ဆေးလိပ်မဖြတ်နိုင်သူတွေ ဒီ အချက် (၄) ချက်ကို မဖြစ်မနေ သိထားသင့်


ဆေးလိပ်သောက်ခြင်းက ကျန်းမာရေး အန္တရာယ်တစ်ခုဆိုတာ ကျွန်ုပ်တို့တစ်ယောက်ချင်းစီ သိထားကြပြီဖြစ်ပါတယ်။ ဒါပေမယ့် အစားအသောက်အများစုဟာ ဆေးလိပ်မှာတွေ့တဲ့ အန္တရာယ်ဖြစ်စေတဲ့အရာတွေကို အဆုတ် သန့်ရှင်းခြင်းနဲ့ ပတ်သက်လာရင် ထိရောက်စွာ စွမ်းဆောင်နိုင်ကြောင်း သိပ္ပံပညာရှင်များမှ မကြာသေးမီက လေ့လာတွေ့ရှိခဲ့ပါတယ်။

အဆုတ်သန့်ရှင်းစေနိုင်တဲ့ အရာတွေထဲမှာ ဒီ (၄) ချက်လည်း ပါဝင်ပါတယ်။

၁။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူက အဆုတ်ကျန်းမာခြင်းအတွက် အရေးပါပြီး အာဟာရဖြစ်တဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။ အဆုတ်စစ်ထုတ်နိုင်စွမ်းရှိပြီး အဆုတ်ကို လုံးဝသန့်ရှင်းစေနိုင်ပါတယ်။

၂။ ဂျင်း

ဂျင်းက အသက်ရှူမှုပိုင်းဆိုင်ရာ ကူညီပေးပြီး အညစ်အကြေးတွေ ဖယ်ရှားပေးပါတယ်။ ပြီးတော့ ဂျင်းမှာ ပိုးသတ်ဆေးနဲ့ ဘက်တီးရီးယား ခုခံကာကွယ်ပေးတဲ့ အစွမ်းသတ္တိတွေ ရှိပါတယ်။

၃။ Selenium

Selenium ဆိုတာ အစားအသောက်တွေမှာတွေ့ရတဲ့ သတ္တုဓာတ် တစ်မျိုးဖြစ်ပါတယ်။ နေ့စဉ်ပုံမှန် မှီဝဲစားသုံးတဲ့ အစားအစာတွေမှာ တွေ့နိုင်ပါတယ်။ ဗီတာမင်-ဒီမှ ထုတ်လုပ်တဲ့ အင်ဇိုင်းက အဆုတ်အမြှေးပါးကို လန်းဆန်း တက်ကြွစေပြီး ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။

၎။ ရှောက်ခါးသီးကြီး

ရှောက်ခါးသီးကြီးမှာ အင်တီအောက်စီဒင်းများစွာ ပါဝင်ပြီး ကင်ဆာရောဂါခုခံတိုက်ဖျက်ရာမှာ ထိရောက်တဲ့အရာတစ်ခုအဖြစ် လူသိများပါတယ်။ ဒီအချက်တွေ မျှဝေခြင်းဖြင့် သူငယ်ချင်းဆေးလိပ်သောက်သူများကို များစွာ အထောက်အကူဖြစ်စေပါလိမ့်မယ်။ သို့သော် ဆေးလိပ်ဖြတ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။

Myawady Health
https://www.facebook.com/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ