Bone tuberculosis အရိုး တီဘီ


၁။ ဆရာ ခါးအရိုး tb က ဆေး တနှစ်ခွဲ သောက်ခဲ့ပါတယ်။ ပြန်ဖြစ်တတ်ပါသလား ဆရာ။ သက်သာနေပြီးမှ ခြေသလုံးဘေးကြော တင်ပါးခွက်တွေက ထိုင်တာဖြစ်ဖြစ် လမ်းလျှောက်တာဖြစ်ဖြစ် ကောင်းကောင်း မထောက်နိုင်လို့ပါ။ တင်းပြီး အောင့်နေလို့ပါ။ အရိုးကင်ဆာရဲ့ လက္ခဏာလည်း ဖတ်မှတ်ချင်ပါတယ် ဆရာ။

ဆေးစစ်မှသာ ဘာကြောင့်သိပါမယ်။ ဆေးစစ်ချက်မှာ ကင်ဆာမဟုတ်ဘဲ ကင်ဆာကို သိရန်မလိုအပ်။

၂။ ဆရာခင်ဗျ တခုလောက်သိချင်ပါတယ်ဗျာ။ အရိုး tv ရောဂါက အကြောဖြေ နိပ်လို့ရပါလားဗျာ။

TB ဖြစ်။ TV မဟုတ်။ နှိပ်နည်းကို ဆရာဝန်တွေ မသုံး။ ဖြစ်တဲ့သူ ယောက်ျားလို့ထင်ရ။ အသက် မသိ။ ဆေးစစ်ချက် မသိ။ ဘာတွေခံစာနေရ မသိ။

၃။ အသက် ၃၁ နှစ်အရွယ်တယောက်က အင်္ဂလိပ်လိုရေးမေးတယ်။ တီဘီဆရာဝန်နဲ့ အရိုးအထူးကုဆရာဝန်တွေ ပြနေရတဲ့ရောဂါ။ တီဘီဆေး ဘေးထွက်သက်ရောက်မှုကြောင့် ဆေးပတ်လည်အောင်မသောက်ခဲ့တာ၊ အခုဆေးယဉ်တီဘီ ဖြစ်နေသလားစိုးရိမ်တာ စသဖြင့်ရေးပါတယ်။

အရိုးတီဘီ လက္ခဏာက ဘာတွေဖြစ်တတ်လဲဆိုတာ ပြောပြပေးပါ။ ကျွန်တော့် ညီတစ်ယောက် မနှစ်က (2012) cat 2 ပြီးခဲ့တာ အခု ကိုယ်အလေးချိန်ကျ၊ နေ့ခင်း ညနေ/ည တငွေ့ငွေ့အပူချိန်တက် (ရက်ဆက်မဟုတ်)၊ နည်းနည်း ပြင်းပြင်း ထန်ထန်လှုပ်ရှားမှုလုပ်ရင် ချောင်းဆိုးတယ်၊ နည်းနည်းမော၊ ခါးနာ (တခါတရံ)၊ ဆေးခန်းပြတော့ x-ray မှာလည်း နဂို spots ထက် increase ဖြစ်နေတယ်တဲ့ဆရာ။ genexpert နဲ့ သလိပ်စစ်ပြီး အဖြေသိရမှ ဆေးယဉ်ပါး ဟုတ်မဟုတ် သိရမယ်တဲ့။ အခက်ခဲဆုံးဖြစ်နေတာက သူဘယ်လိုကြိုးစားပြီး ထုတ်ထုတ်သလိပ်မထွက်ဘူး ဖြစ်နေတယ်။ အဲဒါကြောင့် သလိပ်အဖြေရမှ ဆေးယဉ်ပါး ဟုတ်မဟုတ်သိရပြီး ဆေးကုရမယ်ဆိုရင် အကယ်၍ သူသလိပ်လုံးဝမထွက်ခဲ့လို့ genexpert နဲ့ စစ်ဆေးလို့မရလို့ ကျိန်းသေတဲ့ အဖြေတစ်ခုမရခဲ့ရင် ဘယ်လိုမှ ဆေးကုသခွင့် မရတော့ဘူးလားဆိုတာ ကျေးဇူးပြုပြီး ပြောပြပေးပါဆရာ။

ဆရာဝန်ကတော့ သူ့ကို ဆေးကိုဝယ်သောက်နိုင်ရင် ဝယ်သောက်ခိုင်းပါတယ်။ ဆေးဖိုးက ပျှမ်းမျှ တစ်နေ့ (၉ဝဝဝ ကျပ်) ဝန်းကျင် (၂) နှစ်လောက် သောက်ရမယ်လို့ ပြောပါတယ်။ (၃ဝဝဝ) ကျပ်ဝန်းကျင်ရှိတဲ့ ဆေးတစ်မျိုးကို ဆေးခန်းက ဆရာဝန်က လှူမယ်လို့ပြောပါတယ်။ ကျွန်တော်တို့ သာမာန်လူတန်းစားအနေနဲ့ ဝယ်သောက်ဖို့ဆိုတာ နှစ်နဲ့ချီနေတာ ဖြစ်နေတဲ့အတွက် ဘယ်လိုမှမတတ်နိုင်တဲ့ အတိုင်းအတာတစ်ခုဖြစ်နေလို့ပါ။ သလိပ်ထွက်ပြီး genexpert နဲ့စစ်ရလို့ ယဉ်ပါးပိုးရှိတဲ့ ဆေးစစ်ချက်အဖြေရမှသာ လွဲစာနဲ့အတူ ဒေသန္တရကျန်းမာရေးကနေပြီး အခမဲ့ဆေးထုတ်ယူလို့ရမယ် ပြောလို့ပါ။ အခုသူက ဝယ်သောက်လို့လည်း မတတ်နိုင်၊ အခမဲ့ထုတ်ဖို့ကျတော့လည်း genexpert နဲ့စစ်ဖို့ သလိပ်က မထွက်လို့ ဆေးစစ်ချက်အဖြေမရလို့ (လွဲစာ) ကမရ အဲဒီ့လိုဖြစ်နေလို့ပါ။ တော်တော် စိတ်ဓါတ်ကျနေပါတယ်။ စိတ်ရော လူရော ချုံးနေပါတယ်။ သူမှာ မိန်းမနဲ့ ကလေးငယ်လေးကလည်းရှိတယ်။ သူ့မှာ ဘာလုပ်ရမှန်းမသိဘဲ ဒီအတိုင်းကြီးကို ငုတ်တုတ်ထိုင်ပြီး ရောဂါပိုဆိုးလာမဲ့အထိ စောင့်နေရသလိုဖြစ်နေလို့ပါ။ သူကတော့ အရမ်းကို ကုသမှုခံယူချင်နေပါတယ်။

အရိုးတီဘီကို Pott disease လို့လဲ ခေါ်ကြတယ်။
• X-rays ဓါတ်မှန်နဲ့ ရောဂါနာမည်တပ်ရမယ်။ ဓါတ်မှန်ထဲမှာ အရိုးမဟုတ်တဲ့ တစ်ရှူးတွေ ရောင်နေမယ်။ အဆစ်ကျဉ်းနေမယ်။ အရိုးထဲမှာ အိတ်လေးတွေလိုတွေ့မယ်။ ခါးရိုးဆိုရင် အရိုးအထက်အောက် အတိုင်းတား နည်းနေမယ်။
• Bone scans စကင်လဲလုပ်နိုင်တယ်။ တခါတလေ အဆစ်ထဲကအရည်ကို စုပ်ထုတ်ပြီး စစ်တာလဲ လုပ်နိုင်တယ်။ Biopsy လဲလိုရင်လုပ်မယ်။ သွေးစစ်ရင် ESR မြင့်နေမယ်။ အရိုးတီဘီက သူများကို မကူးစေပါ။
• တီဘီဆေးတွေနဲ့ဘဲကုသရတယ်။ ဈေးလဲ မကြီးပါ။ ဘယ်လောက်ကြာမယ်ဆိုတာ တယောက်နဲ့တယောက် မတူပါ။ ၆ လကနေ ၁ နှစ်အထိကြာနိုင်တယ်။
• Isoniazid, Rifampin နဲ့ Ethambutolဆေး ၃ မျိုးကို ပေးလေ့ရှိတယ်။ ၆ လကနေ ၉ လ အများဆုံးပေးတယ်။ ဆေးကိုတော့ မှန်မှန်သောက်ရမယ်။
• အနာသက်သာဆေးတွေနဲ့ အရောင်ကျဆေးတွေလဲ ပေးမယ်။ ဗီတာမင်လဲ ပေးမယ်။ နာတဲ့နေရာကို အပူကပ်တာ၊ အအေးကပ်တာလုပ်နိုင်တယ်။ အစာဟာရ ပြည့်ဝ-မမျှတအောင် စားသုံးရမယ်။
• ခါးရိုးမှာ ပြည်တည်လို့ ခွဲထုတ်ရတာလဲ ရှိတတ်တယ်။
• Disseminated bone tuberculosis အရိုးတွေတခုမက တီဘီဖြစ်တာရှားတယ်။ ၅% သာရှိတယ်။ HIV ပိုးပါ ရှိနေရင်တော့ အကုရခက်တယ်။

စစ်ဆေးမှုတွေကနေ INH နဲ့ RMP ဆေးတွေကို ယဉ်နေတာသေချာရင်၊ အောက်ကဆေးတွေကို အစဉ်အလိုက် ရွေးပြီး ၅ မျိုးတွဲပေးတယ်။
1. Aminoglycoside (Amikacin, Kanamycin) ဒါမှမဟုတ် Polypeptide (Capreomycin)
2. Pyrazinamide
3. Ethambutol
4. Fluoroquinolone (Moxifloxacin)
5. Rifabutin
6. Cycloserine
7. Thioamide (Prothionamide or Ethionamide)
8. PAS
9. Macrolide (Clarithromycin)
10. Linezolid
11. INH high-dose
12. Interferon-γ
13. Thioridazine
14. Ampicillin

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ