Post-baby belly ကလေးမွေးပြီးဗိုက်


၁။ ဆရာ ကလေး ဗိုက်ခွဲမွေးပြီး ဗိုက်စီးသိပ်မစီးဖြစ်ခဲ့လို့ ဗိုက်ကတော်တော်ပူနေပါတယ်။ အဆီကျဆေးလေးတွေ လိုက်မေးတော့ ဗိုက်ကလေဝင်တာလို့ပြောကြလို့ သားအိမ်ပွတာလဲပြောကြပါတယ်။ ခု ကလေး ၃ နှစ်ပေမဲ့ ကိုယ်ဝန်ဆောင်လိုပဲ ဆီးခဏခဏသွားပါတယ်။ သားအိမ်ရောဗိုက်ရော ပြန်ချပ်အောင်သောက်နိုင်တဲ့ ဆေးကောင်းလေးများပြပေးပါ ဆရာရှင့်။

၂။ ဆရာ အသက်က ၂၇ပါ။ ကလေးခွဲမွေးထားတာ ၁၃ရက်ရှိပါပြီဆရာ။ မွေးပြီ ဗိုက်ပူနေပါတယ်ဆရာ။ ဗိုက်ပြန်ချက်အောင် ဘယ်လိုထိန်းသိမ်းရမလဲဆရာ။ ပထမဆုံးကလေးဆိုတော့ မလုပ်တတ်မကိုင်တက်လို့ပါ။ ကျေးဇူးတင်ပါတယ်ဆရာ။

ကလေးမွေးပြီးနောက် ဗိုက်စူဖေါင်းပျော့လာတယ်။ တချို့မှာ ကိုယ်ဝန် ၆ လတုန်းကလိုထင်ရတယ်။ ရင်းစားပြန်ရဘို့ အချိန်ယူတယ်။ ဆောရီး။ ဗိုက်ထဲက အစာလမ်းတလျှောက်လုံးထဲမှာ လူတိုင်းမှာ လေရှိတယ်။ အဲတာ ပုံမှန်။ အဆီကျဆေးတွေအကြောင်း စာတွေရေးထားတယ်။ ဆေးတွေကမတူကြပါ။ အများအားဖြင့် စိတ်မချရ။ တချို့က ပိုက်ဆံအတွက်ရောင်းတာ။ ဘလော့မှာဖတ်နိုင်ပါတယ်။

ကလေးမွေးပြီးတာနဲ့ များခဲ့တဲ့ဟော်မုန်းတွေက ကျလာတယ်။ သားအိမ်ကနဂိုလိုပြန်ဖြစ်ဘို့ ၄ ပတ်လောက်ကြာတယ်။ ကိုယ်ဝန်ဆောင်စဉ်က ကိုယ်ထဲကရှိသမျှဆဲလ်တွေ ဖေါင်းရောင်ခဲ့တယ်။ အဲတာတွေပြန်ကျလာပါမယ်။ အဆီပိုစုခဲ့တာတွေလည်း နည်းနည်းလာမယ်။ ကလေးကိုနို့တိုက်သူနဲ့ လေ့ကျင့်ခန်းလုပ်သူတွေက ပိုသိသာမယ်။ အဲတာလည်း အချိန်ယူပါမယ်။ စိတ်ရှည်ပါ။

Linea nigra ခေါ် ချက်ကနေ ဆီးစပ်ကိုတန်းနေတဲ့ အရောင်ရင်ုမျဉ်းကြောင်းရှိမယ်။ Stretch marks ခေါ် အကြောပြတ်တာတွေလည်း ဗိုက်၊ ပေါင်နဲ့ ရင်သားနေရာတွေမှာ ကျန်နေရစ်တာ တွေ့ပါမယ်။ အချိန်ယူပြီး ပါးလာမယ်။ ပျောက်နိုင်တာတွေပျောက်ကုန်ပါမယ်။ အကြောပြတ်တာတွေ အကုန်မပျောက်ပါ။ ဆောရီး။

အရင်ကလိုအနေအထား ဘယ်တော့ပြန်ရောက်နိုင်သလဲ။ ကိုယ်ဝန်မဆောင်ခင်က ဘယ်လိုရှိခဲ့သလဲ။ ကိုယ်ဝန်ဆောင်တော့ အလေးချိန်ဘယ်လောက်တိုးခဲ့သလဲ။ ကိုယ်လက်လှုပ်ရှားမှု နည်းသလား။ သားဦးလား။ ကလေးထွားခဲ့သလား။ အမွာလား။ ဗိုက်ကြွက်သားတွေအားနည်းသလား။ နေတာထိုင်တာ ပုံမှန်နေထိုင်ခဲ့သလား။

ကလေးနို့တိုက်ရင် တနေ့မှာ ကယ်လိုရီ ၅ဝဝ နည်းစေလို့ ကောင်းတယ်။ တပတ်မှာ ၂ ပေါင်နည်းနိုင်တယ်။ အစားအသောက်မှာ ကယ်လိုရီများတာရှောင်ပါ။ အသီးနေ့တိုင်းစားပါ။ ဟင်းသီးဟင်ရွက်စိုစိုစိမ်းစိမ်းပါပါစေ။ အဆီပါတာ ရှောင်ပါ။ ပိုတက်ဆီယမ်း မနည်းစေရ။ အစာအာဟာရအကြောင်း၊ ဓါတ်ဆားတွေနဲ့ ဗီတာမင်တွေအကြောင်း ဘလော့မှာ ဖတ်နိုင်ပါတယ်။

ခွဲစိတ်ပြီးနဲ့ ကလေးမွေးပြီး လေ့ကျင်ခန်းတွေလည်းရှိတယ်။ ဖတ်ပါ။ လိုက်နာပါ။ လေ့ကျင့်ခန်း လင့် ပေးထားပါတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ