Isoflavones ပဲပုပ်ဆေး


Isoflavone ဆေးအကြောင်းလေးသိချင်ပါတယ်ဆရာ။ သူငယ်ချင်းက သူ့အမေအတွက် သိချင်တယ်ဆိုလို့ပါ။ အမေ အသက်က ၆၆ နှစ်ပါ။ သွေးဆုံးပြီးသူများအတွက် အားဆေးဆိုလို့ပါ။ ဟုတ်ပါသလား။ ဟုတ်ရင် ဘယ်လောက်ကြာကြာ သောက်သင့်ပါသလဲ သိချင်လို့ပါ။ ဆိုးကျိုးကောင်ကျိုးများလည်း ပြောပြပေးပါဆရာ။

Soy products ပဲပုပ်နဲ့လုပ်တဲ့ အစာတွေ ဆေးတွေက ကျန်းမာရေး အကျိုးကျေးဇူးတွေ ရစေတယ်။
• Ease menopause symptoms သွေးဆုံးခါနီးနဲ့ သွေးဆုံးပြီး ခံစားရတာတွေကို သက်သာစေတယ်။
• Osteoporosis အရိုးရောဂါတွေအတွက်ပါ ကောင်းစေလဲပါတယ်။
• Improve bone health အရိုးအားကောင်းစေတယ်။
• Reduce heart disease risk နှလုံးရောဂါ ဖြစ်လာမှာကို ကာကွယ်တယ်။
• Protect against prostate problems ယောက်ျား-ဆီးကျိတ်ရောဂါကို ကာကွယ်တယ်။
• Reduce cancer risk ကင်ဆာဖြစ်မှာကို နည်းစေတယ်။
• Breast cancer ရင်သား-ကင်ဆာကိုပါ ကာကွယ်တယ်လို့ ဆိုပါတယ်။

ပဲပုပ်ထဲက Isoflavones ရဲ့ ဓါတုတည်ဆောက်ပုံဟာ Estrogen အီစထိုဂျင်ဟော်မုန်းနဲ့ ဆင်တယ်။ ဒါကြောင့် ကိုယ်ခန္ဓာကနေ ထုတ်နေတဲ့ အီစထိုဂျင်ကို ဟန့်တားရာ ရောက်နိုင်တယ်။ ကောင်းစေတာရော ဆိုးစေတာပါ ဖြစ်နိုင်တယ်။ Natural antioxidants သဘာဝကနေရတဲ့ အင်တီအောက်စီဒင့်ဖြစ်တယ်။ ကင်ဆာကိုကာကွယ်ရာမှာ အသုံးကျတယ်။
ဝေဖန်သူတွေက ဒီဓါတ်ကြောင့် Epithelial hyperplasia အပေါ်ဖုံးအလွှာ လိုတာထက်ပိုပေါက်ပွါးနိုင်တယ်လို့ ပြောတာပါ။ ဖြစ်မှာကို အခွင့်အလမ်းများစေမယ်။ လည်ပင်းကြီးနဲ့ လည်ပင်းကြီးဟော်မုန်းများတာလဲ ဖြစ်စေနိုင်တယ်လို့ ထောက်ပြထားတယ်။ လေ့လာမှုတွေ အများကြီးထဲက အကျိုးရစေတာကို ပြောတာက ပိုများတယ်။

Soy Isoflavones ဆေးကို ကလေးရချင်တဲ့အမျိုးသမီးတွေ မျိုးဥထွက်စေဘို့လဲ ပေးတတ်တယ်။ Clomid ဆေးသဘော ပေးကြည့်တာဖြစ်တယ်။ ဆေးပေးနည်းကလဲ အတူတူဘဲ၊ ရာသီဆင်းပြီးပြီးချင်း ပဌမဆုံး ၅ ရက်မှာ ဆေးပေးရတယ်။ Isoflavones 150-200 mg နေ့စဉ်ပေးတယ်။ ကလေးမရသေးသူများ ပဲပုပ်စားပါ။

၃၁-၁၂-၂ဝဝ၄ လေ့လာမှုတခုက Isoflavones (ISO) ကနေ Dual energy X-ray absorptiometry (DEXA) သုံးပြီး Bone mineral density (BMD) အရိုး သိပ်သည်းဆ အပေါ်သက်ရောက်မှုကို လေ့လာခဲ့တယ်။ သွေးဆုံးကာနီးနဲ့ ဆုံးကာစ ဂျပန်အမျိုးသမီး ၈၁ ယောက်ကို လေ့လာတာဖြစ်တယ်။ ISO (100 mg) ပေးတဲ့ အုပ်စုနဲ့ မပေးတဲ့အုပ်စု ၂ ခု ခွဲလေ့လာတယ်။ ၂၄ ပါတ်ကြာဆေးပေးတယ်။ လူ ၇ဝ က လေ့လာမှု အဆုံးထိ ပါတယ်။ ကောက်ချက်ကတော့ ISO 100 mg/day ရေရှည်ပေးရင် Menopausal bone resorption ကို ကာကွယ်ရုံသာမကဘဲ BMD များစေတယ်၊ အဆီနည်းစေတယ်၊ BMI ကျစေတယ်။ ပိန်မယ်။ ဒါပေမဲ့ Isoflavone ဆေးကနေ အရိုးပျက်စီးတာကိုမကာကွယ်နိုင်ဘူးလို့ ၉-၈-၂ဝ၁၁ နေ့ကလာတဲ့ ANI သတင်းမှာ ပါတယ်။ ဘေးထွက်-ဆိုးကျိုးတွေ = ဝမ်းချုပ်၊ လေပွ၊ ဝမ်းပျော့၊ ပျို့၊ အစာအိမ်အနေရခက်။

အချုပ်ပြောရရင် ပဲပုပ်ကနေထုတ်တဲ့ဆေးဖြစ်လို့ ပဲပုပ်အစစ်ထက်တော့ မကောင်းနိုင်ပါ။ ဟော်မုန်းအစားထိုးအစွမ်းက တကယ့်ဟော်မုန်းဆေးကို မမီပါ။ တခြား အစားအသောက်အမည်နဲ့ ထုတ်တာမှန်သမျှလည်း အကယ့် လတ်ဆတ် သန့်ရှင်းတဲ့ အစားအသောက်လောက် မကောင်းကြပါ။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ