Hemoptysis ချောင်းဆိုး သွေးပါ


ချောင်းဆိုးတဲ့အခါ သွေးပါတာ အဆုပ် ဒါမှမဟုတ် လေပြွန်ကြီးတွေကနေလာတယ်။ အဲတာကိုသာ ချောင်းဆိုးသွေးပါလို့ သတ်မှတ်တယ်။ ချောင်းဆိုးရာကနေ အစက်ရှူလမ်းအပေါ်ပိုင်းက သွေးကြောလေးတွေပေါက်ရာက ပါတဲ့သွေးကို မခေါ်ပါ။ ကလေးတွေမှာ ပြင်ပပစ္စည်းတခုခုဝင်တာနဲ့ တခြားအသက်ရှူလမ်းပိုးဝင်လို့လည်း သွေးပါတတ်တယ်။ အစာလမ်းကလာတာနဲ့ ခွဲခြားရမယ်။

ပိုးဝင်ရာကဖြစ်တာက အများဆုံး။ ၆ဝ-၇ဝ% ရှိတယ်။ အဆုပ်မှာစဖြစ်တဲ့ကင်ဆာ ၂၃% ရှိတယ်။ ကလေးတွေမှာ ပိုးဝင်ရာကသာဖြစ်တာများတယ်။

1. Acute and chronic bronchitis ရက်တိုနဲ့ တာရှည် လေပြွန်ရောင်ခြင်း၊
2. Pneumonia နူမိုးနီးယား၊
3. Tuberculosis တီဘီနဲ့
4. Lung cancer အဆုပ်ကင်ဆာတွေကနေဖြစ်စေတယ်။
5. Bronchiectasis အဆုပ်ရောဂါတမျိုး၊
6. Lung abscess အဆုပ်ပြည်တည်ခြင်း၊
7. Pulmonary embolism အဆုပ်သွေးကြောပိတ်ခြင်း၊

ရင်ပတ်ဓါတ်မှန်ရိုက်ရမယ်။ ကရိယာထည့်စစ်တာ လိုတာရှိတတ်တယ်။ ၃၄% မှာ ဘာကြောင့် သွေးပါသလဲ ရှာမရပါ။ အကြောင်းရင်းကို ကုသရမယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ