက်အပံ့ပေးသူ ဘယ်နှစ်ဦးက ချွေးနံ့ပျောက်ဆေးမ သုံးဖို့မှာလဲနဲ့ လူနာဘယ်လောက်က ယင်းကဲ့သို့ အကြံပေးမှုရခဲ့သလဲဆို တာ စစ်ဆေးခဲ့ပါတယ်။


ရလဒ်တွေအရ ကျန်းမာရေး စောင့်ရှောက်မှုပေးသူ ၈၂% က ချွေးနံ့ပျောက်ဆေးမသုံးဖို့ မှာတာ တွေ့ရပြီး၊ ဝေဒနာရှင်ဘက်မှ ၇၉% က ၎င်းင်းတို့ရဲ့ ကျန်းမာရေးစောင့် ရှောက်သူတွေက မှာကြားအကြံပေး တာခံရကြောင်း တွေ့ရပါတယ်။ ယင်းကဲ့သို့ အကြံပေးမှုမှာ သိပ္ပံနည်း ကျမှုမရှိပေမဲ့ တွင်တွင်ကျယ်ကျယ် သုံးလျက်ရှိပါတယ်။ သုတေသနမှာ ရင်သားကင်ဆာအတွက် ဓာတ် ရောင်ခြည်ကုသမှုခံယူစဉ် ချွေးနံ့ ပျောက်ဆေးသုံးစွဲခြင်းက အရေပြား မှာ ဓာတ်ရောင်ခြည်ကြောင့် ပျက်စီး မှု ပိုများစေတယ်ဆိုတာ မတွေ့ခဲ့ရပါ ဘူး။ ဒုတိယအချက်အတွက် သုတေသနမှာလည်း ချွေးနံ့ပျောက် ဆေးသုံးစွဲခြင်းက ဓာတ်ရောင်ခြည် ကြောင့် အရေပြားပျက်စီမှုအပေါ် သက်ရောက်မှုမရှိတာ တွေ့ရပါ တယ်။

အဓိကရည်ရွယ်ချက်မှာ ချွေး နဲ့ ပျောက်ဆေးတွေမှာပါဝင်တဲ့ aluminum zirconium tetachlor- hydrex glycinc လို့ ခေါ်တဲ့ သတ္တုဓာတ်ဖြစ်ပြီး သာမန် ချွေးနံ့ေ ပျာက်ဆေးတွေမှာ ၁၅% ပါဝင်လေ့ ရှိပြီး ပြင်းအားကောင်းတဲ့ ချွေးနံ့ ပျောက်ဆေးတွေမှာ ၂၅% ထိ ပါဝင် တဲ့သတ္ထုတွေက ဓာတ်ရောင်ခြည်နဲ့ တိတွေ့တဲ့အခါ ဓာတ်ရောင်ခြည် များ ပြန်ထွက်သွားပြီး အခြား အရေ ပြားကောင်းများပါ ပျက်စီးမှု ရှိမရှိ ကြည့်ခဲ့ရာ မရှိတာကို တွေ့ခဲ့ရပါ တယ်။

အ၀င်း
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ