Knee joint pain ဒူးနာ


၁။ မင်္ဂလာပါဆရာ။ ကျွန်မအသက် ၂၆ ပါ။ အိမ်ထောင်မရှိ အပျိုပါ။ ဒူးဆစ်နေရာက ကွေးပြီး ဆန့်ရင်အခန့်မသင့်ရင် အရမ်းနာပြီးဆန့်မရပါဘူး။ ဆေးခန်းပြရင် ဒူးထဲဆေးထိုးမှာကြောက်လို့ ဆေးသောက်လို့ပျောက်နိုင်ပါလား သိချင်လို့ပါ။ အမှားပါရင် ခွင့်လွတ်ပါဆရာ

၂။ မင်္ဂလာပါဆရာ။ ကျမ အမေရဲ့ ကျန်းမာရေးပြဿနာလေး မေးချင်လို့ပါ။ အမေ့ အသက်က ၅၀၊ အရပ်က ၅ ပေ ၂၊ ကိုယ်အလေးချိန်က ၁၆၂ ပေါင်ပါ။ အမေက ဒူးနာနေတာ ၁ နှစ်လောက်ရှိပါပြီ။ အခုနောက်ပိုင်း ပိုပိုဆိုးလာတယ်ဆရာ။ ဒူးကဆန့်ပြီးရင် ကွေးရခက်၊ ကွေးပြီးရင် ဆန့်ရခက်ပါတယ်တဲ့။ ထိုင်ရ၊ ထရတာလဲ အရမ်းခက်တယ်ဆရာ။ အထိုင်အထ မှာလဲ တယောက်ယောက်က ထူရင်ထူ (သို့) ဘေးနားမှာ အမှီရှိမှ ထိုင်၊ ထလို့ရတယ်ဆရာ။ တခါတလေဆို လမ်းလျှောက်ရင်းနဲ့ ဒူးဂေါင်းကနေ ဂလုတ်ဂလုတ်မြည်သံ သူကြားရတယ်တဲ့။ ဒီနောက်ပိုင်း လမ်းလျှောက်ရင်လဲ ခြေထောက်နှစ်ဖက်စလုံးက မြေကြီးနဲ့ကပ်ပြီး ဆွဲနေပါတယ်။ ဒူးအောက်ပိုင်း ခြေသလုံးတွေကအစ နာတယ်လို့ ပြောပါတယ်။ ကျမသိချင်တာက အမေ့ရဲ့ body weight ကြောင့် ဒူးနာတာလား၊ ဒူးဆစ်ရိုးမှာ ပြဿနာရှိလို့ပဲ နာတာလား။ အမေ့ရောဂါနဲ့ ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်နှင့် ဆေးနည်းတွေ သိချင်လို့ပါ။ ပြီးတော့ဆရာ အမေ့ရဲ့ ရွယ်တူ တချို့ သူငယ်ချင်းတွေထဲမှာလဲ လူကပိန်ပါးပေမဲ့ ဒူးနာနေကြတာပဲဆရာ။

၃။ ဆရာခင်များ ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဒူးနာဝေဒနာရှင်တွေ ပေါများနေတဲ့အတွက် အကြံကောင်းပြုပေးပါရန် တောင်းခံအပ်ပါသည်။

ဘဦးရေကူးနေသည်။ ငါ၏ဒူးနာ၏လို့ သူငယ်တန်းမှာသင်ရတယ်။ ဒူးနာတာအရင်ကတည်းက မြန်မာပြည်မှာများတယ်လို့ ပြောချင်တာပါ။ ဒူးနာတာ အသက်အရွယ်မရွေး ဖြစ်နိုင်တယ်။ ထိခိုက်ဒဏ်ရာကနေ အရွတ် သို့ အရိုးနုစုတ်ပြဲတာကနေ ဖြစ်နိုင်တယ်။ အဆစ်နာရောဂါတွေလည်းရှိတယ်။ ဂေါက်ရောဂါ၊ ပိုးဝင်တာလည်းရှိတယ်။ တချို့မှာ ကိုယ်တိုင် စောင့်ရှောက်တာနဲ့ သက်သာမယ်။ တချို့ ဖီဇစ်ကယ်သာရာပီလိုမယ်။ တချို့ ခွဲစိတ်ရတယ်။ ဆောရီး။

ခံစားရတာ အမျိုးမျိုးရှိတယ်။ ဒူးဆစ်မှာ နာနေ၊ ရောင်နေ၊ တင်းနေမယ်။ နီနေမယ်။ ပူနေမယ်။ မလှုပ်နိုင်ဖြစ်မယ်။ လှုပ်ရင်အသံမည်မယ်။ ဆန့်မရ ကွေးမရဖြစ်မယ်။ ဒဏ်ရာကနေ အရွတ်၊ တင်ဒန် ခေါ် အရွတ်ချောင်း၊ အရိုးနုနဲ့ အရည်အိတ်တွေကိုပျက်စီးစေနိုင်တယ်။ တချို့ အဆစ်သာမက အရိုးမှာထိခိုက်တယ်။

၁။ ACL injury ဆိုတာ anterior cruciate ligament (ACL) ရှေ့အရွတ် (ခြေသလုံးနဲ့ ပေါင်ကိုဆက်ထားပေးတဲ့ အရွတ်လေးခုထဲကတခု) စုပ်ပြဲတာ။ ဘတ်စက်ဘော၊ ဘောလုံးကစားရာမှာ အနေအထား ရုတ်တရက်ပြောင်းရင် ဖြစ်နိုင်တယ်။

၂။ Fractures ဒူးနေရာအရိုးကျိုးခြင်းမှာ ဂုံညင်းရိုးလည်းပါတယ်။ ယာဉ်မတော်တဆ၊ လိမ့်ကျရာကနေ တိုက်ရိုက် ထိခိုက်မိရင်ဖြစ်တယ်။ Osteoporosis ခေါ် အရိုးအားနည်းနေသူမှာ တော်တော်တန်တန် ခြေလှမ်းမှားတာနဲ့ဖြစ်တယ်။

၃။ Torn meniscus ခြေလုံးနဲ့ ပေါင်ကြားမှာ ကူရှင်လိုခံပေးနေတဲ့ အရိုးနုထိခိုက်တာဖြစ်တတ်တယ်။ အလေးအပင်မထားတုန်း လိမ်သလိုလုပ်ရာကနေဖြစ်တယ်။

၎။ Knee bursitis ဘာဆာခေါ် အရည်အိတ်ရောင်ခြင်းဆိုတာ ဒူးအပြင်မှာ ကူရှင်လိုလုပ်ပေးထားတဲ့နေရာ ရောင်တာ။

၅။ Patellar tendinitis ဂုံညင်းအရွတ်ချောင်းရောင်ခြင်းကို အပြေးသမားတွေ၊ စက်ဘီးစီးသူတွေမှာ ခုတ်ရတာကနေဖြစ်တယ်။

၆။ Loose body အရိုး-အရိုးနုတခုခုကို ထိခိုက်မိလို့ဖြစ်ဖြစ် အသက်အရအိုမင်းလို့ဖြစ်ဖြစ် အစအနလေးထွက်ရင် အဲတာက အဆစ်နေရာထဲပေါလောနေမယ်။ သည်အတိုင်တော့ ဘာမှမဖြစ်သေး။ အဆစ်လှုပ်ရှားမှုကို အဟန်အတားဖြစ်ရင် နာမယ်။

၇။ Iliotibial band syndrome ဆိုတာလည်းရှိတယ်။ တင်ပါးဘေးကနေ ဒူးဆီကိုတန်နေတဲ့ ထူတဲ့အရွတ်ပြားကြီး တင်းနေရင် ပေါင်ရိုးအပြင်နေရာကို ပွတ်တိုက်မိမယ်။ တာဝေးအပြေးသမားတွေမှာ အဲတာနာမယ်။

၈။ Dislocated kneecap ဒူးအဖုံးလွဲတာလည်းရှိတယ်။ ဂုံညင်းရိုးလွဲတာဖြစ်တယ်။

၉။ Hip or foot pain ဆိုတာ တင်ပါးဖြစ်ဖြစ် ခြေထောက်ဖြစ်ဖြစ်နာတဲ့အခါ လမ်းလျှောက်ပုံပြောင်းတယ်။ အဲလိုကနေ ဒူးဆစ်ကိုဖိအားဖြစ်လာစေတယ်။

၁ဝ။ Arthritis အဆစ်နာအမျိုးပေါင်း တရာကျော်ရှိတယ်။
က။ Osteoarthritis ဆိုတာ အသက်ရလာသူတွေမှာဖြစ်တယ်။ အသုံးချခဲ့ရတာများလို့။
ခ။ Rheumatoid arthritis ကို လေးဖက်နာလို့ခေါ်တယ်။ အတော်ဆိုးတယ်။ ခုခံအားကမောက်ကမဖြစ်လို့။ နာတာရှည် ပေါ်လိုက် ပျောက်လိုက်နေတယ်။
ဂ။ Gout ဂေါက်ရောဂါ အဖြစ်မနည်းလှပါ။ သွေးထဲမှာ ယူရစ်အက်စစ်ဓါတ်များနေတယ်။
ဃ။ Pseudogout ဂေါရောဂါအတုလည်းရှိသေးတယ်။ ကယ်လ်စီယမ်ဓါတ်ပါတဲ့ ခရစ်စတယ်လ်ခေါ် အမှုံလေးတွေက အဆစ်ရည်ထဲပါနေတယ်။
င။ Septic arthritis အဆစ်ပိုးဝင်တာ။ ထိခိုက်မိရာကနေ ဆက်ဖြစ်တယ်။ ဖျားနိုင်တယ်။
စ။ Patellofemoral pain syndrome ဂုံညင်းရိုးနာ ဆင်ဒရုမ်းဆိုတာလည်းရှိတယ်။ အားကစားသမားတွေမှာဖြစ်တယ်။

ဘယ်လိုလူမျိုးတွေမှာ ဒူးနာဖြစ်ရသလဲ
ကိုယ်အလေးချိန်များခြင်း။ ကြွက်သားအားနည်းခြင်း။ အားကစားနည်းတချို့။ ထိခိုက်ဒဏ်ရာဟောင်းရှိထားသူ။

ဒူးနာကို ကုသရာမှာ ဖြစ်စေတာကိုကြည့်ရမယ်။ သာမန်အားဖြင့် အနာပျောက်ဆေး အမျိုးမျိုးကိုသုံးရမယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ