HIV: How it spreads ဘယ်လိုကူးစက်လဲ


HIV ပိုးဟာ လိင်ဆက်ဆံရာမှ ကူးစက်တယ်လို့သိရပါတယ်။ လိင်ဆက်ဆံတဲ့အခါ အမျိုးသမီး အမျိုးသားက ထွက်တဲ့ အရည်တွေနဲ့ ထိမိရင်ကူးစက်တယ်လို့သိပါတယ်။ ကွန်ဒွမ်ကို စနစ်တကျအသုံးပြုရင်ရော ကူးစက်နိုင်ပါသလား။ အမျိုးသမီးဆီကထွက်တဲ့ အရည်က ကွန်ဒွမ် နဲ့မဆိုင်တဲ့နေရာတွေကို ထိမိရင်ရော ပိုးကူးစက်နိုင်ပါသလား။ ကူးစက်နိုင်ချေ ဘယ်လောက်ရှိပါသလဲ။ ကွန်ဒွမ် ချွတ်တဲ့အခါ လက်နဲ့ထိမိရင်ရော ကူးစက်နိုင်ချေရှိပါသလား။ ဆပ်ပြာသုံးပြီး သန့်ရှင်းရေး လုပ်ရင်ရော ပိုးကူးစက်နိုင်ချေ လျော့ကျနိုင်ပါသလား သိချင်ပါတယ်ခင်ဗျာ။

• HIV ပိုးကဘယ်မှာနေလဲ
- Blood သွေး၊
- Pre-seminal fluid ယောက်ျားလိင်စိတ်ဖြစ်လို့ထွက်တဲ့အရည်၊
- Semen ယောက်ျား လိင်ဆန္ဒပြည့်ဝလို့ထွက်တဲ့အရည်၊
- Vaginal fluids အမျိုးသမီး မွေးလမ်း-လိင်လမ်းကအရည်၊
- Breast milk မိခင်နို့ရည်၊
- Rectal (anal) mucous စအိုအတွင်းဖုံးအလွှာ။

• တခြားကိုယ်ခန္ဓာအရည်တွေဖြစ်တဲ့ ဝမ်း၊ ဆီး၊ နှပ်၊ နှာရည်၊ မျက်ရည်၊ သွားရည်၊ ချွေး၊ အန်ဖတ်တွေထဲမှာ HIV ပိုးပါနေနိုင်ပေမဲ့ ကူးစက်နိုင်လောက်အောင် မပါဘူး။ သတိထားဘို့က အဲဒီအရည်တခုခုကို သွေးရောနေရင် ကူးစက်နိုင်တယ်။

• ကျန်းမာရေးဝန်ထမ်းတွေဟာ ဒါတွေနဲ့ ထိတွေ့နေကြရတယ်။
- Blood သွေး၊
- Amniotic fluid ရေမြွာရည်၊
- Cerebrospinal fluid ခါးရိုးထဲကဆေးစစ်ဘို့ထုတ်ယူတဲ့ ဦးနှောက်နဲ့ဆက်နေတဲ့ အရည်၊
- Synovial fluid အဆစ်ထဲကအရည်တွေနဲ့ ထိတွေ့နိုင်မယ်။ HIV ပိုးတွေပါတယ်။

• အဲဒီ ပိုးပါနေတာတွေက နောက်တယောက်ကို ဘယ်လိုကူးစက်လာနိုင်သလဲ။
(၁) လိင်ဆက်ဆံမှု။ မိန်းမ ဗဂျိုင်းနား၊ ယောက်ျား-မိန်းမ စအိုလမ်း၊ ယောက်ျား-မိန်းမ ပါးစပ်လမ်းတွေကနေ ဝင်လာနိုင်တယ်။
- ကိုယ့်သွေးထဲကို ဘယ်လိုရောက်မလဲ။ ဗဂျိုင်းနား၊ မိန်းမကိုယ်၊ ကျားလိင်တံ၊ စအိုလမ်း၊ ပါးစပ်တွေမှာ ရှိနေနိုင်တဲ့ မျက်စိနဲ့မြင်နိုင်အောင်ကြီးတဲ့ အနာအဆာတွေကနေဝင်မယ်။ အလားတူ အဲလိုနေရာတွေမှာ အနုကြည့် မှန်ဘီလူးနဲ့သာ မြင်နိုင်အောင်သေးတဲ့ ထိခိုက်ဒဏ်ရာလေးတွေကနေ ပိုးတွေဝင်လာနိုင်တယ်။ အနာအဆာတွေ ဆိုတာ လိင်လမ်းရေယုံ၊ ဆစ်ဖလစ်နာတွေပါဝင်တယ်။
- လိင်ကတဆင့်ကူးစက်ရောဂါ (ဆစ်လိစ်၊ ရနို၊ ရေယုံ) တခုခုရှိနေသူမျိုးမှာ HIV ပိုးက ပိုပြီး ဝင်လာစေနိုင်တယ်။
- လိင်ဆက်ဆံရာမှာ နမ်းတာ၊ နှိပ်နယ်ကိုင်တွယ်တာ၊ ကျား-မ အာသာဖြေတာသက်သက်ဆိုရင် မကူးစက်ပါ။
- ကွန်ဒွမ် စနစ်တကျသုံးရင်လဲ မကူးပါ။

(၂) ကိုယ်ဝန်ဆောင်ချိန်၊ ကလေးမွေးဖွါးနေစဉ်၊ ကလေးနို့တိုက်နေစဉ်အချိန်တွေမှာ ပိုးတွေပါနေတဲ့ သွေးနဲ့ ရေမြွာရည်တွေကနေ ကူးစက်နိုင်တယ်။ ကလေးမွေးပြီးနောက်မှာလဲ မိခင်နို့ကနေကလေးကို ကူးစက်လာနိုင်တယ်။

(၃) ဆေးထိုးနည်းလမ်း။ ဆေးကုရာမှာဖြစ်ဖြစ်၊ မူယစ်ဆေးသုံးရာမှာဖြစ်ဖြစ် ဆေးထိုးအပ်ကနေ ကူးစက်နိုင်တယ်။
- အလုပ်အကိုင်နည်းလမ်းကြောင့် ကူးစက်နိုင်ခြေ။ ပိုးရှိနေသူတွေကို ဆေးကုနေရတာ၊ စမ်းသပ်စစ်ဆေးမှုတွေ လုပ်ပေးရတာကနေလဲ ကူးစက်နိုင်တယ်။ သွေးနဲ့ ပိုးပါနိုင်တဲ့ ကိုယ်ခနာအရည်တွေက တနည်းနည်းနဲ့ ကိုယ့်ကိုယ်ထဲဝင်လာရင်၊ ဆေးထိုးပေးရတာ၊ အနာဆေးထည့်ရတာ၊ သွေးသွင်းပေးရတာ၊ သွေးစတာတွေ စစ်ပေးရတာ၊ ကလေးမွေးပေးရတာ၊ ခွဲစိတ်ကသုသပေးရတာ၊ HIV လူနာတွေရှိလေမထား လူစုလူဝေးကို ဆေးစစ်ပေးရတာတွေကနေ ကူးစက်တာဖြစ်တယ်။

• ကျန်တဲ့ စာထဲထည့်မရေးတာတွေကိုတော့ ကူးနိုင်မကူးနိုင် စဉ်းစားကြံဆရပါမယ်။ ဥပမာ ကွန်ဒွမ် ကနေ အကုန်ကာကွယ်မယ်ဆိုတာမှာ ကျွတ်သွားရင်၊ ပေါက်ပြဲသွားရင်၊ အရည်အသွေးမမှန်ရင်၊ အသုံးပြုနည်းမမှန်ရင်၊ ပြန်ချွတ်တဲ့အခါ အရည်တွေက အနာအဆာရှိတဲ့နေရာနဲ့ ထိမိတာကနေ ကူးစက်နိုင်ပါမယ်။ သွေးဆိုတာမှာလဲ ရာသီသွေးလဲပါတယ်။ အာသာဖြေလို့ မကူးလို့ဆိုပေမဲ့ ပိုးပါအရည်ထွက်လာလို့ တဖက်သားမှာ အနာအဆာ ရှိနေရင် ကူးနိုင်တယ်။ ထိမိတိုင်းကူမယ်လို့လဲ မထင်သင့်ပါ။

• HIV ပိုးဟာ လူ့ကိုကနေအပြင်ရောက်ရင် ကြာကြာမရှိပါ။ မိနစ်တွေနဲ့ နာရီတွေအထိသာ ရှင်နိုင်တယ်။ မိနစ် အနည်းငယ်လို့ ပြောရင် မလွဲပါ။ ရက်အထိမရှင်ပါ။ သူတု့ရဲ့ ရောဂါရနိုင်စွမ်းကလဲ ကိုယ်ထဲထွာက်နေရတာ ကြာလေလေ နည်းလာလေလေဖြစ်တယ်။ ကိုယ်ပုချိန် ၉၈့၆ ကိုသာနှစ်သက်လို့ ဒိထက်အေးရာမှာ ကြာကြာ မရှင်တာဖြစ်တယ်။
• သန့်ရှင်းရေးမှာ ရေနဲ့ ဆပ်ပြာသုံးတာကောင်းပါတယ်။ Chlorie tablet ရေသန့်ဆေးလဲခေါ်တဲ့ Bleaching powder ချွတ်ဆေးကိုလဲ သုံးနိုင်ပါတယ်။ Hydrgen peroxide ကိုလဲသုံးနိုင်တယ်။
• နောက်ဆုံး သံသယရှိနေရင် သံသယအပြုအမူဖြစ်ပြီးနောက် ၃ လနေရင် ဆေးစစ်ပါ။

ဒေါက်တာတင့်ဆွေ
Health Guide
https://www.facebook.com/mmhealthguide

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ