Hair Care During Pregnancy ဆံပင်နှင့် ကိုယ်ဝန်


ဆရာ သမီးက ကိုယ်ဝန် ၁၅ ပတ်ပါ။ ဆံပင်ဖြောင့်တာ လုပ်လို့ရလား။

ခဏခဏ မေးကြတယ်။ ဓါတုဆေးသုံးရင် ကိုယ်ဝန် ရှိရှိ မရှိရှိ သတိထားသင့်။

ဆံပင်ဆိုတာ အဆင့်သုံးဆင့်နဲ့ပေါက်ပါတယ်။ ပေါက်ရာကနေ ကြီးထွားမယ်။ နားနေမယ်။ ကျွတ်မယ်။ လူတွေ တနေ့မှာ ပျမ်းမျှ ဆံပင် ၁ဝဝ ကျွတ်နေတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းအပိုတွေထွက်လာတယ်။ ဆံပင်ကိုလည်း သက်ရောက်တယ်။ တချို့သုတေသနအရ ဆံပင်ပိုထူလာတယ်လို့သိရတယ်။ အရေအတွက်များလာတာတော့မဟုတ်ပါ။ ပိုတုတ်လာတာ။ တချို့ ဆံပင်ပိုကောက်တယ်။

Chemicals ဓါတုဆေးမှန်သမျှ သတိထားရပါမယ်။ ဆံပင်ဆိုးဆေး၊ ဆံပင်ဟိုင်းလိုက်လုပ်တဲ့ဆေး၊ ဆံပင်ပျော့ဆေး။ ကိုယ်ဝန်မှာ လုပ်ဖူးတာဆက်လုပ်ပါလို့ တချို့ဆရာဝန်တွေကပြောတယ်။ တချို့သုတေသနတွေကတော့ သတိပေးပါတယ်။ အထူးသဖြင့် ပဌမသုံးလ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ