Parathyroid ပါရာသိုင်းရွိုက်


ဆရာမင်္ဂလာပါ ကျွန်မ အသက် ၄၂ ပါ။ အိမ်ထောင်ရှိပါတယ်၊ ကလေးမရှိပါ။ ၂၀၁၅ မှာ သားအိမ်အလုံးကြောင့် သားအိမ်နဲ့ပတ်သာတာ အားလုံးထုတ်ထားရပါတယ်ဆရာ။ ကျွန်မရဲ့ လက်ကောက်ဝတ်အဆစ် နှစ်ဖက်လုံးနဲ့ ဒူးခေါင်းနှစ်ဖက်လုံး နာသလိုကိုက်နေပြီး ခြေသလုံးနှစ်ဖက်လုံးတင်းပြီး ထိုင်ထမကောင်းပဲ နာနေလို့ အထွေထွေ အထူးကုပြကြည့်ပြီး ဆေးစစ်ချက်နဲ့ ဆရာဝန်ညွှန်ကြားချက်တွေပါဆရာ ဆေးစစ်ချက်အရ ကျွန်မက vitamin D အား အရမ်းနည်းတယ် PTH Intact အရမ်းမြင့်တယ်၊ နှလုံးကြီးနေတယ်၊ အဆီများတယ်၊ calcium နည်းတယ်ပြောပါတယ် ဆရာ။ အရမ်းစိုးရိမ်ရပါသလားဆရာ။ Vitamin D, PTH Intact နဲ့ နှလုံးကြီးတဲ့ အကြောင်းလေးတွေလည်း သိချင်ပါတယ်ဆရာ။ ဆောင်ရန်ရှောင်ရန်နဲ့ စားသင်တဲ့အစားအစာ ရှောင်ရမဲ့အစားအစာလေးတွေလဲ သိချင်ပါတယ်ဆရာ။

PTH intact ဆိုတာဘာလဲ
လူတိုင်းမှာ ပါရာသိုင်းရွိုက်ဂလင်း ၄ ခုစီရှိတယ်။ လည်ပင်းကြီးအိတ်ခေါ် သိုင်းရွိုက်ဂလင်းနောက်မှာ ကပ်နေတယ်။ သူတို့က သွေးနဲ့ အရိုးမှာရှိကြတဲ့ ကယ်လ်စီယမ်ဓါတ်၊ ဗီတာမင်ဒီနဲ့ ဖေါ့စ်ဖါးရပ်စ်ဓါတ်ဆိုင်တယ်။ Parathyroid hormone (PTH) ကိုထုတ်ပေးနေတယ်။ Parathormone လို့လည်းခေါ်တယ်။

သွေးထဲမှာ ကယ်လ်စီယမ်ဓါတ်တွေများနေရင် Hyperparathyroidism ဟိုက်ပါပါရာသိုင်းရွိုက်ရောဂါလား၊ ကျောက်ကပ် နာတာရှည်ရောဂါလားစစ်ရမယ်။

PTH level များနေရင်
ကယ်လ်စီယမ်နည်းတာစားရမယ်။ ကျောက်ကပ်ဆေးခြင်း၊ Vitamin D ဗီတာမင်ဒီဆေးပေးခြင်း၊ Phosphate binders ဆေးပေးခြင်း၊ Calcimimetics ကယ်လ်စီယမ်နည်းဆေးပေးခြင်း၊ ကျောက်ကပ်လဲခြင်းတွေလုပ်ရမယ်။

ပါရာသိုင်းရွိုက်ရောဂါလက္ခဏာများ
Osteoporosis အရိုးအားနည်းခြင်း၊ ကျောက်ကပ်ကျောက်တည်ခြင်း၊ ဆီးများခြင်း၊ ဗိုက်နာခြင်း၊ မောပန်းလွယ်ခြင်း၊ စိတ်ဓါတ်ကျခြင်း၊ အရိုး-အဆစ်တွေနာခြင်း၊ Calcium levels များခြင်း၊ ပျို့အန်ခြင်း၊ စိတ်မကြည်လင်ခြင်း၊ မှတ်ဥာဏ်နည်းခြင်း၊ ဝမ်းချုပ်ခြင်း။

သွေးထဲမှာ ကယ်လ်စီယမ်များနေတာဟာ Primary hyperparathyroidism (PHPT) အကြောင်းခံမရှိပဲဖြစ်တဲ့ ဟိုက်ပါ ပါရာသိုင်းရွိုက်ရောဂါကနေပိုဖြစ်စေတယ်။ အမျိုးသမီးတွေမှာပိုဖြစ်တယ်။ အသက် ၃၅ နှစ်ကျော်ရင် သွေးထဲမှာ ကယ်လ်စီယမ် 10.1 ထက်များနေရင် Adenoma အကျိတ်ရောဂါကြောင့်ဖြစ်နိုင်တယ်။

Secondary hyperparathyroidism အကြောင်းခံရှိတဲ့ ဟိုက်ပါပါရာသိုင်းရွိုက်ရောဂါ
နာတာရှည် ဗီတာမင်ဒီနည်းလို့ဖြစ်ဖြစ် ကျောက်ကပ်မကောင်းလို့ဖြစ်ဖြစ် ဖြစ်စေတာကိုခေါ်တယ်။ PTH levels များနေတာတွေ့မယ်။

ပါရာသိုင်းရွိုက် တခုတည်းသာရှိနေလည်း နေနိုင်တယ်။ လေးခုလုံမရှိရင်တော့ ကယ်လ်စီယမ်တွေလည်းနည်းနေမယ်။ Hypoparathyroidism ဟိုက်ပိုပါရာသိုင်းရွိုက်ရောဂါရမယ်။ လည်ပင်းကြီးရောဂါခွဲစိတ်ကုသတဲ့အခါ အဲတာလေးခုလုံး ပါသွားတတ်တယ်။

ဗီတာမင်ဒီနည်းနေရင် အရိုးတွေ ကြွက်သားတွေ နာမယ်။ နေရောင်နဲ့ထိတွေ့ရတာနည်းရင်ဖြစ်နိုင်တယ်။ Osteomalacia ခေါ် အရိုးအားနည်းလို့ အရိုးကျိုးလွယ်မယ်။

Primary hyperparathyroidism ဖြစ်ရင် ခွဲစိတ်ရမယ်။ ၉% ပျောက်ကင်းမယ်။ ပါရာသိုင်းရွိုက်အကျိတ်လေးခုလုံး ထုတ်မယ်။ Adenoma လည်းထုတ်မယ်။

ဗီတာမင်ဒီနည်းနေရင် ရောဂါပိုးဝင်လွယ်တယ်။ အားနည်းမယ်။ စိတ်ဓါတ်ကျမယ်။ အရိုးတွေနာမယ်။ ကြွက်သားတွေ နာမယ်။ အရိုးကုန်ခမ်းမယ်။ ဆံပင်ကျွတ်မယ်။ အနာကျက်တာ နှေးမယ်။

Parathyroid hormone ပါရာသိုင်းရွိုက်ဟော်မုန်း ပုံမှန် 10-65 pg/mL or 10-65 ng/L ရှိရမယ်။

ကယ်လ်စီယမ်များတဲ့အစားအသောက်တွေကတော့ တို့ဖူး၊ ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး၊ ဟင်းနုနွယ်ရွက်၊ ပဲပင်ပေါက်၊ ပဲသီး၊ ပင်လယ်စာတွေဖြစ်တယ်။ ဝက်သား၊ ကြက်သားနဲ့ မုန်လာဥနီတွေမှာ ကယ်လ်စီယမ်မပါ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ