Nucoxia and Nervolin အနာအကိုက်သက်သာဆေးများ
မင်္ဂလာပါဆရာရှင့်။ ကျမအသက်က ၃၇ ပါ။ ကျမအဖျားဝင်ပြီးတိုင်း ကျောပြင်ကကြွက်သားတွေ အရမ်းနာပါတယ်။ ခြေသလုံးမှာ ကြွက်တက်သလိုမျိုး ကျောပြင်မှာဖြစ်တာပါ။ ဟိုဖက် သည်ဖက်လှည့်လို့မရအောင်နာပါတယ်ရှင့်။ ဖြစ်နေတာ ၄-၅ နှစ်လောက်ရှိပါပြီ။ ဆေးတွေကတော့ NERVOLIN & NUCOXIA 60 ပေးထားတာတွေသောက်နေပါတယ်။ နာတဲ့အချိန်သောက်တာပါရှင့်။
၁။ Nucoxia ဆေးထဲမှာ Etoricoxib ပါတယ်။ ဆေးအမျိုးအစား Cox-2 inhibitor ဖြစ်တယ်။ COX-2 inhibitors ကထူးခြားတယ်။ ရောင်တာကိုဖြစ်စေတဲ့ (အင်ဇိုင်းမ်) ကိုသာ ပြစ်မှတ်ထားလို့ အစာအိမ်နံရံကို မထိခိုက်စေဘူး။ ဒါပေမဲ့ နှလုံးရောဂါအတွက် မသုံးနိုင်ဘူး။ အဆီနဲ့တွဲမစားသင့်ဘူး။ Antacids လေဆေးနဲ့ တွဲမပေးသင့်ဘူး။ ဈေးနဲနဲပိုကြီးတယ်။ ဆေးကို ရက်ကြာကြာပေးလို့ ရတယ်။ Rheumatoid arthritis လေးဖက်နာ၊ Psoriatic arthritis အဆစ်တာတမျိုး၊ Osteoarthritis အရိုး-အဆစ်နာ၊ Ankylosing spondylitis အဆစ်ခိုင်နာ၊ Chronic low back pain နာတာရှည်ခါးနာ၊ Acute pain ရက်တိုနာခြင်း၊ Gout ဂေါက်ရောဂါတွေအတွက်ပေးတယ်။ ဘေးထွက်သက်ရောက်မှုများ = အနီဖုများထွက်ခြင်း၊ မျက်စိနာရောင်ခြင်း။
၂။ Nervolin ဆေးထဲမှာ Pregabalin 75mg နဲ့ Methylcobalamin (ဗီတာမင် ဘီ-၁၂) 750mcg ပါတယ်။ Neuropathic pains ခေါ်အာရုံကြောကြောင့်နာတာအတွက်ပေးတယ်။ Peripheral neuropathies အဖျားပိုင်းအာရုံကြောရောင်ခြင်း၊ Diabetic neuropathies ဆီးချိုကြောင့်အာရုံကြောရောင်ခြင်း၊ Intercostals neuralgia နံရိုးကြားနာခြင်း၊ Entrapment neuropathy အာရုံကြောညပ်လို့နာခြင်းတွေအတွက်ပေးတယ်။ လူကြီး တခါသောက် ၁ တောင့်၊ တနေ့ ၃ ကြိမ်။ ဘေးထွက်သက်ရောက်မှုများ = အားယုတ်၊ ခေါင်းမူး၊ ကိုယ်အလေးချိန်တက်၊ ကိုယ်ရောင်။
ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin