ရင်သားကင်ဆာ စမ်းသပ်စစ်ဆေးခြင်း


 ဘယ်အသက်အရွယ် အပိုင်းအခြားရောက်လျှင် ရပ်သင့်သည်ဟူသော သက်သေအထာက်အထား လုံလောက်မှုမရှိ ရင်သားကင်ဆာ စမ်းသပ်စစ်ဆေးခြင်းနှင့်ပက်သက်ပြီး ဘယ် အသက်အရွယ် အပိုင်းအခြားရောက်လျှင် ရပ်သင့်သည်ဆိုသည့် အချက်ကို ထောက်ခံသော အထောက်အထားမှာ လုံလောက်စွာ မရှိဟု ကောက်ချက်ချမှုတစ်ရပ်ကို သုတေသန သုံးသပ်ချက်တစ်ခုမှ ဆိုလိုက်ပါသည်။ ယင်းသုတေသန သည် အမေရိကန်ပြည်ထောင်စုတွင် လက်ရှိ အချိန်အထိ ရင်သားဓာတ်မှန် ရိုက်ခြင်းရလဒ်များအား လေ့လာမှု ပြုလုပ်ခဲ့သမျှထဲတွင် အကြီးဆုံးလေ့ လာမှုတစ်ခု၏ ကောက်ချက်ချမှုဖြစ် ပါသည်။

University of California- San Francisco မှ လက်ထောက်ပါမောက္ခ ဒေါက်တာ စင်ဒီနှင့် အဖွဲ့သည် ၎င်းင်းတို့၏တွေ့ရှိ ချက်ကို ချီကာဂိုတွင် ကျင်းပခဲ့သော Radiological Society of North America (RSNA) annual meeting နှစ်စဉ်အစည်းအဝေးတွင် တင်ဆက်ခဲ့ကြခြင်းဖြစ်သည်။ ရင်သားကင်ဆာသည် အရေ ပြားကင်ဆာပြီးလျှင် အမေရိကန် အမျိုးသမီးများတွင် အဖြစ်အများဆုံး သော ကင်ဆာတစ်မျိုးဖြစ်သည်။ ၂၀၀၉ ခုနစ်တွင် ထုတ်ပြန်ခဲ့သော U.S. Preventive Services Task Force (USPSTF)အဖွဲ့၏ အကြုံပြု ချက်များတွင် အသက် ၄၀ မှ ၄၉ နှစ်အရွယ်အတွင်းရှိ ရင်သားကင်ဆာ ဖြစ်နိုင်သည့် အန္တရာယ် အသင့် အတင် ရှိသည့် မည်သူမဆို ရင်သားဓာတ်မှန် ရိုက်ခြင်းအား ပြုလုပ်မည့်ဆုံးဖြတ်ချက်ကို ကိုယ်တိုင် ချသင့်ပြီး အသက် ၅၀ မှအသက် ၇၄ နှစ်အတွင်း ရှိ အမျိုးသမီးများအားလုံးမှာမူ ၂ နှစ် တစ်ကြိမ် ရင်သား ဓာတ်မှန်ရိုက်ခြင်းကို ပြုလုပ်သင့်သည်ဟု ပြောထား သည်။ သို့သော် American Cancer Society အဖွဲ့ကြီးကမူ အသက် ၅၅ နှင့် အထက် မည်သူမဆို ၂ နှစ်တစ် ကြိမ် ရင်သားဓာတ်မှန်ရိုက်ခြင်းကို လုပ်ဆောင်သင့်ကြောင်း အကြံပြု ထားပြီး အသက်ရှင်သန်သမျှကာလ ပတ်လုံး ထို အတိုင်းပြုလုပ်သင့်ကြောင်း ပြောထားပါသည်။

Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ