ဘီယာက သင့်နှလုံးခုန်သံစည်းချက်တွေကို နှောက်ယှက်နိုင်ပါတယ်


အရက်သေစာသောက်စားမှုကိုတိုင်းတာသည့် ကိရိယာလေးများနှင့်အတူ ECG ရဲ့ အကူအညီကိုပါရယူပြီး ဂျာမန်သုတေသီတွေက မြူးနစ်မြို့မှာ ကျင်းပတဲ့ ဘီယာပွဲတော်မှာ ထောင်ပေါင်းများစွာသော အမျိုးသား အမျိုးသမီးတို့ကို alcohol ရဲ့ လွှမ်းမိုးမှုအခြေအနေကို လေ့လာခဲ့ကြပါတယ်။ ထို့နောက်မှာတော့ ပညာရှင်တွေက အသက်အရွယ်၊ ကျား မ၊ ဆေးလိပ်သောက်ခြင်းနှင့် နှလုံးရောဂါကြောင့်အပြင် အတန်အသင့်ဘီယာသောက်ခြင်းကလည်း နှလုံးခုန်သံပုံမမှန်ဖြစ်စေကြောင်း Europe Health Journal မှာထည့်သွင်းတင်ပြခဲ့ကြပါတယ်။ လေ့လာမှုမှာအများစုက သိသာထင်ရှားမှုမရှိဟု ထင်မှတ်ရသော်လည်း လေ့လာခဲ့သော လူဦးရေ ၃၀၂၈ ယောက်အနက်မှ လေးယောက်တွင် တစ်ယောက်နှုန်းဖြင့် နှလုံးခုန်သံပုံမမှန်ခြင်း မြန်ခြင်းကို တွေ့ရှိရတာပဲ ဖြစ်ပါတယ်။
အယောက် ၂၀မှာ တစ်ယောက်နှုန်းကလည်း ပိုမိုဆိုးရွားသော နှလုံးခုန်မြန်ခြင်းများ ၊ လေဖြတ်ခြင်းနဲ့ နှလုံးလုပ်ငန်းဆောင်တာများမလုပ်နိုင်ခြင်း (Heart failure)တို့ဖြစ်စေတဲ့ နှလုံးသွေးဝင်ခန်းပုံမမှန်တုန်ခါခြင်း (Atrial fibrillation) တို့ကိုတွေ့ရကြောင်းတင်ပြခဲ့ကြပါတယ်။

Alcohol က နှလုံးစည်းချက်ကို တကယ်ပဲနှောက်ယှက်ပါတယ်။ အရင်က ဒီလိုသက်သေမပြခဲ့ပါဘူး။ ပြီးတော့ အရက်သောက်တာကို ရပ်လိုက်ရင် ဒါမှမဟုတ် ဆက်သောက်ရင် ဖြစ်လာမယ့် နှလုံးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို လေ့လာရဦးမယ်လို့ ပညာရှင်တစ်ဦးက ပြောပါတယ်။ လောလောဆယ်မှာတော့ အနည်းငယ်သောက်သုံးခြင်းကအဆင်ပြေတယ်လို့ ပြောပါတယ်။ ဘီယာက အသည်းကိုပျက်စီးစေရုံသာမကပါဘူး ။ နှလုံးအတွက်လည်း မကောင်းမွန်ပါဘူး။

ညီ (ဆေး-၂)
Health Guide
https://www.facebook.com/mmhealthguide/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ