လိင်အကြမ်းဖက်ရာမှာသုံးတဲ့ ဆေးများကို စစ်ဆေးနိုင်မဲ့ နည်းလမ်းသစ်


Gamma Hydrorybutyric Acid (GHB) တွေကို အများအား ဖြင့် လိင်စိတ်ကြွဆေးအဖြစ်သိကြပြီး တရားမ၀င် ဆေးများဖြစ်ကာ လိင် အကြမ်းဖက်မှုအများစုမှာ အသုံးပြု လေ့ရှိကြပါတယ်။ ယင်းဆေးတွေကို ခန္ဓာကိုယ်က အလျင်အမြန်စုပ်ယူပြီး ခြေဖျက်ပစ်တဲ့အတွက် တစ်စုံတစ် ယောက်ကို GHB အသုံးပြုပြီး လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်သွားပါ တယ်လို့ တိုင်ကြားခံရတဲ့အခါ တရား ဥပဒေအရ သက်သေပြနိုင်ဖို့ ခဲယှဉ်း လှပါတယ်။ ယခုအခါမှာတော့ ခွဲခြားစိတ်ဖြာ ဓာတုပညာ ACS Journal မှာ တင်ပြခဲ့တဲ့ သုတေသန တစ်ခုအရ ၎င်းင်းတို့အနေနဲ့ GHB ရဲ့ ဓာတ်အကြွင်းအကျန် ဇီဝအမှတ် အသားသစ်တစ်ခုကို တွေ့ရှိခဲ့ပြီး ယင်းတစ်ခုက လက်ရှိသုံးနေတဲ့ စစ်ဆေးမှုထက် အချိန်အတော်ကြာ ထိ သွေးထဲမှာရှိနေကာ၊ GHB အသုံးပြုခြင်း ရှိမရှိကို သက်သေပြနိုင် မယ်လို့ သိရပါတယ်။ တစ်စုံတစ် ယောက်က GHB ကို စားသုံးမိတဲ့ အခါမှာ ရုတ်တရက် ငိုက်မြည်းလာ ပြီး၊ သတိမေ့ခြင်းပါ ဖြစ်တတ်ပါ တယ်။ ယင်းဆေးကို နာကျင်မှုတွေ၊ နွမ်းနယ်မှုတွေ၊ ရုတ်တရက် အိပ်ပျော် သွားတတ်တဲ့ရောဂါ (narcolepsy) နဲ့ fibromyalgia ရောဂါရဲ့ လက္ခဏာတွေကို ကုသဖို့ ထုတ်လုပ်ခဲ့ တာဖြစ်ပါတယ်။ ဒါပေမဲ့ ယင်းဆေး ကို ညကပွဲတွေမှာ ဖျော်ဖြေရေး အနေနဲ့ ၎င်းင်းလိင်အကြမ်းဖက်မှု တွေမှာ အထောက်အကူအနေနဲ့ ၎င်းင်းအလွဲ သုံးစားမှုတွေလုပ်ခဲ့ကြပါ တယ်။

လက်ရှိစစ်ဆေးမှုနည်းပညာ မှာ GHB ကိုသောက်သုံးပြီး နာရီ အနည်းငယ်အတွင်းမှာ စစ်ဆေးမှ သာ တွေ့ရှိနိုင်ပါတယ်။ ဒါ့အပြင် စစ်ဆေးမဲ့နမူနာကိုသိမ်းဆည်းရာမှာလည်း လိုအပ်ချက်တွေ အမြောက် အများရှိပြီး၊ ယင်းအချက်တွေ မပြည့် စုံပါက ရလဒ်အလွဲတွေ ထွက်ပေါ် လာနိုင်ပါတယ်။ ဒါ့အကြောင့် Centro de Investigacion Principle Felipe of Valencia လန်ဒန်ရှိ King's College နဲ့ ဘာစီလိုနာရှိ့ Universital Autonoma of Barcelona တို့မှာ သုတေသီတွေက သုတေသနတစ်ခု လုပ်ခဲ့ကြပါတယ်။ ၎င်းင်းတို့က GHB သုံးခဲ့ရတဲ့သူတွေရဲ့ ဆီးထဲမှာ ဇီဝ အမှတ်အသားတစ်ခုခုများ အချိန် တော်တော်ကြာသည် အထိ မြင့်တက် နေမလားဆိုပြီး ရှာဖွေခဲ့ကြပါတယ်။ ဒါ့အပြင် ရှုပ်ထွေးတဲ့စနစ်တွေ မလိုပဲ စစ်ဆေးမဲ့ နမူနာကို သိမ်းယူနိုင်မဲ့ နည်းတွေကိုပါ စဉ်းစားခဲ့ပါတယ်။ သုတေသနမှာ ပါဝင်သူတွေကို GHB အနည်းငယ်တိုက်ကျွေးပြီး နာရီ ၃၀ ကြာ အချိန်မှန် သွေးနဲ့ ဆီး နမူနာများယူခဲ့ပါတယ်။

ယင်းနောက် နမူနာပစ္စည်းတွေကို nuclear magnetic resonance spectroscopy အသုံးပြုပြီး စီစဉ်ခဲ့ရာ ဆီးနမူနာထဲ၌ GHB သောက်ပြီး ၂ နာရီအကြာထိ တွေ့ရသလို၊ GHB ပြိုကွဲရာမှထွက်လာတဲ့ ဇီဝအမှတ် အသား glycolate ကိုတော့ စတင် သောက်ချိန်မှ နာရီ ၂၀ ကြာချိန်ထိ စစ်ဆေးတွေ့ရှိနိုင်တယ်လို့ သိရပါ တယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ