မီးမဖွားမီအချိန်အတွင်း မိခင်လောင်းလေးဦးတွင် တစ်ဦးသည် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာဖြစ်ပွားလေ့ရှိဟုဆို


သုတေသနသစ်တစ်ခု၏ အဆိုအရ ကိုယ်ဝန်ဆောင်အမျိုးသမီး လေးဦးလျှင် တစ်ဦးသည် မီးမဖွားမီအချိန်ကာလအတွင်း၌ စိတ်ပိုင်း ဆိုင်ရာကျန်းမာရေးပြဿနာဖြစ်ပွားလေ့ရှိသည်ဟု သိရသည်။
မီးဖွားပြီးနောက် မိခင်များသည် စိတ်ကျရောဂါခံစားရလေ့ရှိသည် ကို လူသိများသော်လည်း မီးမဖွားမီ အချိန်တွင် စိတ်ပိုင်းဆိုင်ရာကျန်းမာ ရေးပြဿနာများဖြစ်ပေါ်နိုင်သည်ဆိုသည်ကို လူအနည်းငယ်မျှသာ သိရှိကြောင်း သိရသည်။

လန်ဒန်ရှိ King’s College မှသုတေသီများ၏ပြောကြားချက်အရ ကိုယ်ဝန်ဆောင် အမျိုးသမီး၂၇ရာခိုင်နှုန်းသည် စိတ်ပိုင်းဆိုင်ရာ ကျန်းမာ ရေးပြဿနာဖြစ်ပွားသည်ဟုသိရသည်။ မီးဖွားမည့်ကိုယ်ဝန်ဆောင်များ အား စိတ်ပိုင်းဆိုင်ရာစစ်ဆေးမှု အဆင့်မြင့်စနစ်ဖြင့် စစ်ဆေးရာ၌ ကိုယ်ဝန်ဆောင်သည် ၁၁ ရာခိုင်နှုန်းသည် စိတ်ကျရောဂါခံစားနေရပြီး ၁၅ ရာခိုင်နှုန်းမှာ စိုးရိမ်ပူပန်မှုလွန်ကဲခြင်း၊ အစားအသောက်ပျက်မှု နှစ်ရာခိုင်နှုန်းနှင့် အလိုဆန္ဒမရှိမှုနှင့် ထပ်တ လဲလဲတွေးတောကာ စိတ်ဂနာ မငြိမ်ခြင်းများ နှစ်ရာခိုင်နှုန်းဖြစ်ပွားသည်ကိုတွေ့ရှိရသည်ဟု သိရသည်။

ယင်းကဲ့သို့ဖြစ်ပွားနေမှုအပေါ် လွဲမှားစွာသိမြင်နေလေ့ရှိသည်မှာ အမျိုးသမီးများအနေဖြင့် ကိုယ်ဝန်ရှိလာပါက ¤င်းတို့သည် ကောင်းမွန် သည့်ခံစားချက်များသာဖြစ်ပေါ်လေ့ရှိသည်ဟု လူတိုင်းက မှားယွင်းစွာ ယုံကြည်နေမှုကြောင့်ဖြစ်သည်ဟု သိရသည်။

''ဒီအကြောင်းအရာဟာ ထူးဆန်းပါတယ်။ လူတွေက ကိုယ်ဝန် ဆောင်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အကာအကွယ်ပေးပြီး မီးဖွားပြီး အချိန်မှာတော့ ပြဿနာများစတင်ဖြစ်ပွားလေ့ရှိတယ်လို့ ယုံကြည်နေတာပါ။ ဒါပေမဲ့ တကယ့်ပြဿနာများအစပြုတာကတော့ ကိုယ်ဝန်ဆောင်နေချိန်အတွင်းဖြစ်ပြီး စတင်သန္ဓေတည်စမှာပင်ဖြစ်နိုင် တာပါပဲ''ဟု သုတေသနခေါင်းဆောင် ပါမောက္ခLouise Howard က ပြောကြားခဲ့သည်ဟု သိရသည်။

နောင်နောင်
The Union Daily
https://www.facebook.com/pg/uniondaily.net

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ